ငွေကိုရေလိုသုံးနိုင်အောင် ချမ်းသာကြွယ်ဝပြီး အလန်းစားဖက်ရှင်ဒီဇိုင်းတို့ဖြင့် လူငယ်တစ်ဦးလို ပျော်ပျော်နေတတ်သော်လည်း သူမကိုယူချင်သည့်ယောကျာ်းမရှိဖြစ်နေသည့် အသက်၅၀အရွယ် အမျိုးသမီး
ယခုဖော်ပြပေးထားတာကတော့ ငွေကိုရေလိုသုံးနိုင်အောင် ကြွယ်ဝချမ်းသာလှသော အသက်၅၀အရွယ် Phung Binhဆိုသည့် အမျိုးသမီးက ယောကျာ်းရှာပုံတော်ဖွင့်နေတဲ့အကြောင်းလေးဖြစ်ပါတယ်။
သူမဟာ တရုတ်နိုင်ငံ Zhejiangပြည်နယ်တွင်နေထိုင်သူဖြစ်ပြီး အသက်၄၀အရွယ်အထိကို ငွေတစ်ခုတည်းအတွက်သာ အာရုံစိုက်ကြိုးစားခဲ့တာဖြစ်ပါတယ်။ထို့ကြောင့်လည်း ငွေများစွာကို ကြွယ်ဝချမ်းသာလာပြီး Rolls Royce၊ Ferrari ၊ Lamborghiniစသော စျေးကြီးကားများစွာကိုလည်း ပိုင်ဆိုင်အောင်ချမ်းသားသူဖြစ်ပါတယ်။
ထို့အပြင် အရွယ်နှင့်မလိုက်အောင် လူငယ်တစ်ယောက်လို အလန်းစားဖက်ရှင်များကိုသာ ဝတ်ဆင်တတ်သူဖြစ်ပါတယ်။သို့သော်လည်း သူမကို လက်ထပ်ချင်သူမရှိဘဲ ချိန်းတွေ့ကြည့်သည့် ကောင်လေးတိုင်းက သဘောမကျဘဲဖြစ်နေသည်ဟု သိရပါတယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)
  • Leave a Comment
Categories