ကျောင်းတက်ရင်းနဲ့ အတန်းထဲမှာ ဈေးရောင်းကာ ကိုယ်ပိုင်ဝင်ငွေရှာပြီး မိသားစုကို ပြန်လည်ထောက်ပံ့ပေးနေသော ကောင်လေး

ဖိလစ်ပိုင်နိုင်ငံမှ အသက်၂၀အရွယ်ကောင်လေးတစ်ဦးသည် ကျောင်းတက်နေရင်းနဲ့ ရိုးသားမှုစတိုးဟူသော ဆိုင်းဘုတ်လေးနဲ့အတူ ဈေးရောင်းကာ ဝင်ငွေရှာခဲ့သည်။

ကောင်လေးသည် မိသားစုမှ အလုပ်အကိုင် မပြေလည်တာကြောင့် ကျောင်းစရိတ်မတတ်နိုင်တော့၍ ကျောင်းထွက်ရမလိုပင် ဖြစ်ခဲ့ပေမယ့် အနာဂတ်မှာ အလုပ်ကိုင်ကောင်းကောင်းရပြီး မိဘနှစ်ပါးကို လုပ်ကျွေးချင်၍ ကျောင်းပြီးအောင်တက်ရန်အတွက် အတန်းထဲမှာ ဈေးရောင်းခဲ့ရရှာခဲ့သည်။

ကောင်လေးသည် အစပိုင်းတွင် ကျောင်းဆင်းချိန်မှာ ဒိုးနပ်၊ သကြားလုံးနှင့် အကင် အစရှိသည်တို့ကို လိုက်ရောင်းခဲ့ရာ ဝင်ငွေအနည်းငယ်ရရှိ၍ စွန့်စားစွာဖြင့် သူအတန်းတက်နေသော်လည်း အခြားသူများ ဝယ်စားလို့ရအောင် ရိုးသားမှုစတိုးဟူသော ဆိုင်းဘုတ်ကိုချိတ်ဆွဲကာ စားစရာများကို လူမရှိပဲဈေးနှုန်းလေးကပ်ပြီး ဝယ်ချင်သူများအနေဖြင့် ကျသင့်သလောက်ပိုက်ဆံလေးကို ထားခဲ့ကာ ဝယ်ယူစားစေခဲ့သည်။

Rain (For Ialinks)

Zawgyi





Rain (For Ialinks)

  • Leave a Comment

Categories