ချမ်းသာသောမိဘများက အိမ်၏စီးပွားရေးကို လုပ်ကိုင်လိုခြင်းမရှိဘဲ ကားပြင်ဆရာတစ်ဦးအဖြစ်သာ လုပ်ကိုင်လိုသည့်သားငယ်ကို နေအိမ်မှ နှင်ချခဲ့သည့်အဖြစ်

လူသားတိုင်းသည် အနာဂတ်တွင်တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာများကို ကိုယ်ပိုင်ဝါသနာများဖြင့် ရွေးချယ်ခွင့်ရှိသည်ဟု ထင်မှတ်မိပေသည်။လူအများစုတို့သည် ဆရာဝန် အင်ဂျင်နီယာ ရှေ့နေစသဖြင့် များစွာသော အသက်မွေးဝမ်းကြောင်းဆိုင်ရာများကို ရွေးချယ်ကြပေသည်။

ယခုတွင်လည်း ကောင်လေးတစ်ဦးသည် ကားစက်များ ပြုပြင်ရသည်ကို အလွန်ဝါသနာပါနေခဲ့ပါတယ်။ထို့ကြောင့်လည်း မိဘတို့က အိမ်၏စီးပွားရေးလုပ်ငန်းဖြစ်သော ပန်းတိန်ပန်းပုလုပ်ငန်းကိုသာ လုပ်ကိုင်လိုသည့် ဆန္ဒကို ငြင်းဆန်ပြီး ဝါသနာပါရာကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မိဘများကလည်း သားဖြစ်သူကို စိတ်းဆိုးကာ နေအိမ်မှနှင်ချခဲ့သည်အထိ ဖြစ်ပျက်ခဲ့ပါတယ်။သို့သော်လည်း ကောင်လေးဟာ အလျော့အပေးဘဲ ဝါသနာပါရာကို ကြိုးစားလုပ်ကိုင်နေခြင်းကြောင့် မိဘများကလည်း တဖြည်းဖြည်းလက်ခံလာခဲ့တယ်ဟု သိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories