တစ်ရေးတစ်မော အိပ်စက်အနားယူလေ့ရှိတတ်တဲ့ လူအတော်အများရဲ့ သိသာထင်ရှားတဲ့ သက်သေအထောက်အထားကတော့ သူတို့ရဲ့မျက်နှာပေါ်မှာ ဖိရာမျိုးထင်ကျန်ရစ်တတ်ကြတာပါပဲ ။ ဒီတစ်ခေါက် Twitter စာမျက်နှာပေါ်မှာ အတော်လေးရေပန်းစားနေခဲ့တဲ့ ဓာတ်ပုံလေးတွေထဲမှာတော့ ကောင်လေးတစ်ယောက်ရဲ့ ပါးပြင်ပေါ်မှာ အိမ်မြောင်တစ်ကောင်ရဲ့အရာ ထင်ကျန်ရစ်နေခဲ့တဲ့ပုံဖြစ်ပြီး ၊ နောက်ထပ်ဓာတ်ပုံတစ်ခုထဲမှာကတော့ စာအုပ်လေးပေါ်မှာ ပြားကပ်နေတဲ့အိမ်မြောင်တစ်ကောင်ရဲ့ပုံပါ ။
အကြောင်းကတော့ ကောင်လေးဟာ အိပ်စာလုပ်နေခဲ့ရင်း အိပ်ငိုက်လွန်းနေလို့ မခံနိုင်တော့ဘဲ နောက်ဆုံး စာအုပ်ပေါ်ဖြတ်ပြေးနေခဲ့တဲ့ အိမ်မြှောင်တစ်ကောင်ရဲ့အပေါ်ကိုမှ ခေါင်းငိုက်စိုက်ပြီး အိပ်မောကျသွားမိခဲ့တာဖြစ်ပါတယ် ။ တစ်ရေးတစ်မောအိပ်ခဲ့ပြီး နောက်ဆုံးပြန်ထလာခဲ့တဲ့အချိန် ၊ အိပ်ချင်မူးတူးဖြစ်နေခဲ့တဲ့ ကောင်လေးရဲ့ပါးပြင်ပေါ်မှာ အိမ်မြှောင်တစ်ကောင်ရဲ့အရာလေးက ထင်ကျန်ရစ်နေခဲ့တာပါ ။ အချိန်ကိုက်ပြီး ကံဆိုးသွားခဲ့တဲ့ အိမ်မြှောင်လေးရဲ့အဖြစ်လို့ ပြောရမှာပါပဲလေ ။
Jasmine (KB Chimmy)
Source : worldofbuzz
Zawgyi
တစ္ေရးတစ္ေမာ အိပ္စက္အနားယူေလ့ရွိတတ္တဲ့ လူအေတာ္အမ်ားရဲ႕ သိသာထင္ရွားတဲ့ သက္ေသအေထာက္အထားကေတာ့ သူတို႔ရဲ႕မ်က္ႏွာေပၚမွာ ဖိရာမ်ိဳးထင္က်န္ရစ္တတ္ၾကတာပါပဲ ။ ဒီတစ္ေခါက္ Twitter စာမ်က္ႏွာေပၚမွာ အေတာ္ေလးေရပန္းစားေနခဲ့တဲ့ ဓာတ္ပုံေလးေတြထဲမွာေတာ့ ေကာင္ေလးတစ္ေယာက္ရဲ႕ ပါးျပင္ေပၚမွာ အိမ္ေျမာင္တစ္ေကာင္ရဲ႕အရာ ထင္က်န္ရစ္ေနခဲ့တဲ့ပုံျဖစ္ၿပီး ၊ ေနာက္ထပ္ဓာတ္ပုံတစ္ခုထဲမွာကေတာ့ စာအုပ္ေလးေပၚမွာ ျပားကပ္ေနတဲ့အိမ္ေျမာင္တစ္ေကာင္ရဲ႕ပုံပါ ။
အေၾကာင္းကေတာ့ ေကာင္ေလးဟာ အိပ္စာလုပ္ေနခဲ့ရင္း အိပ္ငိုက္လြန္းေနလို႔ မခံႏိုင္ေတာ့ဘဲ ေနာက္ဆုံး စာအုပ္ေပၚျဖတ္ေျပးေနခဲ့တဲ့ အိမ္ေျမႇာင္တစ္ေကာင္ရဲ႕အေပၚကိုမွ ေခါင္းငိုက္စိုက္ၿပီး အိပ္ေမာက်သြားမိခဲ့တာျဖစ္ပါတယ္ ။ တစ္ေရးတစ္ေမာအိပ္ခဲ့ၿပီး ေနာက္ဆုံးျပန္ထလာခဲ့တဲ့အခ်ိန္ ၊ အိပ္ခ်င္မူးတူးျဖစ္ေနခဲ့တဲ့ ေကာင္ေလးရဲ႕ပါးျပင္ေပၚမွာ အိမ္ေျမႇာင္တစ္ေကာင္ရဲ႕အရာေလးက ထင္က်န္ရစ္ေနခဲ့တာပါ ။ အခ်ိန္ကိုက္ၿပီး ကံဆိုးသြားခဲ့တဲ့ အိမ္ေျမႇာင္ေလးရဲ႕အျဖစ္လို႔ ေျပာရမွာပါပဲေလ ။
Jasmine (KB Chimmy)