ကြောက်မက်ဖွယ်ရာရုပ်ရှင်တွေထက် သည်းထိတ်ရင်ဖိုဆန်အောင် ရိုက်ကူးထားမိတဲ့ ပုံမှန်ဓာတ်ပုံ (၂၄) ပုံ

မင်္ဂလာပါ။ အခုတစ်ခါဖော်ပြမှာကတော့ ပုံမှန်အရာတွေဖြစ်ပေမယ့် ခြောက်ခြားစရာကောင်းတဲ့ ရုပ်ရှင်တွေထက် ပိုပြီးကြောက်ဖို့ကောင်းနေတဲ့ ဓာတ်ပုံတွေအကြောင်းပဲ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ပုံမှန်အရာဖြစ်ပေမယ့် သေချာမကြည့်မိပဲ လန့်သွားတတ်တာမျိုး၊ အမြင်မှားပြီး အထိတ်တလန့်ဖြစ်တာမျိုးကို လူတိုင်းလိုလိုကြုံဖူးတတ်ကြတာမို့ ဘယ်ဓာတ်ပုံတွေက ကိုယ်နဲ့တိုက်ဆိုင်နေသလဲဆိုတာကို ကြည့်ရှုလိုက်ကြရအောင်နော်။

(၁)

ဘုရားရေ..သရဲကားတွေထဲကလိုများ နောက်ကျောကနေ ကလေးမွေးလာတာများလား။ တကယ့်ကို ရှော့ခ်ရသွားစေတဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။

(၂)

ကျွန်တော့် သူငယ်ချင်းတစ်ယောက် ပြီးခဲ့တဲ့ညက လမ်းလျှောက်ထွက်တဲ့ အချိန်မှာပဲ ဒီအမျိုးသမီးကို ခေါင်မိုးပေါ်မှာ ရပ်နေတာကို တွေ့ခဲ့ရပါတယ်။ လူလား၊ သရဲလားသေချာမသိပေမယ့် ဒီလိုမြင်လိုက်ရတာကိုက ကျောချမ်းပြီး ထွက်ပြေးချင်စိတ်ပေါက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

(၃)

ကြောက်စရာကောင်းတဲ့ ဓာတ်ပုံတစ်ခုမဖြစ်စေဖို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ဒီဓာတ်ပုံဟာ သေချာကြည့်လေ ချောက်ခြားစရာကောင်းလေဖြစ်နေပါတယ်။

(၄)

ဘယ်လိုဆိုက်ကိုပါ့သ်တစ်ယောက်များ ငါ့ကိုကြည့်နေပါလိမ့်ဆိုပြီး လေယာဉ်ခရီးစဉ်တစ်လျှောက်လုံး အချိန်ကြာကြာလေး စိတ်မသက်မသာဖြစ်စေခဲ့ပါတယ်။ နောက်ဆုံးမှသိလိုက်ရတာက သူ့ရဲ့ခေါင်းနောက်မှာ မျက်မှန်ကို တပ်ထားခဲ့တာဖြစ်ပါတယ်။ တွေ့လား…ပုံမှန်ပဲသူကတော့ လုပ်ထားခဲ့တာပဲ…ကိုယ်ကသာ သေချာမကြည့်မိပဲ ကြောက်နေရတာ..။

(၅)

ဘယ်လိုကြောင့်များ ဒီအရုပ်ကိုကားပေါ်မှာ တင်ထားလဲ တကယ်တွေးမရပါဘူး။ ညဖက်တွေတွေ့ရင် တကယ့်ကို ထိတ်လန့်စေမယ့် အခြေအနေပါပဲ။

(၆)

အဲဒါက ဘာများ မှားနေလို့ပါလဲ… အင်္ကျ ီဆိုင်တစ်ခုက အလှဝတ်ပြထားတဲ့ အရုပ်ကိုကြည့်လေကြည့် လေတစ်ခုခု မှားနေသလို ခံစားရလေပါပဲ။ ပရိသတ်ကြီးတို့ရော ဘယ်လိုခံစားရပါသလဲ။

(၇)

ဒီအခန်းကို မဝင်ခင်နှစ်ကြိမ်လောက်တော့ စဉ်းစားလိုက်ပါဦး။ ဘယ်လိုဖြစ်လို့ တံခါးသစ်သားခွဲကြမ်း ပုံရိပ်က သေမင်းတမန်ရုပ်နဲ့ တူနေရသလဲဆိုတာ စဉ်းစားလို့မရခဲ့ပါဘူး။ ဆွဲထားတာမဟုတ်ပဲ သဘာဝပုံရိပ်ဖြစ်လို့ ကိုယ့်အိမ်မှာသာဆိုရင် အဲဒီတံခါးကို အမြန်ဆုံးဖြုတ်လဲပစ်လိုက်မှာ အသေအချာပါပဲ။

(၈)

တကယ့် ကြောင်တစ္ဆေများလား… တစ္ဆေလိုဟန်ဆောင်နေတဲ့ ကြောင်တစ်ကောင်များလား။ တကယ်တော့ လည်း လိုက်ကာနောက်မှာ ဝင်ပုန်းနေတဲ့ကြောင်လေးတစ်ကောင်မျှသာ ဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်အရာ တွေကပဲ သင့်ကိုခြောက်လှန့်နိုင်တယ် ဆိုတာကိုတော့ မမေ့လိုက်ပါနဲ့နော်။

(၉)

ဆီးနှင်းရုပ်တုအရည်ပျော်သွားတဲ့အခါမှာ ဒီလိုကြောက်စရာကောင်းတဲ့ ရုပ်ပုံတစ်ခုထွက်လာခဲ့ပါတယ်။ ဒါကြောင့်လုပ်ယူတာထက် ပုံမှန်ဖြစ်ပျက်နေတဲ့အရာတွေက ပိုကြောက်စရာကောင်းတယ်လို့ ပြောကြတာပဲ ဖြစ်မယ်ထင်ပါတယ်။

(၁၀)

စင်တာကလော့က ကလေးဆိုးလေးတွေဆီကို ကြောက်စရာဂျိုကာတွေနဲ့ လာလည်တဲ့အမှတ်တရ ဓာတ်ပုံလေးပါ။ လိမ်လိမ်မာမာနေနော် ဘာမှတ်နေလဲ..ဖမ်းခိုင်းလိုက်ရမလားလို့ ခြောက်မယ့်ပုံစံများလား လို့တောင်ထင်ရပါတယ်။ သူမနိုင်လို့ စစ်ကူခေါ်လာရပါတယ်ပေါ့..။

(၁၁)

ဂရိတ်ဖရုဖ်အသီးက ကြောက်စရာကောင်းတဲ့ Pac-Man ပုံစံပြောင်းသွားတဲ့အခါ။ ဘာပဲဖြစ်ဖြစ်အကုန် မြင်ရာတွေ့ကရာ လိုက်စားပစ်တော့မယ့် Pac-Man အဖြစ်တွေးကြည့်လိုက်ရင် ရင်တုန်စရာတော့ ကောင်းပါတယ်။

(၁၂)

လူသတ်သမားတွေများလားလို့ ရုတ်တရက်ထင်သွားစေနိုင်ပါတယ်။ ဆေးသုတ်သမားတစ်ဦးအနေနဲ့ အလုပ်လုပ်ခြင်းက သင့်ကိုလူသတ်သမားတစ်ဦးနဲ့တူစေတာပဲ ဖြစ်ပါတယ်။

(၁၃)

