ဆိုင်အပြင်ဖက်နားလေးမှာ ဗိုက်ဆာ၍ဆိုင်ထဲသို့ လှမ်းငေးကြည့်နေသော သားအဖနှစ်ယောက်ကို ပီဇာခေါ်ကျွေးခဲ့သော ဝန်ထမ်းအမျိုးသား

ဖိလစ်ပိုင်နိုင်ငံ မင်ဒိုရိုပြည်နယ်ရှိ နာမည်ကြီး ပီဇာဆိုင်တစ်ဆိုင်ရှေ့တွင် နေပူကြီးထဲ ငုတ်တုတ်လေးထိုင်ကာ ဗိုက်ဆာနေပေမယ့် စားစရာမရှိတာကြောင့် စားသောက်ဆိုင်သို့ လှမ်းမျှော်ကြည့်နေသော ဆင်းရဲသား သားအဖနှစ်ယောက်အား လူသားဆန်စွာ ပြုမူဆက်ဆံပေးခဲ့သော ဝန်ထမ်းတစ်ဦးသည် အများဧ။်လေးစားချီးမွမ်းကို ခံနေရသည်။

ပီဇာဆိုင်ဝန်ထမ်းတစ်ဦးသည် ဆိုင်ကယ်ရပ်နားရာနေရာတွင် စောင့်ကြည့်နေရင်းက သားအဖနှစ်ယောက်ကို မြင်ချိန်တွင် သနားမိကာ ဆိုင်ထဲသို့ခေါ်ဝင်ပြီးနောက် ပီဇာတစ်ပွဲမှာယူကာ ကျွေးမွေးခဲ့သည်။

ဆိုင်ထဲရှိစားသုံးသူများသည် ဝန်ထမ်းအမျိုးသားရဲ့ လုပ်ရပ်ကိုမြင်ပြီး ချီးမွမ်းကြကာ ဆင်းရဲနွမ်းပါးသော သားအဖနှစ်ယောက်ကိုလည်း ငွေကြေးအချို့ပေးအပ် လှူဒါန်းခဲ့ကြသည်။

Rain (For Ialinks)

Zawgyi





Rain (For Ialinks)

  • Leave a Comment

Categories