ထူးထူးဆန်းဆန်း ငါးရဲ့ဗိုက်ထဲကို ရွှေဆွဲကြိုးတစ်ကုံးထည့်ပြီး ဇနီးကို surprise လုပ်ပေးခဲ့တဲ့ အမျိုးသား

သင့်ရဲ့ဘဝလက်တွဲဖော်က သင့်အား လက်ဆောင်တွေ သို့မဟုတ် အချို့သော ဝန်ဆောင်မှုဆိုင်ရာလုပ်ရပ်များဖြင့် သင့်ကို အံ့အားသင့်စေတဲ့အခါတိုင်း ၎င်းတို့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် သင်ဟာ အချစ်ခံရပြီး မြတ်နိုးတန်ဖိုးထားခံရတဲ့လူတန်းစားဆိုပြီး ကိုယ့်ကို ဂုဏ်ယူသွားတဲ့အချိန်တွေ ရှိနေမှာပါ။ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် စက်တင်ဘာလက Munirah Mohd Shalleh အမည်ရှိပြီး Facebook မှာ SisBulan လို့ လူသိများတဲ့ မလေးရှားအမျိုးသမီးဟာ သူမခင်ပွန်းက ငါးတစ်ကောင်ရဲ့ဝမ်းဗိုက်ထဲကို ရွှေဆွဲကြိုးတစ်ကုံးထည့်ပြီး သူမအား surprise လုပ်ခဲ့တဲ့အကြောင်းကို မျှဝေပြောပြခဲ့ပါတယ်။အဆိုပါ post ဟာ စတင်မျှဝေပြီးချိန်မှစပြီး လူသိများသွားကာ 3k share အထိ ရှိသွားခဲ့ပါတယ်။

သူမဟာ ခင်ပွန်းဖြစ်သူ အလုပ်မသွားခင်မှာ ရေခဲသေတ္တာထဲကနေ ၎င်းငါးကို ထုတ်လိုက်ပါတယ်။ထို့နောက် SisBulan ဟာ ခင်ပွန်းဖြစ်သူက ဒီနေ့မနက်မှာ သူ့အား ငါးဟင်းချက်ကျွေးဖို့ ပူဆာနေခဲ့ပြီး ငါးကို ရိုးရိုးမချက်ဘဲ Tom Yam ပုံစံမျိုးဖြင့် ညစာစားချင်တယ်လို့ ချစ်စရာကောင်းတဲ့စကားပြောဆိုနေခဲ့ကြောင်းကို ပြောပြခဲ့ပါတယ်။နောက်ဆုံးမှာ သူမက ငါးကို ချက်ပြုတ်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ခင်ပွန်းဖြစ်သူရဲ့ ငါးစပရိုက်ကို သဘောပေါက်သွားခဲ့ရပါတယ်။သူမဟာ ငါးရဲ့ဝမ်းဗိုက်ထဲက ‘ Happy B’day Sayang ’ ဆိုတဲ့ စာတမ်းနှင့်အတူ ပလပ်စတစ်အိတ်နဲ့ထုပ်ထားတဲ့ ရွှေကြိုးတစ်ကုံးကို တွေ့ရှိခဲ့ရပါတော့တယ်။

“ သူက ကျွန်မကို အရင်က တစ်ခုခုချက်ပြုတ်ပေးဖို့ တစ်ခါမှ မတောင်းဆိုဖူးပေမဲ့ ကျွန်မက သူ့ကို နည်းနည်းလေးမှတောင် သံသဃမဖြစ်ခဲ့ဘူး ၊ မနေ့က အဲ့ဒီငါးကို ကျွန်မဝယ်လာပြီး မချက်အားသေးလို့ ရေခဲသေတ္တာထဲထည့်ထားခဲ့တာ ၊ အဲ့တာကို သူမနေ့ညက ထုတ်ကြည့်သေးတယ် ၊ အဲ့တာကို ကျွန်မ မရိပ်မိခဲ့ဘူး” လို့ ဆိုပါတယ်။ကြည့်ပုံအရ ခင်ပွန်းဖြစ်သူက သူမကို ဆန်းပြားတဲ့စပရိုက်လေးတိုက်ဖို့ အဲ့ဒီညကတည်းက တိတ်တခိုးလုပ်ခဲ့ရပုံပါဘဲ။

“ တစ်ချိန်တည်းမှာဘဲ ကျွန်မ bling blingဖြစ်နေတဲ့အရာတစ်ခုကို တွေ့လိုက်ရပြီး မျက်ရည်ဝဲသွားခဲ့ရတယ် ၊ ကျေးဇူးအရမ်းတင်တယ် ယောင်္ကျားရေ ၊ ဘုရားသခင်က ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို ချစ်ခြင်း ၊ ရက်ရောခြင်းတို့နဲ့ အမြဲကောင်းချီးပေးပါစေ” လို့ သူမက အဆုံးသတ်ပေးခဲ့ပါတယ်။ဒီအဖြစ်အပျက်လေးက သူတို့ဇနီးမောင်နှံအတွက် အရမ်းကို ချိုမြိန်စေသွားမှာပါ။တစ်ကယ်တော့ မိန်းကလေးတွေအတွက်က surprise တွေ ၊ ဘာတွေ မလိုပါဘူးလို့ ပြောမရပါဘူး။ အဲ့ဒီ surprise လေးကဘဲ သူတို့အတွက် အမြဲအမှတ်တရဖြစ်စေတာမို့ တစ်ခေါက်လောက်တော့ မဖြစ်မနေ လုပ်ပေးသင့်ပါတယ်။စာဖတ်သူတို့ကော ကိုယ့်ရဲ့ဘဝလက်တွဲဖော်ကို ဘယ်လို နည်းလမ်းနဲ့ စပရိုက်လုပ်ပေးဖို့ စဉ်းစားထားမိပါသလဲ။

