ကမ္ဘာကြီးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာ သက်သေပြနေတဲ့ ဓာတ်ပုံ (၃၀) ပုံ

မင်္ဂလာပါ။ ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ မဖြစ်နိုင်တဲ့ အရာတွေကို လှည့်စားမှု တစ်ချို့နှင့် တကယ်ဖြစ်စေနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူးဆိုတဲ့ စကားကို လက်မခံနိုင်တဲ့ သူတွေတောင် တအံ့တသြ နှင့်လက်ခံယူရသွားလောက်အောင် သက်သေပြပေးတဲ့ ဓာတ်ပုံ (၂၇) ပုံကိုဖော်ပြပေးချင်ပါတယ်။ ဆက်လက်ပြီးတော့ ရှုစားလိုက်ကြပါဦးနော်။

(၁)

ဒီလောက်တောင် ထူပိန်းနေတဲ့ မျက်မှန်ကို တပ်နေရတဲ့ သူတွေလည်း အပြင်မှာ တကယ်ရှိပါတယ်တဲ့ နော်…

(၂)

ဒီကော်ဘူး ကတော့ မြင်ဖူးသမျှ ထဲ အခိုင်ခန့်ဆုံး ကော်ပါပဲ။

(၃)

ကြက်ဥကြော်ရင်းကနေ လက်ရာမြောက် ပန်းချီဆွဲလိုက်သလိုပါပဲ…

ကြည့်ရတာ ပျော်နေတဲ့ လူတစ်ယောက် ပုံနှင့် မတူဘူးလား ပရိသတ်တို့ရေ…

(၄)

ဒီလိုမျိုး တိကျသေသပ်တဲ့ သစ်ပစ်တွေကို ဘယ်လိုမျိုး စိုက်ပျိုးထားကြပါလိမ့်မယ်..။

အဲ့နေရာလေးကို သွားလည်ရင် ရုတ်တရပ် ဂိမ်းကမ္ဘာထဲ ရောက်သွားတယ်တောင် ထင်မိသွားမှာပါ။

(၅)

ခရစ်စမတ် သစ်ပင်စိုက်ဖို့အတွက် အပင်တွေ တကူးတက ဝယ်ပြီး အလုပ်ရှုပ်ခံစရာမလိုကြောင်း သက်သေပြလိုက်တဲ့ ဈေးထဲက ငါးရောင်းတဲ့ ဆိုင်တစ်ဆိုင်

(၆)

မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူးဆိုတာကို တစ်သက်လုံးစားလာခဲ့တဲ့ ချောကလက် အလုံးတွေကနေ ချောကလက်အချောင်းအဖြစ် ပြောင်းပြီး သက်သေပြလိုက်တာပါ။

(၇)

ပုံမှန် ဝွန်မ်းဘက်ကောင်လေးတွေက အရွယ်အစား အလယ်အလတ်လောက်လေးပဲ ရှိပေမယ့် အခုပုံထဲက ဝွန်မ်းဘက်ကောင်လေး ကတော့ လူတစ်ယောက်တောင် မနည်းပွေ့ချီထားရတာပဲဖြစ်ပါတယ်။

(၈)

အခက်အခဲကြားက ရုန်းထွက် လာတဲ့ အလှတရားလို့ပဲ တင်စားရလေမလား…

ကတ္တရာခင်းထားလို့ မြေဆီသြဇာမရှိတဲ့ လမ်းမပေါ်မှာ သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ အပင်လေးပါ။

(၉)

ကဲ…ဒီလောက်အထိ သေသပ်လှတဲ့ သစ်ပင်ကြီး မြင်ဖူးကြရဲ့လား..

အဲ့ဒီ နားတစ်ဝိုက်မှာ နေတဲ့ ကလေးတွေတော့ သစ်ပင်အမြစ်ကွက်လေးတွေနှင့် ဆော့ကစာလို့ သိပ်ကောင်းကြမှာပါပဲ။

(၁၀)

လူတစ်ယောက်က အကောင်တစ်ကောင်ကို ဖမ်းထားတဲ့ အကောင်ကို ပြန်ဖမ်းထားတဲ့ အကောင်ကို ထပ်ဖမ်း ထားတဲ့ အကောင်ကို ပဲ ထပ်ဖမ်းမိပါတယ်။…

မျက်စိများ ရှုပ်သွားကြသလား ဟင်… ပုံလေးကို ကြည့်လိုက်ရင် နားလည်သွားပါလိမ့်မယ်။

(၁၁)

ကြည့်ရတာ ဆိတ်လေးကတော့ ရှော့ပင်းထွက်တိုင်း ဒီလိုမျိုး လိုက်ရတာကို ရိုးနေပြီထင်ပါရဲ့…

ပေါက်ပေါက်ရှာရှာနော် ရှော့ပင်းထွက်တာ ဆိတ်ကိုမှ ခေါ်လာရတယ်လို့။

တော်ပါသေးရဲ့ ဆိတ်က အေးအေးဆေးဆေး လိုက်တတ်ပေလို့သာပဲ။တော်ကြာ ရှော့ပင်းမောကြီးတစ်ခုလုံး ငါးပါးမှောက်ရချည်ရဲ့

(၁၂)

ဖေဖေရယ် မေမေရယ် ခြေထောက်ရှည်ကြီးပဲ ပါတဲ့ ကလေးရယ်ပေါ့…

ပုံထဲကအတိုင်းသာဆို ကလေးတွေက ခန္ဓာကိုယ်မပါမှ ဝင်ခွင့်ရမယ်ထင်ပါတယ်။

(၁၃)

နှင်းခဲလေးတွေက အိမ်ရှေ့မှာ ကိုယ်တိုင်ပဲ အလှဆင်ပြီးခဲနေလေရဲ့…

(၁၄)

ပုံကို သေချာကြည့် ကြည့်လိုက်ကြနော်… ဂေါက်ကျင်းကို မိုးကြိုးပစ်ခံရတာပါ။

ကံပါလာရင် ဂေါက်ကျင်းသေးသေးလေးတောင် မိုးကြိုးပစ်ခံရနိုင်ပါတယ်။

(၁၅)

ဒီအပင်ကြီးကို အပြင်ရော အတွင်းရော အခုလို မီးစွဲအောင် ၅ ရက်တောင်ကြာပါတယ်။

ဒီလိုအပင်မျိုးတွေ သာအများကြီး တောထဲမှာ ရှိရင် တောမီးလောင်တဲ့ အဖြစ်အပျက်တွေ တော်တော်လေး လျော့နည်းသွားလောက်ပါလိမ့်မယ်။

(၁၆)

စီးလာတဲ့ ဖိနပ်နှင့် စက်လှေကားနှင့် တစ်ဆက်တည်း ဖြစ်သွားတဲ့အခါမှာတော့…

(၁၇)

ရေခဲသေတ္တာမှာတောင် မီးအလင်းရှိသေးတာပဲ။

အိမ်သာခွက်ထဲမှာရော ဘာလို့ မီးမဆင်ရမှာလည်း… နော်

(၁၈)

ဌက်ကုလားအုပ် ဥတောင် ရောင်းနေတဲ့ စူပါမားကတ်လည်း ရှိပါသတဲ့…

သင်တို့ အနီးအနားကဆိုင်မှာကော ဒီလို ပေါက်ပေါက်ရှာရှာ ဥတွေများရောင်းကြသေးလား

(၁၉)

ဆောင်းရာသီမှာ ရေတွေခဲတတ်တာ မထူးဆန်းပေမယ့် အခုလိုမျိုး ဝိုင်ပုလင်းပုံ မျိုး ခဲနေတာကတော့ အံ့သြစရာပါပဲ။

ကြည့်ရတာ တံငါနားနီး တံငါ..ဝိုင်ကြိုက်သူအိမ်မှာ ဝိုင်ပုလင်း ရေခဲပုံပေါ့ ..မကောင်းပေဘူးလား

(၂၀)

ဓားကို ဒီလောက်တောင် ဖြစ်သွားအောင် ဘယ်လို ကျောက်နှင့်များ သွေးလိုက်ပါ့လိမ့်

(၂၁)

နှင်းဖုံးနေတဲ့ ခရစ်စမတ်မီးလေးတွေပါ။

နှင်းဖုံးနေတာတောင် မပျောက်သွားဘဲ အခုလိုမျိုး မြင်လိုက်ရတာတောင်ပိုလှသွားလို့ စိတ်ကြည်နူးသွားရပါတယ်။

(၂၂)

သစ်ပင် ပင်စည်တွေကို မြင်ဖူးသမျှထဲမှာတော့ အခုလိုမျိုး မပါဘူးနော်..

