အိမ်နှင့် ၅၀ကီလိုမီတာ ကွာဝေးပြီး ၃နာရီအကြာ ရွှံ့ဗွက်လမ်းတွေကို ဖြတ်သွားရပေမယ့် ကလေးတွေကို သနားမိတာကြောင့် ကျောင်းမပြောင်းခဲ့သော ဆရာမလေး

ဗီယက်နမ်နိုင်ငံ ဝေးလံခေါင်သီသော ကျေးလက်ကုန်းမြင့်ဒေသသို့ တာဝန်ကျသော ဆရာမလေးတစ်ဦးသည် စာသင်ကျောင်းနှင့် အိမ်ရဲ့အကွာအဝေးမှာ ၅၀ကီလိုမီတာ ကွာဝေးပြီး ကြမ်းတမ်းသောလမ်းများဖြစ်သော်လည်း ကလေးတွေကို စာသင်ကြားပေးရန် တက်ကြွနေဆဲဖြစ်သည်။

ဆရာမလေးသည် မိုးရာသီတွင် လမ်းတစ်လျှောက်လုံးက ရွှံ့ဗွက်တွေနဲ့ပြည့်နှက်နေပြီး ဆိုင်ကယ်မောင်းမရပဲ အရမ်းချော်သော်လည်း လမ်းကြာကြာမလျှောက်နိုင်တာကြောင့် ဒုက္ခခံပြီး ထိုလမ်းကို ဖြတ်သန်းသွားလာခဲ့သည်။

ဆရာမလေးသည် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေသော စာသင်ကျောင်းသို့ ပြောင်းရွှေ့၍ရသော်လည်း လမ်းတအားဆိုးရွားတာကြောင့် ဘယ်သူကမှ စာလာမသင်ပေးချင်သည့် ကလေးတွေကို သနားမိကာ ကျောင်းမပြောင်းခဲ့ပဲ တစ်ပတ်တစ်ခါမျသာ အိမ်သို့ပြန်ခဲ့ရသည်။

Rain (For Ialinks)

Zawgyi





Rain (For Ialinks)

  • Leave a Comment

Categories