လမ်းဘေးဆိုင်တွင် ခေါ်ထိုင်ခဲ့သော ချစ်သူကောင်လေးကို ရည်းစားဟောင်းဆိုလျှင် ဈေးကြီးတဲ့ဇိမ်ခံစာသောက်ဆိုင်တွေကိုသာ ခေါ်လေ့ရှိကြောင်းပြောဆိုကာ ဒေါသတကြီးတုံ့ပြန်ခဲ့သည့် ကောင်မလေး

လမ်းဘေးဆိုင်တစ်ခုတွင် ဖြစ်ပျက်ခဲ့သော ချစ်သူစုံတွဲနှစ်ဦး၏ အဖြစ်အပျက်တွင် ကောင်မလေးမှ ပြောဆိုသော စကားများကြောင့် ဆိုင်တွင်ထိုင်စားနေသော အခြားသူများပင် စိတ်ပျက်ခဲ့သည်ဟု သိရပါတယ်။ကောင်လေးတိုင်းဟာတော့ မိမိ၏ချစ်သူကောင်မလေးနှင့် အချိန်အတူကုန်ဆုံးရင်း ပျော်ရွင်ချင်ကြပါတယ်။

ထိုအချိန်တွင်လည်း တတ်နိုင်သောငွေကြေးလေးဖြင့် ချစ်သူကိုခေါ်ဆောင်ကာ မုန့်လေးစားရင်း ပျော်စရာဖန်တီးကြတာ စုံတွဲတိုင်းလိုလိုဖြစ်ပါတယ်။ယခုတွင် ကောင်လေးတစ်ဦးဟာလည်း ချစ်သူကိုခေါ်ဆောင်ကာ လမ်းဘေးကဆိုင်တစ်ခုတွင် စားသောက်ရန် စားစရာများမှာခဲ့ပါတယ်။

ထိုအခါကောင်မလေးဟာ လမ်းဘေးဆိုင်တွင် ထိုင်ရမည်ဆိုသောကြောင့် ဒေါသထွက်ကာ သူ၏အရင်ရည်းစားကျွေးမွေးပုံများနှင့် နှိုင်းယှဉ်ပြကာ ဒေါသတကြီးတုံ့ပြန်ရင်း လမ်းခွဲဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories