လူသားတိုင်းသည် တစ်ခုခုကို အာရုံစိုက်လိုက်တာနဲ့ လုပ်လက်စအရာများကို ခဏတဖြုတ်မေ့သွားတာမျိုးတွေ ဖြစ်တတ်ကြလေ့ရှိသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ မိခင်တစ်ဦးသည် အိမ်မှာနေရင်း ကလေးထိန်းခြင်းဖြင့် အချိန်ကုန်ရကာ နေ့ခင်းဖက်တွင် ပျင်းလာသည်နှင့် ဖုန်းလေးကိုကောက်ကိုင်ပြီး လိုင်းပေါ်က ဇာတ်ကားလေးတွေကို စိတ်ဝင်တစားနဲ့ ကြည့်နေခဲ့သည်။
မိခင်ဖြစ်သူသည် ဖုန်းကြည့်ရင်းနဲ့ ကလေးကို ပွေ့ချီထားခဲ့ရာ ခြေထောက်တစ်ဖက်က ကိုယ်တိုင်ပင် သတိမထားမိပဲ ကလေးနေအောင် ချော့မြူဟန်နှင့် တွန်းလှည်းလေးကို လှုပ်ခတ်နေခဲ့သည်။
မိခင်ဖြစ်သူသည် ဖုန်းထဲပဲအာရုံရောက်နေရာ သုံးနာရီလောက်အကြာတွင် သူမရဲ့ကလေးကို သတိရသွားပြီး တွန်းလှည်းထဲလှမ်းကြည့်လိုက်ရာ မတွေ့တော့သဖြင့် စိတ်ပူပြီး ထရှာနေတော့သည်။
အမှန်တကယ်တော့ ကလေးက ဘယ်မှပျောက်သွားတာမဟုတ်ပဲ သူမလက်ထဲမှာ ပွေ့ချီထားတာကို မေ့သွားခဲ့ရာ အသံကြားမှ သားငယ်လေးကိုတွေ့ပြီး ပွေ့ဖက်နေသော အဖြစ်အပျက်လေးအား တိုက်ခန်းရဲ့ CCTVကနေတဆင့် မှတ်တမ်းတင် ရိုက်ကူးထားမိခဲ့ရာကနေ လူမှုကွန်ယက်ထိပါ နာမည်ကြီးလာခဲ့သည်။
Rain (For Ialinks)
Zawgyi
ဖုန်းထဲပဲအာရုံရောက်နေ၍ သားငယ်လေးအား လက်ကပွေ့ချီထားတာကိုမေ့သွားပြီး စိုးရိမ်တကြီးနဲ့ ထရှာနေသော မိခင်တစ်ဦးရဲ့အဖြစ်
Rain (For Ialinks)