မိခင်ဖြစ်သူရဲ့မွေးနေ့ကို Supriseလုပ်ပေးရန်အတွက် ကီလိုမီတာ ၅၀၀ကွာဝေးသော ခရီးကို စက်ဘီးစီးပြီး ထွက်ခဲ့သော ညီအစ်ကိုသုံးဦး

အင်ဒိုနီးရှားနိုင်ငံမှ အသက်၁၀နှစ်ကျော်အရွယ် ညီအစ်ကိုသုံးဦးသည် မိခင်ဖြစ်သူရဲ့ မွေးနေ့မရောက်မှီ ၃ရက်လောက်အလိုကို အိမ်ကနေ စက်ဘီးစီးထွက်ခဲ့ပြီး Supriseလုပ်ပေးရန် စိတ်အားထက်သန်နေကြသည်။

ညီအစ်ကိုသုံးယောက်ရဲ့ မိဘနှစ်ပါးမှာ ကွာရှင်းပြတ်စဲထားတာ တစ်နှစ်လောက်ရှိပြီး မိခင်ဖြစ်သူမှာ အခြားနယ်သို့ စားဝတ်နေရေးအတွက် အလုပ်သွားလုပ်ခဲ့ရာ ညီအစ်ကိုသုံးယောက်မှာ မိခင်ဖြစ်သူအား မတွေ့တာကြာ၍ သတိရလို့ဆိုပြီး စက်ဘီးစီးကာ သွားတွေ့ခဲ့ကြသည်။

ကောင်လေးတွေသည် ကားစီးပြီးသွားသည့်အခါ အမြန်ရောက်နိုင်သော်လည်း ငွေကြေးမတတ်နိုင်တာကြောင့် သူတို့ရဲ့ ကိုယ်ပိုင်စက်ဘီးစုတ်လေးကို စီးပြီးတော့ သွားခဲ့ကြသော အဖြစ်အပျက်လေးသည် လူအများရဲ့ရင်ထဲကို ထိမိစေခဲ့သည်။

Rain (For Ialinks)

Zawgyi





Rain (For Ialinks)

  • Leave a Comment

Categories