ဒဏ်ရာရနေသောမိကျောင်းကို ကယ်တင်ခဲ့ပြီး နှစ်ပေါင်း၂၀ကျော်အကြာ အတူနေထိုင်ခဲ့သည့် အမျိုးသား

မိကျောင်းများသည် အသားစား သတ္တဝါတွေဖြစ်သည့်အလျောက် ဆိုးရွားသောအပြုအမူတွေရှိတာကြောင့် လူတိုင်းက ကြောက်ရွံ့ကြပြီး အနားကပ်ဖို့ပင် မရဲကြပေ။

သို့ဖြစ်၍ ကော်စတာရီကာနိုင်ငံ ကျေးလက်ဒေသ မြစ်ကမ်းနံဘေးတွင် နေထိုင်သော အမျိုးသားတစ်ဦးသည် တံငါသည်အဖြစ်လုပ်ကိုင်ကာ အသက်မွေး၀မ်းကျောင်းပြုခဲ့စဥ် ကမ်းစပ်နားလေးမှာ ဒဏ်ရာရပြီး လဲလျောင်းနေသော မိကျောင်းတစ်ကောင်ကို တွေ့ခဲ့ပြီး မကြောက်မရွံ့နဲ့ အိမ်သို့ခေါ်ပြန်သွားခဲ့သည်။

အမျိုးသားသည် ဒဏ်ရာရနေသော မိကျောင်းကြီးကို ဆေးကုသပေးကာ အစာကျွေးခဲ့သော်လည်း အစပိုင်းတွင် မိကျောင်းကြီးသည် သူ့ကိုဒုက္ခပေးမည်စိုးပြီး အစာမစားပဲနေခဲ့ပေမယ့် ရက်အတော်ကြာ ဂရုစိုက်ပြီး ပြုစုပေးခဲ့တာကြောင့် အမျိုးသားနှင့် ရင်းနှီးသွားခဲ့သည်။

အမျိုးသားသည် မိကျောင်းကြီးဒဏ်ရာသက်သာလာချိန်တွင် မြစ်ကမ်းပါးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သော်လည်း နောက်တစ်နေ့တွင် မိကျောင်းကြီးသည့် သူ့အသက်သခင်အမျိုးသားရဲ့ ခြံဝန်းထဲသို့ ပြန်လည်ရောက်ရှိလာသဖြင့် အမျိုးသားလည်း မိကျောင်းကြီးကို လိမ္မာယဥ်ပါးစေမည်အထင်နဲ့ မောင်းမထုတ်တော့ပဲ အတူအိပ် အတူစားနေထိုင်ခဲ့သည်။

အမျိုးသားနှင့် မိကျောင်းကြီးသည် နှစ်ပေါင်း၂၀ကြာသည်ထိ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး ခရီးသွားတွေကပင် လာရောက်ကြည့်ရှူကြ၍ မိကျောင်းနှင့်အတူ ဖျော်ဖြေရေးပွဲများပင် ပြုလုပ်ခဲ့ရပြီး သေဆုံးချိန်မှာလည်း အသုဘအခမ်းအနားကို အသေအချာလေး လုပ်ဆောင်ပေးခဲ့သည်။

video

Hlaing (Love Feeling)

Zawgyi

ဒဏ္ရာရေနေသာမိေက်ာင္းကို ကယ္တင္ခဲ့ၿပီး ႏွစ္ေပါင္း၂၀ေက်ာ္အၾကာ အတူေနထိုင္ခဲ့သည့္ အမ်ိဳးသား

မိေက်ာင္းမ်ားသည္ အသားစား သတၱဝါေတြျဖစ္သည့္အေလ်ာက္ ဆိုး႐ြားေသာအျပဳအမူေတြရွိတာေၾကာင့္ လူတိုင္းက ေၾကာက္႐ြံ႕ၾကၿပီး အနားကပ္ဖို႔ပင္ မရဲၾကေပ။

သို႔ျဖစ္၍ ေကာ္စတာရီကာႏိုင္ငံ ေက်းလက္ေဒသ ျမစ္ကမ္းနံေဘးတြင္ ေနထိုင္ေသာ အမ်ိဳးသားတစ္ဦးသည္ တံငါသည္အျဖစ္လုပ္ကိုင္ကာ အသက္ေမြး၀မ္းေက်ာင္းျပဳခဲ့စဥ္ ကမ္းစပ္နားေလးမွာ ဒဏ္ရာရၿပီး လဲေလ်ာင္းေနေသာ မိေက်ာင္းတစ္ေကာင္ကို ေတြ႕ခဲ့ၿပီး မေၾကာက္မ႐ြံ႕နဲ႔ အိမ္သို႔ေခၚျပန္သြားခဲ့သည္။

အမ်ိဳးသားသည္ ဒဏ္ရာရေနေသာ မိေက်ာင္းႀကီးကို ေဆးကုသေပးကာ အစာေကြၽးခဲ့ေသာ္လည္း အစပိုင္းတြင္ မိေက်ာင္းႀကီးသည္ သူ႔ကိုဒုကၡေပးမည္စိုးၿပီး အစာမစားပဲေနခဲ့ေပမယ့္ ရက္အေတာ္ၾကာ ဂ႐ုစိုက္ၿပီး ျပဳစုေပးခဲ့တာေၾကာင့္ အမ်ိဳးသားႏွင့္ ရင္းႏွီးသြားခဲ့သည္။

အမ်ိဳးသားသည္ မိေက်ာင္းႀကီးဒဏ္ရာသက္သာလာခ်ိန္တြင္ ျမစ္ကမ္းပါးသို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေသာ္လည္း ေနာက္တစ္ေန႔တြင္ မိေက်ာင္းႀကီးသည့္ သူ႔အသက္သခင္အမ်ိဳးသားရဲ႕ ၿခံဝန္းထဲသို႔ ျပန္လည္ေရာက္ရွိလာသျဖင့္ အမ်ိဳးသားလည္း မိေက်ာင္းႀကီးကို လိမၼာယဥ္ပါးေစမည္အထင္နဲ႔ ေမာင္းမထုတ္ေတာ့ပဲ အတူအိပ္ အတူစားေနထိုင္ခဲ့သည္။

အမ်ိဳးသားႏွင့္ မိေက်ာင္းႀကီးသည္ ႏွစ္ေပါင္း၂၀ၾကာသည္ထိ အခ်စ္ဆုံးသူငယ္ခ်င္းေတြ ျဖစ္ခဲ့ၾကၿပီး ခရီးသြားေတြကပင္ လာေရာက္ၾကည့္ရႉၾက၍ မိေက်ာင္းႏွင့္အတူ ေဖ်ာ္ေျဖေရးပြဲမ်ားပင္ ျပဳလုပ္ခဲ့ရၿပီး ေသဆုံးခ်ိန္မွာလည္း အသုဘအခမ္းအနားကို အေသအခ်ာေလး လုပ္ေဆာင္ေပးခဲ့သည္။

Hlaing (Love Feeling)

  • Leave a Comment

Categories