သန်းနေတဲ့ယုန်လေးတစ်ကောင်ရဲ့ ဓာတ်ပုံလေးမှာ ဘာမြင်လိုက်ပါသလဲ။ လူသွားနဲ့ဆင်တူတဲ့ သွားရှိနေ တာကို တွေ့လိုက်ကြမယ်လို့ထင်ပါတယ်။ သူ့သခင်ကတော့ ဒါဘာမှမထူးဆန်းဘူး..ပုံမှန်ပါပဲလို့ဆိုပါတယ်။

(၁၄)

ကြောက်တတ်ပါတယ်ဆိုမှ တရေးနိုးထစားတဲ့မုန့်တောင် အချိုးမပြေဘူးဆိုသလို ဖြစ်နေတဲ့ဓာတ်ပုံလေး တစ်ခုပါပဲ။ ချိုတဲ့အစားအစာတွေက သင့်ကိုနည်းလမ်းအမျိုးမျိုးနှင့် ဆိုးကျိုးပေးနိုင်ပါတယ်။

(၁၅)

ညဖက်ရုတ်တရက်မြင်လိုက်ရရင် လန့်သေသွားနိုင်လောက်ပါတယ်။ ဘယ်လိုတိုက်ဆိုင်မှုကြီးနဲ့ ပြုံးပြနေရတာပါလဲ… မကောင်းတဲ့အငွေ့အသက်တွေရစေတဲ့ အပြုံးဆိုးကြီးလို့ပဲ ပြောချင်ပါတယ်။

(၁၆)

ကားရဲ့ပြတင်းပေါက်တွေမှာကပ်ထားတဲ့ စတေကာကြောင့် အပြင်ကိုမြင်နေရတာက ပုံမှန်ကမ္ဘာမဟုတ်တော့ပဲ ငရဲပြည်ကို မြင်လိုက်ရသလိုကို ခံစားစေခဲ့ပါတယ်။

(၁၇)

လူမနေတာ ကြာနေတဲ့အခန်းတစ်ခုရဲ့ ပုံရိပ်ကလည်း ခြောက်ခြားစေပါတယ်။ ဖုန်တွေ၊ ပင့်ကူမျှင်တွေ သာမက မီးအုပ်ဆောင်းမှာ ပင့်ကူသေးသေးလေးတစ်ကောင် တက်နေတဲ့ပုံရိပ်ကိုက ခြောက်ခြားလို့ကောင်းနေတာပဲ ဖြစ်ပါတယ်။

(၁၈)

တကယ့်ကို ကြက်သီးထဖွယ် အပြုံးတစ်ခုပါပဲ။ လူသွားတွေနဲ့ ခွေးလေးပြုံးနေတဲ့ပုံက သေချာကြည့်လေ ညစ်ကျယ်ကျယ်အပြုံးနဲ့ တူလေလေပါပဲ။

(၁၉)

ကောင်လေးတစ်ယောက်က ရုံးခန်းတစ်ခုကနေ သူ့ကိုတစ်ယောက်ယောက်က အမြဲစောင့်ကြည့်နေတယ် လို့ပြောကြားခဲ့ပါတယ်။ အဲဒီနောက် အဖြစ်မှန်ကို ရှာဖွေလိုက်တဲ့အခါမှာတော့…..။

(၂၀)

ငါ့ကျောပေါ်ကို ဘာကြီးရောက်လာတာတုန်းဆိုပြီး စိတ်ညစ်နေတဲ့ ပုစွန်လုံးဖြစ်ပါတယ်။ ဒီပုံကိုပဲကြည့်ပြီး လန့်သွားကြတဲ့ လူတွေလည်းရှိပါတယ်။ တော်တော်ဒုက္ခပေးတဲ့ အရုပ်အစုတ်ပလုတ်ပါနော်။

(၂၁)

ရေထဲမှာ ဘာတွေကို တွေ့လိုက်ရပါသလဲ။ တကယ်တော့ မိသားစုလို့ ထင်ရတဲ့ရုပ်တု အစုလိုက် ရေထဲမှာ နစ်မြုပ်နေတာကို ကျောချမ်းဖွယ် တွေ့နေရတာဖြစ်ပါတယ်။

