လေယာဉ်ပေါ်မှာ ချစ်သူကောင်လေးဆီကနေ ရိုမက်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခံရပြီးနောက် မထင်မှတ်ပဲ အလုပ်ပြုတ်သွားရသည့် လေယာဉ်မယ်မလေး

လောကကြီးတွင် လူသားတိုင်းက ကိုယ်ချစ်တဲ့သူနှင့်သာ သက်ဆုံးတိုင် လက်တွဲသွားချင်ကြပြီး ကိုယ့်ကိုတန်ဖိုးထား၍ လက်ထပ်ခွင့်တောင်းခံရချိန်တွင်လည်း အပျော်ဆုံးဖြစ်ကြရသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၂၆နှစ်အရွယ် မိန်းကလေးတစ်ဦးသည် Xi’anကနေ Yichuanသို့ ထွက်ခွာပျံသန်းမည့် China Eastern Airlinesတွင် လေယာဉ်မယ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

တစ်နေ့တွင် လေယာဉ်ကြီးပျံသန်းပြီး နာရီဝက်အကြာတွင် လေယာဉ်မယ်လေးရဲ့ ချစ်သူကောင်လေးသည် ရုတ်တရက်ထွက်ပေါ်လာပြီး ပန်းစည်း၊ စိန်လက်စွပ်တို့နှင့်အတူ ရိုမက်တစ်ဆန်ဆန် ဒူးထောက်ပြီးတော့ ခရီးသည်တွေရှေ့မှာပဲ လက်ထပ်ခွင့်တောင်းခဲ့သည်။

လေယာဉ်မယ်လေးသည်လည်း ချစ်သူသက်တမ်း ၄နှစ်အကြာ တွဲလာခဲ့သော ချစ်သူကောင်လေးကို ငြင်းရက်စရာမရှိပဲ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် လက်ခံခဲ့ပြီး အပျော်ကြီးပျော်နေခဲ့သည်။

သို့သော်လည်း လေကြောင်းလိုင်းခေါင်းဆောင်တစ်ဦးသည် ထိုအဖြစ်ကို ကြားသိပြီး လေယာဉ်မယ်ဝန်ထမ်းမလေးရဲ့လုပ်ရပ်အတွက် မကျေမနပ်ဖြစ်ကာ တာဝန်ချိန်ဖြစ်နေ၍ ခရီးသည်တွေကို ဂရုမစိုက်ပဲ ကိုယ်ရေးကိုယ်တာကိုဦးစားပေးနေလို့ဆိုပြီး အလုပ်ထုတ်ပစ်ခဲ့သည်။

video

Rain (For Ialinks)

Zawgyi







Rain (For Ialinks)

  • Leave a Comment

Categories