ဆော့ကစားရင်းမိခင်၏နဖူးကိုခိုင်းမိသွားသောအခါ လက်အုပ်လေးချီပြီးပြန်တောင်းပန်ကာ အနမ်းလေးပေးပြီးမေမေစိတ်မဆိုးအောင်ချော့နေခဲ့သည့်၁၀လအရွယ်သမီးငယ်

သားသားမီးမီးတို့၏ လောကအကြောင်းကိုသိနားလည်ခြင်းမရှိသေးဘဲ လုပ်ချင်ရာလုပ်နေပုံတွေဟာလည်း အပြစ်ကင်းစင်ပြီးမြင်တွေ့သူကိုအချစ်ပိုစေခဲ့ရတာဖြစ်ပါတယ်။ယခုတွင်လည်း၁၀လအရွယ်သာရှိသေးသည့်သမီးငယ်လေး၏သိတတ်နားလည်မှုဟာ မြင်တွေ့သူများ၏နှလုံးသားကို အသည်းယားအချစ်ပိုစေခဲ့ရပါတယ်။

သမီးငယ်လေးဟာထိုင်းနိုင်ငံမှဖြစ်ပြီး မိခင်၏ဘေးတွင်ကြမ်းတိုက်သည့်တံမြက်စည်းဖြင့်ဆော့ကစားနေခဲ့တာဖြစ်ပါတယ်။ထိုအခါကလေး၏ဆော့ကစားမီုကြောင့်တံမြက်စည်းဖြင့်မိခင်၏နဖူးကိုခိုင်းမိသွားခဲ့ပါတယ်။

ကလေးငယ်ကသူ့ကြောင့်မိခင်ဖြစ်သူနာကျင်သွားရတာကိုသိလိုက်ရသောအခါ လက်အုပ်လေးချီတောင်းပန်ပြီး ခိုင်းမိသည့်နေရာလေးကိုအနမ်းပေးပြီးမိခင်ဖြစ်သူနာကျင်နေတာကိုသက်သာစေဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories