မင်္ဂလာပါ။အရက်သောက်သူတွေအတွက် ကောင်းကင်ကြီးတောင် အထိန်းအချုပ်ရှိတယ်လို့ဆိုကြပါတယ်။ ဘယ်လောက်ပဲ သောက်နိုင်သူဖြစ်ပါစေ ကိုယ်သောက်နိုင်တဲ့ အထိန်းအကွပ်ထပ်ပိုပြီး တစ်ခွက်လောက်သောက်မိတာက သင့်ကိုငါးပါးမှောက်သွားစေမှာအသေအချာပါပဲ။ တစ်ခွက်လောက်ဆိုပြီးထပ်သောက်ရာကနေ တကယ့်ကို ဆိုးရွားတဲ့အခြေအနေတွေကို ကြုံတွေ့နိုင်ရကြောင်း သက်သေပြနေတဲ့ ဓာတ်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။
(၁)
မနေ့ကအမူးလွန်ပြီး အကလွန်ခဲ့တာလေ…ဒီနေ့တော့ ချိုင်းထောက်လေးနဲ့ မှတ်ကရော
(၂)
သူငယ်ချင်းတွေအသောက်လွန်ပြီး အိမ်ပြန်ကြတဲ့လမ်း
(၃)
အရက်မူးရင်း ပေါက်ကရတွေလျှောက်ဝယ်တတ်သူတွေ လက်ညိုးထောင်
(၄)
ခုခေတ်လိုအွန်လိုင်းကနေ မှာလို့ရတဲ့ခေတ်ကြီးမှာလည်း အရက်မူးနေလားဆိုတာ စစ်ဆေးပြီးမှ ရောင်းတဲ့စနစ်လုပ်ကြပါလား
(၅)
အရက်မမူးခဲ့ပါဘူး ဒီလောက်တောင်ငြင်းနေပေမယ့် သူအမုန်းဆုံးချောကလက်တွေနဲ့တင်းနစ်ဘောလုံးတွေအများကြီးကိုဝယ်လာခဲ့တဲ့အမျိုးသမီး
(၆)
အရက်မူးပြီး ကိုယ့်ဘာသာကိုယ် ကားတံခါးတွေဖြုတ်မိတာလား။ သူခိုးပဲ ဖြုတ်ခိုးသွားတာလား မသဲကွဲတော့ပါဘူး။
(၇)
အဖေနဲ့သမီးတို့ အရက်သောက်ပြီး အိမ်အပြန်လမ်းကတော့ ဒီအတိုင်းပါပဲ။
(၈)
မူးမူးနဲ့ပင်ပင်ပန်းပန်းလုပ်လိုက်ရပေမယ့် ဘယ်လိုလဲ သဘောကျရဲ့လား
(၉)
မနေ့ညကတစ်ခွက်ဆိုပြီးပိုသောက်မိလိုက်တာ မေ့မရနိုင်တဲ့ ညဖြစ်သွားတာပေါ့
(၁၀)
အာဝုကချောကလက်ရိုးရိုးထင်ပြီးစားမိလိုက်တာလေ..သူ့ဘာသာသူ မူးသွားတာ ဘယ်သိမလဲလို့။ ခုတော့ အရက်နာကျနေပြီ။
(၁၁)
ဗိုက်ကြီးတစ်ခုလုံးဖောင်းကားနေလို့ အာဝုဘာများဖြစ်လဲစိတ်မပူပါနဲ့…ဒီအတိုင်း အစားစားတာများလွန်းပြီးဖောင်းကားနေတာပါလို့
(၁၂)
အရက်မူးပြီးစက်ဘီးခိုးလာခဲ့မိပေမယ့် ဘယ်ကနေခိုးလာမိမှန်းမသိလို့ပါ။ ပိုင်ရှင်ဆိုရင် ဆက်သွယ်ပြီးလာယူပေးပါတဲ့
(၁၃)
အရက်မူးနေရင်း ဟင်းချက်ဖို့မကြိုးစားကြနဲ့နော်။ တလွဲတွေဖြစ်သွားလိမ့်မယ်။
(၁၄)
အရက်အမူးလွန်ပြီး ဆပ်ပြာတွေကိုက်စားမိတာလည်းဖြစ်နိုင်ပါတယ်။
(၁၅)
ညကအရက်မူးမူးနဲ့ ရုံးနေ့လည်စာအတွက်ပြင်လိုက်မိပါတယ်။ခုတော့ ငတ်ပြီပေါ့
(၁၆)
မူးမူးနဲ့ပီဇာလေးကိုနွှေးလိုက်မိတာပါ။ ပီဇာမှန်းရော မှတ်မိကြသေးလား
(၁၇)
မနေ့ညက အရက်မူးမူးနဲ့ရေချိုးခန်းလိုက်ကာတန်းကို ချိုးလိုက်မိတယ်။
(၁၈)
မူးမူးနဲ့ ဖိုတိုရှော့လုပ်တဲ့စကေးက မမိုက်ဘူးလား
(၁၉)
နှိုးစက်နဲ့ ဂဏန်းပေါင်းစက်နဲ့မှားပြီး ဝင်ထားမိတော့ အိပ်ရာထနောက်ကျတာ မဆန်းပါဘူးလေ
(၂၀)
မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာတော့ မမှတ်မိတော့ပါဘူ။ နိုးလာတော့ ဒီအတိုင်းဖြစ်နေတော့တာပါပဲ
(၂၁)
ပါတီပွဲတွေမှာ သတ်မှတ်ထားသင့်တဲ့စည်းကမ်းကတော့ မောင်းရင်မမူးနဲ့ မူးရင်မမောင်းနဲ့ ဆိုတဲ့ အချက်ပါပဲ။
(၂၂)
မူးရင်မမောင်းနဲ့ဆိုတာ ဒါတွေဖြစ်တတ်လွန်းလို့ပါ။
(၂၃)
ဘတ်စ်ကားဂိတ်မှာ မူးပြီးမှောက်နေတုန်း လာနိုးပေးတဲ့သူငယ်ချင်းလေး
(၂၄)
မူးပြီးတက်တူးတွေလျှောက်ထိုးမိလို့ နောင်တရခဲ့သူတွေရော ရှိလား
(၂၅)
ဂိမ်းလေးရှုံးတာတောင် အထိမခံနိုင်ဖြစ်နေတဲ့ အရက်မူးနေတဲ့ ကောင်မလေး
(၂၆)
သူငယ်ချင်းရေ မင်းမူးနေတာ သေချာနေပြီ အိမ်ပြန်လိုက်တော့
အသောက်လွန်ပြီး ဖြစ်တဲ့ သူတို့ရဲ့အလွဲလေးတွေကလည်း ရယ်တော့ရယ်ရသားနော်။ ပရိသတ်တို့ရော အသောက်လွန်ပြီး ကြုံတွေ့ခဲ့ဖူးတဲ့ အမှတ်တရတွေရှိရင်လည်း ပြောပြပေးခဲ့ပါအုံး။
Ref:Brightside