ကင်ဆာရောဂါဖြစ်ပြီး ဆံပင်တွေကျွတ်ကုန်သော ဇနီးသည်လေး စိတ်အားမငယ်အောင် ဂတုံးလိုက်တုံးခဲ့သော ခင်ပွန်း

ထိုင်းနိုင်ငံမှ အိမ်ထောင်သည် အမျိုးသားတစ်ဦးသည် ရောဂါသည် ဇနီးဖြစ်သူကို မငြိုမငြင် အနားမှာပြုစုပေးခဲ့ပြီး ရောဂါအမြန်ဆုံး ပျောက်ကင်းသွားနိုင်ဖို့ကိုလည်း အဖက်ဖက်ကနေ ကူညီအားပေးခဲ့သည်။

ဇနီးဖြစ်သူသည် ရင်သားကင်ဆာရောဂါကို ခံစားရပြီးနောက် ၅နှစ်အကြာ ဓာတုဆေးကုထုံးများ ခံယူခဲ့ရကာ ရောဂါမှာပျံ့ပွားခဲ့ခြင်းဖြင့် သူမရဲ့ဆံပင်တွေက တဖြည်းဖြည်းနဲ့ ကျွတ်လာကာ နောက်ဆုံး ဂတုံးဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် ဇနီးဖြစ်သူသည် စိတ်အားအမြဲတမ်းငယ်ကာ ခင်ပွန်းဖြစ်သူထားသွားမှာကိုလည်း စိုးရိမ်နေ၍ ဝမ်းနည်းနေခဲ့ရာ ခင်ပွန်းဖြစ်သူသည် ချစ်ဇနီးလေးအပေါ် မပြောင်းလဲသော ချစ်ခြင်းမေတ္တာနဲ့ မြတ်နိုးကြောင်းကို သက်သေပြဖို့ရာ သူ့ရဲ့ဆံပင်တွေကိုလည်း ဂတုံးဖြစ်သည်ထိ ရိတ်ပစ်ခဲ့သည်။

ဇနီးသည်လည်း ခင်ပွန်းဖြစ်သူရဲ့ ကြင်နာသောလုပ်ရပ်တို့ကြောင့် ဝမ်းသာပီတိဖြစ်မိကာ မျက်ရည်များပါကျခဲ့ပြီး ရောဂါအမြန်ဆုံး ပျောက်ကင်းရန်အတွက် စိတ်အားပြန်တင်းနိုင်ခဲ့သည်။

Rain (For Ialinks)

Zawgyi

ကင္ဆာေရာဂါျဖစ္ၿပီး ဆံပင္ေတြကြၽတ္ကုန္ေသာ ဇနီးသည္ေလး စိတ္အားမငယ္ေအာင္ ဂတုံးလိုက္တုံးခဲ့ေသာ ခင္ပြန္း

ထိုင္းႏိုင္ငံမွ အိမ္ေထာင္သည္ အမ်ိဳးသားတစ္ဦးသည္ ေရာဂါသည္ ဇနီးျဖစ္သူကို မၿငိဳမျငင္ အနားမွာျပဳစုေပးခဲ့ၿပီး ေရာဂါအျမန္ဆုံး ေပ်ာက္ကင္းသြားႏိုင္ဖို႔ကိုလည္း အဖက္ဖက္ကေန ကူညီအားေပးခဲ့သည္။

ဇနီးျဖစ္သူသည္ ရင္သားကင္ဆာေရာဂါကို ခံစားရၿပီးေနာက္ ၅ႏွစ္အၾကာ ဓာတုေဆးကုထုံးမ်ား ခံယူခဲ့ရကာ ေရာဂါမွာပ်ံ႕ပြားခဲ့ျခင္းျဖင့္ သူမရဲ႕ဆံပင္ေတြက တျဖည္းျဖည္းနဲ႔ ကြၽတ္လာကာ ေနာက္ဆုံး ဂတုံးျဖစ္သြားခဲ့သည္။

ထိုအခ်ိန္တြင္ ဇနီးျဖစ္သူသည္ စိတ္အားအၿမဲတမ္းငယ္ကာ ခင္ပြန္းျဖစ္သူထားသြားမွာကိုလည္း စိုးရိမ္ေန၍ ဝမ္းနည္းေနခဲ့ရာ ခင္ပြန္းျဖစ္သူသည္ ခ်စ္ဇနီးေလးအေပၚ မေျပာင္းလဲေသာ ခ်စ္ျခင္းေမတၱာနဲ႔ ျမတ္ႏိုးေၾကာင္းကို သက္ေသျပဖို႔ရာ သူ႔ရဲ႕ဆံပင္ေတြကိုလည္း ဂတုံးျဖစ္သည္ထိ ရိတ္ပစ္ခဲ့သည္။

ဇနီးသည္လည္း ခင္ပြန္းျဖစ္သူရဲ႕ ၾကင္နာေသာလုပ္ရပ္တို႔ေၾကာင့္ ဝမ္းသာပီတိျဖစ္မိကာ မ်က္ရည္မ်ားပါက်ခဲ့ၿပီး ေရာဂါအျမန္ဆုံး ေပ်ာက္ကင္းရန္အတြက္ စိတ္အားျပန္တင္းႏိုင္ခဲ့သည္။

Rain (For Ialinks)

  • Leave a Comment

Categories