(၂၂)

ကျွန်မယောကျ်ား အလုပ်သွားနေတဲ့ လမ်းမပေါ်မှာ ရိုက်ခဲ့မိတဲ့ သည်းထိပ်ရင်ဖို မြင်ကွင်း

(၂၃)

အပေါက်ထဲက မျက်လုံးတစ်စုံက ကိုယ့်ကို စိုက်ကြည့်နေတယ်လို့ မခံစားကြရဘူးလား။

(၂၄)

အမေက ဈေးသွားဝယ်ခိုင်းလိုက်တာပါ။ ဈေးဆိုင်နားရောက်တော့ ရှေ့တောင် ဆက်မတိုးရဲတော့ဘူး။ ကြည့်ပါဦး.. ဆိုင်ရှေ့ မရောက်ခင်မှာ ကျီးအုပ်ကြီးက အသက်ရှုတောင် မှားလောက်ပါတယ်။

(၂၅)

ညဘက်မှာ ဓာတ်ပုံရိုက်ထွက်နေရင်း သင့်ဘက်ကို အခုလို မျိုး စူးစူးရဲရဲကြီး ကြည့်နေတဲ့ အရိပ်မည်းကြီးနှစ်ခု ကို တွေ့ရင် ဘယ်လိုနေမလည်း…

(၂၆)

တစ်ယောက်တည်းနေရချိန်မှာ အရာရာက ခြောက်ခြားဖွယ်ကောင်းလှပါတယ်။ ပစ္စည်းတစ်ခုကို ပလတ်စတစ်အိတ်နှင့် ထုပ်ပိုးထားတာကအစ အခုလိုမျိုး သင်ရဲ့ နှလုံးခုန်သံတွေကို မြန်စေနိုင်ပါတယ်။

(၂၇)

အရုပ်မခေါင်းကို ဒီတိုင်းကြီး ပလတ်စတစ်အိတ်ထဲ ထည့်ပြီး လျှောက်သွားနေသူ.. တော်သေးတာပေါ့.. သွေးသံရဲရဲတွေ ဘာာတွေ အရုပ်ခေါင်းမှာ ပေမနေလို့။ သွေးတွေသာ ပေနေရင် ပြေးပေတော့ပဲ။

(၂၈)

သေချာကြည့်လေ သွေးပျက်ရလေ ဖြစ်မဲ့ ခြောက်ခြားဖွယ်ဓာတ်ပုံ .. သေချာကြည့်ကြည့်နော် ရုတ်တရက် ကြည့်ရင် မြင်လောက်မယ်မထင်ဘူး။အရှေ့မှာ ရဲဘော်တွေ က ဓာတ်ပုံရိုက်နေသလိုမျိုး အနောက်မှာလည်း ပြတင်းပေါက်ကနေ ဓာတ်ပုံထဲပါချင်နေတဲ့ သူတွေ ရှိတယ်နော်…

(၂၉)

အမြင့် မကြောက်တတ်တဲ့သူတွေတောင် ထမင်းစားပျက်ပြီး ဒူးတုန်သွားစေနိုင်မဲ့ လှေကား။ အမြင့်မကြောက်တတ်သူတွေ စိန်ခေါ်ကြည့်ကြချင်ရဲ့လား

အခုဖော်ပြပေးသွားတဲ့ ဓာတ်ပုံတွေကတော့ ပုံမှန်အရာတွေပဲဖြစ်ပေမယ့် လူတွေကိုကြောက်စိတ်ကို ဖြစ်ပေါ်သွားစေတဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ ဘယ်ဓာတ်ပုံက ပရိသတ်တွေကို ထိတ်လန့်ခြောက်ခြားသွားစေ သလဲဆိုတာ ဝေမျှပေးခဲ့ပါဦးနော်.. အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ နေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ..။

Ref;Brightside

  • Leave a Comment

Categories