အသက်၈၀အရွယ်ဘီလီယံနာသူဋ္ဌေးမကြီးက မြေးဖြစ်သူ၏လန်ဘော်ဂီနီကားဖြင့် အပြတ်ကဲ၍ကားပတ်မောင်းနေသည့်ဗီဒီယိုကြောင့် နာမည်ကြီးသွားခဲ့

လူသားတို့သည်အသက်အရွယ်အလိုက်ပျော်ရွင်အမှုတွေကို ရှာဖွေနေကြပြီးအသက်ကြီးလာသည်နှင့်အမျှပျော်ရွင်မှုတွေကို စိတ်ကုန်လာပြီး အေးချမ်းစွာနေထိုင်လာကြတာဖြစ်ပါတယ်။ယခုတွင်တော့အသက်၈၀အရွယ်အဖွားအိုတစ်ဦး၏ ဆယ်ကျော်သက်အရွယ်လိုကဲနေပုံလေးဟာ လူမှုကွန်ယက်မှာအတော်လေးနာမည်ကြီးလာခဲ့ပါတယ်။

ထိုဗီယက်နမ်မှအဖွားအိုဟာ အမေရိကန်မှလန်ဘော်ဂီနီကားတွေကိုဗီယက်နမ်သို့တိုက်ရိုက်တင်ပို့ကာရောင်းချနေသည့်ကားကုမ္ပဏီ၏ပိုင်ရှင်ဟုလည်းသိရှိရပါတယ်။သူဋ္ဌေးအဖွားအိုဟာမြေး၏လန်ဘော်ဂီနီကားကိုယူဆောင်ပြီး ကားမောင်းထွက်ခဲ့ရာမှ အဖွား၏ကားမောင်းနေသည့်ဗီဒီယိုလေးဟာလိုင်းပေါ်တွင်ပျံနှံလာခဲ့ခြင်းဖြစ်ပါတယ်။

ထိုအခါမှလူအများကအဖွားအိုကိုသတိထားမိပြီး ပြောစမှတ်တွင်၍နာမည်ကြီးသွားခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories