အရမ်းချောမောနေတာကြောင့် တာဝန်ကျသောဆေးရုံသို့ လူနာကောင်လေးတွေမှာ တကယ်ရောဂါလည်း မဖြစ်ပဲနဲ့ လာလာပြနေကြ၍ အလုပ်ပြုတ်သွားခဲ့သော သူနာပြုဆရာမလေး

ထိုင်းနိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် သူနာပြုသင်တန်းတက်ပြီးနောက် ဘွဲ့ရချိန်တွင် ဆေးရုံတစ်ခုမှာ တာဝန်ကျ အလုပ်ဆင်းခဲ့ရာ သူနာပြုဝတ်စုံလေးနဲ့ လိုက်ဖက်ပြီး နတ်သမီးလေးလို ဖြူဝင်းသော အသားအရည်လေးနှင့် ချစ်စရာအပြုံးလေးတို့ကြောင့် ရုတ်တရက် နာမည်ကြီးသွားခဲ့သည်။

သူနာပြုဆရာမလေးရဲ့ အလှတရားသည် မြင်တွေ့သူတိုင်း ငေးမောရကာ ကြည့်မဝဖြစ်သည့်အတွက် လူငယ်အများစုသည် ဆရာမလေးနဲ့ အနီးကပ်တွေ့ချင်ပြီး အကြောင်းပြချက် အမျိုးမျိုးတွေနဲ့ လူနာအဖြစ် ဟန်ဆောင်ကာ ဆရာမလေးကို လာကြည့်ခဲ့ကြသည်။

ထို့အပြင် လူငယ်များသည် ဆရာမလေးဆီကနေ လက်မှတ်အတင်းတောင်းယူကြ၍ ဆေးရုံတစ်ခုလုံးလည်း ဆူညံပွက်ကလောရိုက်ကာ တကယ့်လူနာရှင်များအတွက် အနှောင့်အယှက် အရမ်းဖြစ်စေတာကြောင့် ဆေးရုံအုပ်မှ အများနဲ့တိုင်ပင်ပြီးတော့ သူနာပြုဆရာမလေးအား အလုပ်ဖြုတ်ခဲ့ရာ ရုပ်ရည်အရမ်းချောနေခြင်းကလည်း တစ်ခါတစ်လေ ကိုယ့်အတွက် ဒုက္ခရောက်စေနိုင်သည်ဟု ဆိုရမည်။

Rain (For Ialinks)

Zawgyi





Rain (For Ialinks)

  • Leave a Comment

Categories