Credit : Mia (Mckzone Daily)

Zawgyi

သင့္ရဲ႕ဘဝလက္တြဲေဖာ္က သင့္အား လက္ေဆာင္ေတြ သို႔မဟုတ္ အခ်ိဳ႕ေသာ ဝန္ေဆာင္မႈဆိုင္ရာလုပ္ရပ္မ်ားျဖင့္ သင့္ကို အံ့အားသင့္ေစတဲ့အခါတိုင္း ၎တို႔ရဲ႕ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ သင္ဟာ အခ်စ္ခံရၿပီး ျမတ္ႏိုးတန္ဖိုးထားခံရတဲ့လူတန္းစားဆိုၿပီး ကိုယ့္ကို ဂုဏ္ယူသြားတဲ့အခ်ိန္ေတြ ရွိေနမွာပါ။ၿပီးခဲ့တဲ့ ၂၀၂၀ခုႏွစ္ စက္တင္ဘာလက Munirah Mohd Shalleh အမည္ရွိၿပီး Facebook မွာ SisBulan လို႔ လူသိမ်ားတဲ့ မေလးရွားအမ်ိဳးသမီးဟာ သူမခင္ပြန္းက ငါးတစ္ေကာင္ရဲ႕ဝမ္းဗိုက္ထဲကို ေ႐ႊဆြဲႀကိဳးတစ္ကုံးထည့္ၿပီး သူမအား surprise လုပ္ခဲ့တဲ့အေၾကာင္းကို မွ်ေဝေျပာျပခဲ့ပါတယ္။အဆိုပါ post ဟာ စတင္မွ်ေဝၿပီးခ်ိန္မွစၿပီး လူသိမ်ားသြားကာ 3k share အထိ ရွိသြားခဲ့ပါတယ္။

သူမဟာ ခင္ပြန္းျဖစ္သူ အလုပ္မသြားခင္မွာ ေရခဲေသတၱာထဲကေန ၎ငါးကို ထုတ္လိုက္ပါတယ္။ထို႔ေနာက္ SisBulan ဟာ ခင္ပြန္းျဖစ္သူက ဒီေန႔မနက္မွာ သူ႔အား ငါးဟင္းခ်က္ေကြၽးဖို႔ ပူဆာေနခဲ့ၿပီး ငါးကို ႐ိုး႐ိုးမခ်က္ဘဲ Tom Yam ပုံစံမ်ိဳးျဖင့္ ညစာစားခ်င္တယ္လို႔ ခ်စ္စရာေကာင္းတဲ့စကားေျပာဆိုေနခဲ့ေၾကာင္းကို ေျပာျပခဲ့ပါတယ္။ေနာက္ဆုံးမွာ သူမက ငါးကို ခ်က္ျပဳတ္ေပးဖို႔ ဆုံးျဖတ္လိုက္တဲ့အခါ ခင္ပြန္းျဖစ္သူရဲ႕ ငါးစပ႐ိုက္ကို သေဘာေပါက္သြားခဲ့ရပါတယ္။သူမဟာ ငါးရဲ႕ဝမ္းဗိုက္ထဲက ‘ Happy B’day Sayang ’ ဆိုတဲ့ စာတမ္းႏွင့္အတူ ပလပ္စတစ္အိတ္နဲ႔ထုပ္ထားတဲ့ ေ႐ႊႀကိဳးတစ္ကုံးကို ေတြ႕ရွိခဲ့ရပါေတာ့တယ္။

“ သူက ကြၽန္မကို အရင္က တစ္ခုခုခ်က္ျပဳတ္ေပးဖို႔ တစ္ခါမွ မေတာင္းဆိုဖူးေပမဲ့ ကြၽန္မက သူ႔ကို နည္းနည္းေလးမွေတာင္ သံသဃမျဖစ္ခဲ့ဘူး ၊ မေန႔က အဲ့ဒီငါးကို ကြၽန္မဝယ္လာၿပီး မခ်က္အားေသးလို႔ ေရခဲေသတၱာထဲထည့္ထားခဲ့တာ ၊ အဲ့တာကို သူမေန႔ညက ထုတ္ၾကည့္ေသးတယ္ ၊ အဲ့တာကို ကြၽန္မ မရိပ္မိခဲ့ဘူး” လို႔ ဆိုပါတယ္။ၾကည့္ပုံအရ ခင္ပြန္းျဖစ္သူက သူမကို ဆန္းျပားတဲ့စပ႐ိုက္ေလးတိုက္ဖို႔ အဲ့ဒီညကတည္းက တိတ္တခိုးလုပ္ခဲ့ရပုံပါဘဲ။

Mia

  • Leave a Comment

Categories