ကွယ်လွန်သူဖခင်ရဲ့ သင်္ချိုင်းသို့ တစ်ပတ်တစ်ခါသွားရောက်ကာ တစ်နေကုန်လဲလျောင်းရင်း စကားတပြောပြောအဖော်ပြုပေးခဲ့သော အမျိုးသား

လောကကြီးတွင် ကိုယ်ချစ်ရတဲ့သူများကို အကြောင်းအမျိုးမျိုးကြောင့် အပြီးပိုင် ဆုံးရှုံးလိုက်ရခြင်းလောက် နာကျင်စေမည့် အရာမျိုးဆိုတာမရှိတော့ပေ။

သို့ဖြစ်၍ မလေးရှားနိုင်ငံမှ အမျိုးသားတစ်ဦးသည် မိခင်ဖြစ်သူကို ငယ်စဥ်ကတည်းက ဆုံးရှုံးလိုက်ရကာ ဖခင်ဖြစ်သူမှ လူလားမြောက်အောင် အကောင်းဆုံး ပြုစုပျိုးထောင်ပေးခဲ့ရာ ဖခင်ဆီကနေတော့ မိဘမေတ္တာအပြည့်အဝခံစားခွင့်ရခဲ့သည်။

ကံဆိုးစွာပဲ ဖခင်ဖြစ်သူသည် ရောဂါအခံရှိပြီး ဆုံးပါးသွားခဲ့ရာ သူကိုယ်တိုင်ပင် လုပ်မကျွေးရသေးတာကြောင့် စိတ်မကောင်းခြင်းများစွာ ဖြစ်ရပြီး တစ်ပတ်တစ်ခါ ဖခင်ဖြစ်သူရဲ့ သင်္ချိုင်းဆီသို့ သွားရောက်လည်ပတ်ခြင်းများ ပြုလုပ်ရင်း ဖြေသိမ့်ခဲ့သည်။

အမျိုးသားသည် သင်္ချိုင်းသို့ ရောက်ချိန်တွင် ဖခင်ဖြစ်သူကို အရင်ဆုံး နှုတ်ဆက်စကားဆိုခဲ့ပြီး အုတ်ဂူရှေ့မှာပဲ ဖျာလေးကိုခင်းကာ လဲလျောင်းရင်း တစ်နေ့လုံး စကားတပြောပြောနှင့် အချိန်ကုန်လွန်စေခဲ့သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories