ဂျာမနီနိုင်ငံ Aldiရှိ စူပါမားကတ်တစ်ခုတွင် ငွေရှင်းကောင်တာ၌ အလုပ်လုပ်သော အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် Tik Tokအရမ်းဆော့လွန်းကာ လူမှုကွန်ယက်တွင် သူမရဲ့အကဗီဒီဖိုင်တော်တော်များများသည် အတော်လေး လူကြိုက်များပြီး ရေပန်းစားလျက်ရှိသည်။
မိန်းကလေးသည် ငွေရှင်းကောင်တာမှာ အလုပ်လုပ်ကိုင်ခဲ့ရာ အလုပ်ယူနီဖောင်းနဲ့ပဲ နားချိန်လေးကို Tik Tokဆော့ခဲ့ရာ ဒေသတွင်းရှိကောင်လေးအများစုသည် သူမနဲ့အပြင်မှာဆုံတွေ့ရန်အတွက် အလုပ်လုပ်သည့် စူပါမားကတ်ဆီသို့ ဈေးဝယ်ထွက်ခဲ့ကြသည်။
မိန်းကလေးသည် အလုပ်လုပ်တာ တော်လွန်းလို့နာမည်ကြီးတာမျိုးမဟုတ်ပဲ သူမရဲ့ချစ်စရာကောင်းသော အကဗီဒီယိုလေးတွေကြောင့် လူသိများကာ အချို့သောကောင်လေးများသည် သူမနှင့်အမြဲဆုံတွေ့ချင်လို့ဆိုပြီး အခြားဆိုင်များသို့မသွားတော့ပဲ သူမရှိရာဆိုင်သို့သာ ဈေးလာဝယ်ကြ၍ အရင်ကထက် ပိုပြီးတော့ ရောင်းအားမြှင့်တက်နေတာကြောင့် သူဌေးဖြစ်သူမှ သဘောကျနေခဲ့သည်။
video
Rain (For Ialinks)
Zawgyi
အလုပ်ဝတ်စုံနဲ့အတူ Tik Tokဆော့ခဲ့ရာမှ သူမရဲ့အလှတရားအောက်မှာကြွေဆင်းပြီး ဆိုင်မှာ အရင်ကထက် ဈေးပိုရောင်းကောင်းနေသော မိန်းကလေးရဲ့အဖြစ်
Rain (For Ialinks)