ချစ်ဖို့ကောင်းလွန်းတဲ့ ရုပ်ရည်နဲ့ တောင့်တင်းသန်မာလွန်းတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတဲ့ မိန်းကလေး (ရုပ်သံ)

တောင်ကိုးရီးယားနိုင်ငံမှာနေထိုင်တဲ့ အသက် 34 နှစ်အရွယ် Yeon-woo Jhi အမည်ရှိတဲ့ မိန်းကလေးဟာ တစ်ချိန်တုန်းက ပိန်သွယ်လွန်းတဲ့မိန်းကလေးဖြစ်ခဲ့ဖူးတယ်လို့ ပြောရင် မယုံနိုင်လောက်အောင်ပါပဲ ။ သူမဟာ လက်ရှိမှာတော့ ချစ်ဖို့ကောင်းပြီး မိန်းမဆန်တဲ့ရုပ်ရည် နဲ့ ဗလတွေနဲ့ ယောင်္ကျားတစ်ယောက်လို တောင့်တင်းသန်မာလွန်းတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားသူပါ ။ သူမဟာ အရင်ချိန်တွေတုန်းက အရမ်းပိန်လွန်းလို့ လွန်းခဲ့တဲ့ 14 နှစ်ကစပြီး သူမရဲ့နေအိမ်အနီးမှာရှိတဲ့ gym အားကစားရုံသို့ သွားပြီး ပိုသန်မာအောင် ဆော့ကစားခဲ့ပါတယ် ။ အစပိုင်းမှာတော့ အားနည်းတဲ့လူတစ်ယောက်ပုံစံမျိုးမဖြစ်အောင် ဆော့ကစားခဲ့တာဆိုပေမဲ့လည်း နောက်ပိုင်းမှာတော့ 2013 ခုနှစ်က ကျင်းပခဲ့တဲ့ Arnold Classic Europe Amateur မှာ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ပြီး 2015 ခုနှစ်မှာတော့ Pro တစ်ယောက်ဖြစ်လာခဲ့ပါတယ် ။

သူမရဲ့ဓာတ်ပုံတွေဟာ online ပေါ်မှာ အတော်လေးကို ရေပန်းစားလျက်ရှိပြီး အရုပ်မလေးမျက်နှာ နဲ့ ဗလတောင့်တင်တဲ့ခန္ဓာကိုယ်နဲ့မိန်းကလေး ဆိုပြီး သူမကိုလူအများက ခေါ်ဆိုလေ့ရှိပါတယ် ။ သူမဟာ Instagram မှာ followers ပေါင်းများစွာရရှိထားသူဖြစ်တဲ့အပြင် တောင်ကိုးရီးယားနိုင်ငံရဲ့ TV အစီအစဉ်တွေမှာလည်း မကြာခဏပါရှိသူဖြစ်ပါတယ် ။

Jasmine (KB Chimmy)

Source : odditycentral

Zawgyi

ေတာင္ကိုးရီးယားႏိုင္ငံမွာေနထိုင္တဲ့ အသက္ 34 ႏွစ္အရြယ္ Yeon-woo Jhi အမည္႐ွိတဲ့ မိန္းကေလးဟာ တစ္ခ်ိန္တုန္းက ပိန္သြယ္လြန္းတဲ့မိန္းကေလးျဖစ္ခဲ့ဖူးတယ္လို႔ ေျပာရင္ မယံုႏိုင္ေလာက္ေအာင္ပါပဲ ။ သူမဟာ လက္႐ွိမွာေတာ့ ခ်စ္ဖို႔ေကာင္းၿပီး မိန္းမဆန္တဲ့႐ုပ္ရည္ နဲ႔ ဗလေတြနဲ႔ ေယာက်ၤားတစ္ေယာက္လို ေတာင့္တင္းသန္မာလြန္းတဲ့ ခႏၶာကိုယ္မ်ိဳး ပိုင္ဆိုင္ထားသူပါ ။ သူမဟာ အရင္ခ်ိန္ေတြတုန္းက အရမ္းပိန္လြန္းလို႔ လြန္းခဲ့တဲ့ 14 ႏွစ္ကစၿပီး သူမရဲ႕ေနအိမ္အနီးမွာ႐ွိတဲ့ gym အားကစားရံုသို႔ သြားၿပီး ပိုသန္မာေအာင္ ေဆာ့ကစားခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ အားနည္းတဲ့လူတစ္ေယာက္ပံုစံမ်ိဳးမျဖစ္ေအာင္ ေဆာ့ကစားခဲ့တာဆို​ေပမဲ့လည္း ေနာက္ပိုင္းမွာေတာ့ 2013 ခုႏွစ္က က်င္းပခဲ့တဲ့ Arnold Classic Europe Amateur မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ အႏိုင္ရခဲ့ၿပီး 2015 ခုႏွစ္မွာေတာ့ Pro တစ္ေယာက္ျဖစ္လာခဲ့ပါတယ္ ။

သူမရဲ႕ဓာတ္ပံုေတြဟာ online ေပၚမွာ အေတာ္ေလးကို ေရပန္းစားလ်က္႐ွိၿပီး အ႐ုပ္မေလးမ်က္ႏွာ နဲ႔ ဗလေတာင့္တင္တဲ့ခႏၶာကိုယ္နဲ႔မိန္းကေလး ဆိုၿပီး သူမကိုလူအမ်ားက ေခၚဆိုေလ့႐ွိပါတယ္ ။ သူမဟာ Instagram မွာ followers ေပါင္းမ်ားစြာရ႐ွိထားသူျဖစ္တဲ့အျပင္ ေတာင္ကိုးရီးယားႏိုင္ငံရဲ႕ TV အစီအစဥ္ေတြမွာလည္း မၾကာခဏပါ႐ွိသူျဖစ္ပါတယ္ ။

Jasmine (KB Chimmy)

  • Leave a Comment

Categories