နေရာအိမ်ပင်မရှိတာကြောင့် တံတားအောက်မှာ အိပ်ခဲ့ရသောဘဝကနေ ကြိုးစားအားထုတ်မှုကြောင့် ပညာတတ်ဘွဲ့ရဖြစ်လာခဲ့သော ကောင်လေး

ဗီယက်နမ်နိုင်ငံမှ လူငယ်တစ်ဦးသည် ဆင်းရဲကနေ မွေးဖွားလာပြီး မောင်နှမ ၆ယောက်ရှိသည့်အနက် အငယ်ဆုံးသားဖြစ်ကာ ဖခင်ဖြစ်သူကို ၂နှစ်သားအရွယ်လောက်က ဆုံးရှုံးလိုက်ရပြီး အိုးမဲ့အိမ်မဲ့ဘဝကို ရောက်ရှိခဲ့ရသည်။

ကောင်လေးသည် နေစရာမရှိ စားစရာမရှိဘဝမှာ တံတားအောက်တွင် အိပ်စက်ခဲ့ရပြီး မိခင်ဖြစ်သူကလည်း တတ်နိုင်သလောက် အလုပ်လုပ်ပြီး ရှာကျွေးခဲ့ပေမယ့် အဆင်မပြေ၍ ကျောင်းလည်း ထွက်လိုက်တက်လိုက်ဖြစ်ခဲ့ရသည်။

သို့ပေမယ့် ကောင်လေးသည် ဆင်းရဲသောဘဝကို စိတ်နာကာ ရုန်းထွက်နိုင်ရန်အတွက် မိခင်ဆီကနေ အထောက်အပံ့ကို သိပ်မယူတေ့ပဲ ကိုယ်တိုင်နေ့စားလိုက်လုပ်ပြီးတော့ စာများကြိုးစားသင်ယူခဲ့ရာ ထူးချွန်မှုတို့ကြောင့် နိုင်ငံခြားပညာသင်ဆုကို ရရှိခဲ့သည်။

ကောင်လေးသည် ပညာသင်ဆုနှင့်အတူ ဟားဗတ်တက္ကသိုလ်ကနေ အဆင့်မြင့် ဘွဲ့ကိုရယူနိုင်ခဲ့ပြီး အလုပ်ကမ်းလှမ်းချက်များစွာကို လက်ခံရရှိထားနေပြီဖြစ်သည်။

video

Rain (For Ialinks)

Zawgyi

ေနရာအိမ္ပင္မရွိတာေၾကာင့္ တံတားေအာက္မွာ အိပ္ခဲ့ရေသာဘဝကေန ႀကိဳးစားအားထုတ္မႈေၾကာင့္ ပညာတတ္ဘြဲ႕ရျဖစ္လာခဲ့ေသာ ေကာင္ေလး

ဗီယက္နမ္ႏိုင္ငံမွ လူငယ္တစ္ဦးသည္ ဆင္းရဲကေန ေမြးဖြားလာၿပီး ေမာင္ႏွမ ၆ေယာက္ရွိသည့္အနက္ အငယ္ဆုံးသားျဖစ္ကာ ဖခင္ျဖစ္သူကို ၂ႏွစ္သားအ႐ြယ္ေလာက္က ဆုံးရႈံးလိုက္ရၿပီး အိုးမဲ့အိမ္မဲ့ဘဝကို ေရာက္ရွိခဲ့ရသည္။

ေကာင္ေလးသည္ ေနစရာမရွိ စားစရာမရွိဘဝမွာ တံတားေအာက္တြင္ အိပ္စက္ခဲ့ရၿပီး မိခင္ျဖစ္သူကလည္း တတ္ႏိုင္သေလာက္ အလုပ္လုပ္ၿပီး ရွာေကြၽးခဲ့ေပမယ့္ အဆင္မေျပ၍ ေက်ာင္းလည္း ထြက္လိုက္တက္လိုက္ျဖစ္ခဲ့ရသည္။

သို႔ေပမယ့္ ေကာင္ေလးသည္ ဆင္းရဲေသာဘဝကို စိတ္နာကာ ႐ုန္းထြက္ႏိုင္ရန္အတြက္ မိခင္ဆီကေန အေထာက္အပံ့ကို သိပ္မယူေတ့ပဲ ကိုယ္တိုင္ေန႔စားလိုက္လုပ္ၿပီးေတာ့ စာမ်ားႀကိဳးစားသင္ယူခဲ့ရာ ထူးခြၽန္မႈတို႔ေၾကာင့္ ႏိုင္ငံျခားပညာသင္ဆုကို ရရွိခဲ့သည္။

ေကာင္ေလးသည္ ပညာသင္ဆုႏွင့္အတူ ဟားဗတ္တကၠသိုလ္ကေန အဆင့္ျမင့္ ဘြဲ႕ကိုရယူႏိုင္ခဲ့ၿပီး အလုပ္ကမ္းလွမ္းခ်က္မ်ားစြာကို လက္ခံရရွိထားေနၿပီျဖစ္သည္။

Rain (For Ialinks)

  • Leave a Comment

Categories