တစ်ချိန်ကသန်းကြွယ်သူဌေးကြီးဖြစ်ခဲ့ပေမယ့် စီးပွားရေးကျ၍ ဆင်းရဲသွားချိန်တွင် အရာအားလုံးကို စိတ်ကုန်ပြီး လူသူမဲ့ကျွန်းမှာ တစ်ယောက်တည်း သွားရောက်နေထိုင်ခဲ့သော အဖိုးအို

သြစတြေးလျနိုင်ငံမှ အသက်၈၀အရွယ် အဖိုးအိုတစ်ဦးသည် သတ္တုတူးဖော်ရေးလုပ်ငန်းတွင် နာမည်ကြီး ဥက္ကဌဖြစ်ခဲ့ပြီး သူ့ရဲ့ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၈.၄သန်းထိ ရှိခဲ့ပြီး ကံဆိုးစွာပဲ စတော့ဈေးကွက် အပြောင်းအလဲများကြောင့် ငွေကြေးများစွာ ဆုံးရှုံးခဲ့ရပြီး ကုမ္ပဏီကလည်း ဒေဝါလီခံသွားခဲ့ရသည်။

ထိုအချိန်တွင် ဇနီးဖြစ်သူသည် သူတို့ရဲ့ သမီးလေးနှစ်ယောက်ကို ခေါ်ကာ အဝေးသို့ထွက်သွားခဲ့၍ ဆင်းရဲ ဒုက္ခများကြားတွင် တစ်ယောက်တည်း ကျန်ခဲ့ရာ ဇွဲမလျှော့ပဲ စီးပွားရေးလုပ်ငန်းကို အောင်မြင်လာအောင် ပြန်လည်ကြိုးစားခဲ့ပေမယ့် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

ထို့အတူ အဖိုးအိုတစ်ဦးသည် မိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့ ကျွန်းတစ်ခုမှာ အပန်းဖြေနားနေဆောင်ကြီးကို ဆောက်လုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့တာကြောင့် နောက်ဆုံးမှာ လူသူမဲ့ကျွန်းသို့ သွားရောက်ပြီးတော့ တစ်ယောက်တည်း အေးအေးချမ်းချမ်း နေထိုင်ခဲ့သည်။

အဖိုးအိုသည် ကျွန်းပေါ်မှာ တစ်ယောက်တည်းနေရ၍ အထီးကျန်ခြင်းတွေဖြစ်ရကာ သမီးလေးနှစ်ယောက်ကို သတိရလွမ်းဆွတ်မိပေမယ့် သူ့ဘဝရဲ့ ရွေးချယ်မှုကိုတော့ နောင်တမရခဲ့ကြောင်း ဆိုခဲ့သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories