ကော်ဖီအရသာလေးကို ကြိုက်နှစ်သက်သည့်အတွက် ဆိုင်သို့နေစဥ်သွားသောက်ခဲ့ရာမှ ဆိုင်ပိုင်ရှင်လေးကိုပါ ချစ်မိခဲ့ပြီး လက်ထပ်ခဲ့သည့် ကောင်မလေး

စာဖတ်သူတို့အနေဖြင့် ရည်းစားမရှိသေးဘူးဆိုပါက ယုံကြည်ရာကို လျှောက်လှမ်းနေရင်းမှ အချိန်တန်လျှင် အချစ်စစ်ကို ရှာဖွေတွေ့ရှိသွားမှာဖြစ်ပါတယ်။ယခုတွင်လည်း ကောင်မလေးတစ်ဦးသည် ကော်ဖီဆိုင်တစ်ခုမှ ကော်ဖီအရသာကို အလွန်ကြိုက်နှစ်သက်နေခဲ့တာလည်းဖြစ်ပါတယ်။

ထို့ကြောင့် သူငယ်ချင်းများဖြင့်လည်းကောင်း တစ်ယောက်တည်းသော်လည်းကောင်း နေ့စဥ်လာသောက်လေ့ရှိခဲ့ပါတယ်။ထို့သို့နေ့စဥ်လာသောက်နေခဲ့ရာမှ ကောင်မလေးဟာ ဆိုင်ရှင်ကိုသိချင်လာခဲ့ပြီး မိတ်ဆွေဖြစ်ရန် ကြိုးစားခဲ့ပါတယ်။

ထိုအချိန်မှစကာ ကောင်မလေးအတွက် အချစ်စစ်ကပါ ရောက်ရှိလာခဲ့ပါတယ်။အကြောင်းကတော့ ဆိုင်ပိုင်ရှင်ဟာ သူမနှင့်ရွယ်သူကောင်လေးဖြစ်နေခဲ့ပြီး ဆိုင်ပိုင်ရှင်ကို ချစ်မိသွားခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် သူတို့နှစ်ဦးဟာ ပျော်ရွင်စွာဖြင့် မင်္ဂလာပွဲကို ခမ်းနားစွာ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories