လမ်းဘေးဆိုင်မှာအတွင်းခံဝယ်ဖို့ စမ်းဝတ်ကြည့်တာကြောင့် ရယ်မောခြင်းခံရပြီး အတွင်းခံအသစ် အထည်၁၀၀ပါ လက်ဆောင်ရရှိခဲ့တဲ့ အမျိုးသမီး

ဒီနေ့ခေတ်မှာ လမ်းဘေးဆိုင်တွေမှာလည်း လူတော်တော်များများက ပစ္စည်းအမျိုးစုံရောင်းနေတာကြောင့် သင်ဟာ စတိုးဆိုင်တို့ ကုန်တိုက်ကြီးထဲတို့ သွားစရာမလိုဘဲ လမ်းဘေးဆိုင်တွေမှာသာ သင်လိုချင်တာမှန်သမျှ ရယူနိုင်ပါတယ်။ သို့ပေမဲ့ ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်ရှိ အမည်မသိအမျိုးသမီးတစ်ဦးဟာ လမ်းဘေးစတိုးဆိုင်တစ်ခုမှ အတွင်းခံအဝတ်အစားအချို့ကို စတင်စမ်းဝတ်ကြည့်တဲ့အခါ လမ်းသွားလမ်းလာတွေ နဲ့ netizens တွေကို အံ့အားသင့်စေပြီး ရယ်မောစေခဲ့ပါတယ်။ စတိုးဆိုင်အများစုမှာတော့ ကိုယ်ရေးကိုယ်တာပစ္စည်းစတဲ့ အတွင်းခံဘောင်းဘီတိုတို့ ရောင်းချခြင်းကို တားမြစ်ထားခြင်းမရှိပါဘူး။ သို့ပေမဲ့ ၎င်းဟာ လမ်းဘေးစတိုးဆိုင်ဖြစ်နေတာကြောင့် ထိုစည်းမျဉ်းများကို မကြာခဏကန့်သတ်လေ့ရှိပါတယ်။ ဒါပေမဲ့ သူမဘာကြောင့် အဲဒီလိုလုပ်ရတာလဲလို့ လူတိုင်းသိချင်နေကြပါတယ်။

နောက်ပြီး တစ်စုံတစ်ဦးက ထိုအမျိုးသမီးတစ်ဦး ရဲ့ ဗွီဒီယိုကိုယူပြီး တစ်ကမ္ဘာလုံးသိအောင် ဆိုရှယ်မီဒီယာပေါ် မျှဝေခဲ့ပါတယ်။ အင်တာနက်အသုံးပြုသူအများစုက ရယ်မောနေကြပါတယ်။ ဒါပေမဲ့ ရောင်းသူရဲ့ ကုန်ပစ္စည်းတွေကို များစွာ ဝယ်ယူအားပေးခဲ့တာကြောင့် ရောင်းသူက ထိုအမျိုးသမီးကို အတွင်းခံအဝတ်အစားအသစ် ၁၀၀ ထည်ကို အခမဲ့ကမ်းလှမ်းခဲ့ပါတယ်။

JRose (KB Chimmy)

Reference : rachfeed

Zawgyi



JRose (KB Chimmy)

  • Leave a Comment

Categories