အထက်တန်းကျောင်းကတည်းက ချစ်ကြိုက်လာခဲ့ကြတဲ့ ၎င်းတို့ရဲ့အချစ်ဇာတ်လမ်းကို မျှဝေခဲ့ပြီးနောက် လူကြိုက်များလာတဲ့ ချစ်သူစုံတွဲ

Koh Yeefon အမည်ရှိအမျိုးသားတစ်ဦး ဟာ အထက်တန်းကျောင်းသူချစ်သူ Sim Jia Ning အမည်ရှိမိန်းကလေး နှင့် သူတို့ရဲ့ ၈ နှစ်တာဆက်ဆံရေးအကြောင်းကို Facebook မှာဝေမျှခဲ့ပြီးနောက် လူကြိုက်များခဲ့ပါတယ်။ Koh ဟာ ၂၀၁၂ မှာ အခြားအထက်တန်းကျောင်းသို့ပြောင်းရွှေ့ပြီးနောက် ထိုကျောင်းရဲ့ဘော်လီဘောအသင်းက Sim နဲ့စတင်တွေ့ဆုံခဲ့ပါတယ်။ ၎င်းတို့ကအစပိုင်းမှာ တစ်ဦးနှင့်တစ်ဦးစိမ်းနေခဲ့ကြတာကြောင့် Koh က Sim ကို အနေအေးတဲ့ type လို့ထင်ခဲ့ပါတယ်။ Koh ဟာ ကျောင်းဆင်းချိန်ခေါင်းလောင်းသံကြားတိုင်း ကျောင်းကွင်းရှိအိမ်ပြန်နေကြတဲ့လူအုပ်ကြီးမှ Sim ကိုအော်ခေါ်တဲ့အခါ Sim က သူ့ဘက်လှည့်လာပြီး ပြုံးပြလိုက်တဲ့အပြုံးက ပြန်တွေးတိုင်း သူ့နှလုံးသားကိုတုန်လှုပ်စေခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ နောက်ပိုင်း သူတို့နှစ်ဦးပိုမိုရင်းနှီးလာပြီး နောက်တစ်နှစ်အကြာ ၂၀၁၃ မှာ Koh က သူ့ရဲ့ခံစားချက်ကိုဝန်ခံခဲ့ပြီး သူတို့ရဲ့အချစ်ရေးကိုအစပြုခဲ့ကြပါတယ်။

Koh က ၎င်းတို့တွဲပြီးတဲ့နောက်မှာ သူမနဲ့အတူရှိနေတဲ့သူ့ရဲ့နေ့ရက်များက ဘယ်လိုတွေပြည့်စုံစေခဲ့လဲဆိုတာကိုပါ ပြောပြခဲ့ပါတယ်။ တက်မဲ့တက္ကသိုလ်ကိုရွေးတဲ့နေ့များမှာ Koh က Sim နှင့် အနေမဝေးချင်တာကြောင့် သူ မရွေးချယ်ခဲ့တဲ့ UTAR တက္ကသိုလ်မှာ ကျောင်းအပ်ကာ သူတက်လိုတဲ့တက္ကသိုလ်ကိုပါ စွန့်လွှတ်ခဲ့ပါတယ်။

၎င်းတို့နှစ်ဦးဟာ တက္ကသိုလ်ဒုတိယနှစ်မှာ အကြီးအကျယ်ရန်ဖြစ်ခဲ့ကြပေမဲ့ တစ်ဦးနဲ့တစ်ဦးဘယ်တုန်းကမှမထားသွားခဲ့ကြသလို စိန်ခေါ်မှုမျိုးစုံကိုပါ အတူတကွဖြတ်သန်းခဲ့ကြပုံကိုလည်း ပြောပြခဲ့ကြပါတယ်။ ဘွဲ့နှင်းသဘင်ထဲရှိဓာတ်ပုံအတူရိုက်တဲ့နေ့မှာတော့ Koh ဟာ Sim က သူ့တစ်ယောက်တည်းအတွက်သာဖြစ်ရမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

၂၀၁၈ မှာတော့ ၎င်းတို့ဟာ စုံတွဲတက်တူးတွေတောင်ထိုးခဲ့ကြကြောင်းကို Koh က ” အဲ့တာက တကယ်နာကျင်တယ် ၊ဒါမဲ့ ငါလက်မလျော့ခဲ့ဘူး၊ ငါတို့တက်တူးထိုးဖို့ ဆုံးဖြတ်လိုက်တာနဲ့ သူမက ငါ့ဘ၀တစ်လျှောက်လုံးအတွက်ဘဲလို့ တွေးခဲ့တယ်”လို့ ဆိုခဲ့ပါတယ်။

ဘွဲ့ရပြီးတဲ့နောက် ၎င်းတို့ဟာ အွန်လိုင်းစီးပွားရေးတစ်ခုကို အတူတကွလုပ်ခဲ့ကြပါသေးတယ်။ ၂၀၂၁ မှာတော့ Sim ဟာ သွားနှင့်ခံတွင်းခွဲစိတ်မှုအပြီးမှာ အကိုက်အခဲပျောက်ဆေးများရဲ့ဘေးထွက်ဆိုးကျိုးအချို့ကြောင့် သူမရဲ့အစာအိမ်နှင့်ကျောက်ကပ်ကိုထိခိုက်စေခဲ့ပြီး ဆေးရုံတက်ခဲ့ရပါတယ်။ Koh က သူမဆေးရုံမှပြန်လည်သက်သာလာတဲ့ ၆ရက်တာကာလအတွင်း သူမရဲ့အနားမှာ ရှိနေပေးခဲ့ပါတယ်။ ထို့နောက် Sim ဟာ သူမဆေးရုံမဆင်းခင်လေးမှာ အမေဖြစ်သူဆီကနေ စာတိုတစ်စောင်လက်ခံရရှိပါတယ်။

၎င်းစာတိုက သမီး သူ့ကိုလက်ထပ်နိုင်တယ်လို့ ရေးသားထားခဲ့တဲ့အကြောင်းကို Sim က Koh အား ပြောပြလိုက်ပြီး​နောက် Koh ဟာ ဆေးရုံသို့ လာရောက်လည်ပတ်တဲ့ Sim ရဲ့သူငယ်ချင်းတစ်ဦးမှယူလာတဲ့ပန်းစည်းထဲကပန်းတစ်ပွင့်ကိုကောက်ယူလိုက်ပြီး Sim အား ” ငါဆေးရုံတစ်ခုမှာ မင်းကို ချစ်ခွင့်ပန်ရလိမ့်မယ်လို့ တစ်ခါမတွေးခဲ့ဖူးဘူး ၊ ငါကြိုတင်မပြင်ဆင်ထားခဲ့ရဘူး ၊ ဒါမဲ့ ငါတို့နှလုံးသားတွေရဲ့အဖြေကို ငါတို့သိပြီးသားပါ ” လို့ပြောပြီး သူနဲ့လက်ထပ်ရန် တောင်းဆိုခဲ့ပါတယ်။

၎င်းတို့စုံတွဲဟာ ပြီးခဲ့တဲ့မေလမှာလက်ထပ်ခဲ့ကြပြီး ပြီးခဲ့တဲ့ တနင်္လာမှာ ၎င်းတို့ရဲ့အိမ်ထောင်သက်တမ်းရက်ပေါင်း ၁၀၀ ပြည့်ရက်ကို ကျင်းပခဲ့ကြပါသေးတယ်။ မိန်းမဖြစ်သူအတွက် ရည်စူးထားခဲ့တဲ့ Koh ရဲ့အဆိုပါ post ဟာ shareပေါင်း ၁၉,၀၀၀ ကျော်ရရှိခဲ့ပြီး မှတ်ချက်ပေးသူအများအပြားကလည်း သူနှင့်သူ့ဇနီးတို့အတွက် ဆုတောင်းစကားများစွာဖြင့် ဆုမွန်တောင်းပေးခဲ့ကြပါတယ်။

Mia (KB Chimmy One)

Reference : mothership

  • Leave a Comment

Categories