လက်နှစ်ဖက်လုံးဆုံးရှုံးလိုက်ရသော်လည်း သမီးလေးကို ခြေထောက်အား အသုံးပြုပြီးတော့ သာမန်မိခင်တွေလို ပြုစုပျိုးထောင်ပေးနေသည့် ကြင်ဖော်မဲ့မိခင်တစ်ဦး

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် နေထိုင်သော အသက်၄၀အရွယ် အမျိုးသမီးတစ်ဦးသည် ငယ်စဉ်တည်းက မိဘတွေနှင့်အတူ ယာဉ်မတော်တဆဖြစ်ခဲ့ပြီး လက်နှစ်ဖက်စလုံးကို အပြီးပိုင် ဆုံးရှုံးသွားခဲ့ရသည်။

အမျိုးသမီးသည် သူမမှာ လက်နှစ်ဖက်မရှိတော့သည့်အတွက် အစစအရာရာလုပ်ကိုင်ဖို့ ခြေထောက်ကိုသာ အသုံးပြုခဲ့ရပေမယ့် ချက်ပြုတ်ရေးရာနှင့် မိတ်ကပ်အလှပြုပြင်ရေးတို့ကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

အမျိုးသမီးသည် ကံဆိုးစွာပဲ အချစ်စစ်နှင့်ချစ်ပေးနေသည်ဟု ယုံကြည်ထားသော သူမရဲ့ချစ်သူကောင်လေးမှာ ကိုယ်ဝန်ရချိန်တွင် တာဝန်မယူပဲ ထားသွားခဲ့သည်။

သို့ပေမယ့် အမျိုးသမီးသည် ကိုယ်ဝန်ကိုဖျတ်မချပဲ ချစ်စဖွယ် သမီးလေးကို မွေးဖွားခဲ့ရာ သူမရဲ့ခြေထောက်တွေကိုသာ အားကိုးပြီး ပြုစုစောင့်ရှောက်ပေးခဲ့ရာ အခြားသောမိခင်တွေလောက်တော့ မမြန်ပေမယ့် အကောင်းဆုံး ပြုစုပျိုးထောင်နိုင်ခဲ့ခြင်းဖြင့် အများရဲ့ အားပေးချီးကျူးခြင်းများစွာကို ခံခဲ့ရသည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories