ခွေးကလေးနှင့်အတူ လမ်းလျှောက်ထွက်ရင်း သစ်ပင်တစ်ပင်အရောက်တွင် ခွေးကဆက်တိုက်ဟောင်ပြီး လက်ကလေးဖြင့် ကုတ်ခြစ်ပြလို့ တူးကြည့်လိုက်ရာမှ ရွေဒင်္ဂါးများတွေ့ခဲ့ပြီး ဘီလျံနာဖြစ်သွားသည့် ဇနီးမောင်နှံ

ဘဝရှင်သန်ရေးအတွက် ခက်ခဲပင်ပန်းစွာဖြင့် ရှာဖွေနေသောငွေကြေးများအတွက် ရွှေအိုးတွေရှိသည့်နေရာကို လမ်းပြပေးသည့် ခွေးကလေးမျိုး လူတိုင်းအလိုရှိမှာသေချာပါတယ်။ယခုတွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သော လင်မယားနှစ်ဦးဟာ မနက်တိုင်းကို ခွေးကလေးနှင့် လမ်းလျှောက်ထွက်ခဲ့ပါတယ်။

တစ်နေ့တွင် လမ်းလျှောက်ရင်း သစ်ပင်တစ်ပင်အရောက်တွင် ခွေးကလေးက အပင်ခြေရင်းကို ကြည့်ကာဆက်တိုက်ဟောင်ပြပြီး မြေကြီးများကို လက်ဖြင့်ကုတ်ခြစ်ပြခဲ့ပါတယ်။ထို့ကြောင့် တူးဖော်ကြည့်ခဲ့ရာမှ ၁၈၄၇ခုနှစ်ကထုတ်လုပ်ခဲ့သော ရှေးဟောင်းဒင်္ဂါးဟောင်း ၁၄၂၇ခုအထိကို တွေ့ရှိခဲ့ရပါတယ်။

ထိုရွှေဒင်္ဂါးများကြောင့်လည်း လင်မယားနှစ်ဦးဟာ ချက်ချင်းပင် ဘီလီယံနာသူဋ္ဌေးဘဝသို့ ရောက်ရှိခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories