၁နှစ်လောက်ရေမသောက်ဘဲ သဘာဝသစ်သီးဖျော်ရည်တွေကိုသာသောက်သုံးခဲ့တဲ့ အမျိုးသမီး(ရုပ်သံ)

ကျွန်တော်တို့ဆိုရင် တစ်နှစ်မပြောနဲ့ တစ်ရက်လေးတောင်မှ ရေမသောက်ရဘဲမနေနိုင်ပါဘူး။ ဒါပေမဲ့ အခုဖော်ပြပေးမဲ့ အင်ဒိုအမျိုးသမီး တစ်ဦးဟာရေမသောက်တာ အခုဆိုရင် တစ်နှစ်နည်းပါးလောက် ရှိနေပါပြီ ။ နောက်ပြီး ရေမသောက်သုံးခြင်းက သူမရဲ့ ကျန်းမာရေးကို ပိုပြီးကောင်းမွန် စေတယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံက Sophie Partik အမည်ရှိ အမျိုးသမီးတစ်ဦးဟာ အသက်၃၅နှစ်ရှိပြီဆိုပေမဲ့ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာကအလွန်ကောင်းမွန်ပြီး အသားအရေဟာလည်း လူငယ်တစ်ယောက်လို့ ကြည့်ကောင်းနေပါတယ်။ ဒါ့အပြင် သူမကိုယ်ထဲက ဓာတ်မတည့်တဲ့ အစာတွေလည်း ကုန်လွန်သွားပါပြီ။ ဘာကြောင့်လည်းဆိုရင်တော့ သူမဟာ ရေအစား သဘာဝသစ်သီးဖျော်ရည်ကိုသာ နေ့တိုင်းသောက်သုံးလို့ဘဲဖြစ်ပါတယ်။ Sophine ဟာ အစာအာဟာရ လမ်းညွှန်တဲ့ဆရာမတစ်ယောက်ဖြစ်သလို ယောဂဆရာမတစ်ယောက်လည်းဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် သူမရဲ့ မျက်နှာဟာ အမြဲရောင်ရမ်းနေတာကြောင့် ရုပ်ပိုင်းဆိုင်ရာအရ ခွဲစိတ်ဖို့ တောင် လိုတယ်ဆိုပြီး Sophine က ပြောပြခဲ့ပါသေးတယ်။နောက်တော့ သူမရဲ့ သူငယ်ချင်းတစ်ယောက်က ရေလျော့သောက်ဖို့ အကြံပြုခဲ့ပါတယ်။ အစတော့ သူမအတွက်ခက်ခဲပေမဲ့ အချိန်ကြာလာတော့ သူမလွယ်လွယ်ကူကူနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Sophine မိဘတွေရဲ့ ပြောဆိုချက်အရ အခုဆိုရင် Sophine ဟာ faucet နဲ့ ရေတွေကို ရှောင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ “အဲ့ဒီအရာတွေက ခန္ဓာကိုယ်အတွက် အမှန်တကယ်မလိုအပ်ပါဘူး။ နောက်ပြီး ခန္ဓာကိုယ်တွေကိုလည်း ဖောင်းပွစေနိုင်ပါတယ်။” လို့ Sophine က ပြောခဲ့ပါတယ်။ အခုဆိုရင် Sophine က သူမရဲ့ အသားအရေတွေ ခြောက်သွေ့ခြင်းမရှိတော့ဘဲ နူးညံ့ဖွေးအိနေတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

JRose (KB Chimmy)

Reference : elitereaders

Zawgyi




JRose (KB Chimmy)

  • Leave a Comment

Categories