မသိရင် ကိုယ်တိုင်ပဲ ပုံဖော်ထားသလိုလို

(၂၃)

လီဂို အရုပ်တွေကလည်း ဒီနေရာမှာ အသုံးဝင်လာနိုင်ပါတယ်။

လီဂို ရုပ်တွေပဲ စုနေတဲ့ သူတွေကို အမြင်မစောင်းကြပါနဲ့အုံး

(၂၄)

အမလေး.. ကြက်သီးထစရာကောင်းလိုက်တဲ့ မြင်ကွင်း။

မြွေက အဲ့လိုမျိုး ခန္ဓာကိုယ်ကို ထုတ်ချောင်းကြီးထောင်ထားသလို ဖြစ်နေတာ အခုမှပဲမြင်ဖူးပါတော့တယ်။

(၂၅)

အုတ်မြစ်မခိုင်ဘဲ အိမ်မဆောက်လို့ မရဘူးဆိုတာကို သက်သေနှင့် တကွငြင်းပယ်လိုက်တဲ့ အိမ်ပိုင်ရှင်.အိမ်ထဲမှာ နေနေတဲ့ သူတွေတော့ မသိဘူး။

အဲ့ဒီအုတ်နံရံကို သွားမှီရဲမယ့်သူ ရှိမယ်မထင်ပါဘူး။

(၂၆)

ကတ္တရာလမ်းမလို့ ထင်ထားတဲ့ အရာတွေတောင် အတုဖြစ်နိုင်ပါတယ်နော်။

(၂၇)

ဘယ်သူမှ မစဉ်းစားမိလောက်မယ့် ခရစ်စမတ် အငွေ့အသက်နှင့် မျက်ခုံးမွှေးပြင်ဆင်နည်း

(၂၈)

ဒီပုံကတော့ မိုးကြိုးမုန်တိုင်း တစ်ခု လာတော့မယ့်အချိန်ကို မိမိရရ ရိုက်ကူးမိထားတာပဲ ဖြစ်ပါတယ်။

(၂၉)

လူတွေမှာလည်း အများနဲ့ မတူပဲ တစ်မူထူးခြားစွာ မွေးလာခဲ့တဲ့သူတွေ ရှိပါတယ်။ ထိုနည်းတူပဲ ဒီ ပင့်ကူလေးလည်း အခြား ပင့်ကူတွေနဲ့ မတူပဲ တမူထူးခြားစွာပဲ သူ့ခန္ဓာကိုယ်မှာ အရောင်တွေ ခြည်သထားတာက ညီညာလွန်းနေပါတယ်။

တစ်ခါတစ်လေတော့လည်း သဘာဝတရားကြီးက အရမ်းကို အံ့သြဖို့ ကောင်းလှပါတယ်။

(၃၀)

ဒါကတော့ ကြက်တစ်ကောင်ရဲ့ နောက်ကျောကို ရိုက်ထားတာပဲ ဖြစ်ပြီး အဆိုပါကြက်ရဲ့ အရောင်အသွေးကတော့ အတော်လေးကို လှပနေတယ်လို့ ပြောလို့ရပါတယ်။

ပရိသတ်တို့ရေ မဖြစ်နိုင်ပါဘူးဆိုတဲ့ ကြားက ဖြစ်ပျက်သွားတဲ့ ဓာတ်ပုံတွေထဲက ဘယ်ပုံတွေကများ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါသလည်း…

ကိုယ်ရော မဖြစ်နိုင်တဲ့အရာမရှိပါဘူးဆိုတဲ့ အချက်ကိုလက်ခံနိုင်ပါသလား။

ကိုယ့်ရဲ့ အမြင်လေးကို လည်း ပြန်လည်မျှဝေခဲ့စေချင်ပါတယ်။

Ref:BrightSide

  • Leave a Comment

Categories