အလှအပကြိုက်လွန်းတဲ့သခင်ကြောင့် ပုံစံပြောင်းသွားခဲ့ရတဲ့ ခွေးလေး

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီယားပြည်နယ်မှ Maritsa Rubalkava အမည်ရှိ အသက် ၂၅ နှစ်အရွယ် မိန်းကလေးဟာ သူမရဲ့ ၅ နှစ်အရွယ် Chihuahua ‘Coco’ အတွက် လက်သည်းအတုများကို တစ်ရက်လျှင် မိနစ် ၄၀ ကျော် သုံးစွဲခဲ့ပါတယ် ။ ထိုဗီဒီယိုများက အလွန်လူကြိုက်များပြီး ကြည့်ရှုသူသန်းပေါင်းများစွာ ရှိခဲ့ပါတယ် ။ Maritsa က သူမပြုလုပ်ခဲ့တဲ့ လက်သည်းအတုများဟာ ပြပွဲအတွက်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး သူမက သူမရဲ့ အိမ်မွေးတိရစ္ဆာန်ရဲ့ ချစ်စရာကောင်းပုံကို အခြား netizen များနဲ့သာ မျှဝေလိုခဲ့တာပါ ။

“ Coco ခွေးကလေးက ငါ့ကလေးလိုပဲ။ ကျွန်မခင်ပွန်းနဲ့ ကျွန်မတစ်ညမှာ စကားစမြည်ပြောပြီး Coco ရဲ့လက်သည်းအတုတွေရဖို့က ဘယ်လောက်ချစ်စရာကောင်းလိမ့်မလဲလို့စဉ်းစားခဲ့တယ်။ ငါအပျော်သဘောနဲ့လုပ်ခဲ့တာ။ အမှတ်တမဲ့လုပ်ရင်တောင်မှ အရမ်းချစ်ဖို့ကောင်းတယ်။ ဒါကြောင့် Coco က ငါ့ရဲ့လက်သည်းတွေကို သူ့လက်သည်းတွေမှာကပ်ဖို့ သဘောကျတယ် ” လို့ Maritsa ကပြောတယ်။

သူမက သူမပြုလုပ်ပေးခဲ့တဲ့ Coco ရဲ့ လက်သည်းအတုများက အလွန်ဆိုးဝါးကြောင်း ပြောကြားခဲ့ပါတယ် ။ ၎င်းကို ဓာတ်ပုံရိုက်ရန်သာ ပြုလုပ်ခဲ့တာပါ ။ Maritza က သူမရဲ့ လက်သည်းအလှပြင်ဆိုင်ကို ဖွင့်လှစ်ကတည်းက Coco အတွက် လက်သည်းအတုလေးစုံပြုလုပ်ခဲ့ပါတယ် ။

ဆိုရှယ်မီဒီယာမှာလက်သည်းအတုတပ်ထားတဲ့ Coco ပုံကို ဝေမျှဖို့ သူမဆုံးဖြတ်တဲ့အခါ ချက်ချင်းပင် ပျံ့သွားပါတယ် ။ ဒီလုပ်ရပ်က သူမကိုချီးကျူးစကားတွေရော၊ ဝေဖန်မှုတွေရောအများကြီးရရှိခဲ့ပါတယ် ။ လူများစွာက သူမရဲ့စိတ်ကူးကို နှစ်သက်ခဲ့သလို ဒါပေမယ့် တစ်ချို့လူတွေက သဘောမကျခဲ့ဘူး ။

သို့ပေမဲ့ သူမဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ပုံများကိုမြင်တဲ့ အခြားခွေးချစ်သူများက ခွေးများအတွက် လက်သည်းအတုများကို အလွန်စိတ်ဝင်စားလာကြပါတယ် ။

ထို့ကြောင့် သူမက ခွေးများအတွက် လက်သည်းအတုများကိုဒေါ်လာ ၁၅ (သို့) ဘတ် ၄၇၀ ခန့် ဖြင့် ရောင်းချရန် ဆုံးဖြတ်ခဲ့ပေမဲ့ ၎င်းလက်သည်းအတုများဟာ အလှဆင်ခြင်းသာဖြစ်ပြီး လက်တွေ့ဘဝမှာ အသုံးမဝင်ကြောင်း စိတ်ဝင်စားတဲ့သူများကို Maritza က ပြောကြားခဲ့ပါတယ် ။

ခွေးတွေအတွက် လက်သည်းအတုရောင်းတာကနေ ရလာတဲ့ငွေရဲ့တစ်စိတ်တစ်ပိုင်းကို သူမချစ်တဲ့ အိမ်မွေးတိရစ္ဆာန် ‘CoCo’ ကိုယ်စား တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့များသို့ လှူဒါန်းရန် သူမ ဆုံးဖြတ်ခဲ့ပါတယ် ။

JRose (KB Chimmy One)

Reference : khaosod

  • Leave a Comment

Categories