သွေးကင်ဆာရောဂါနောက်ဆုံးအဆင့်ကို ခံစားနေရချိန်တွင် မသေခင်လေး သူ့ရဲ့ကျောပေါ်မှာ မိခင်ဖြစ်သူကို တစ်ခါလောက်ကုန်းပိုးချင်သည့် ဆန္ဒရှိခဲ့သော သနားစရာကောင်လေး

ဗီယက်နမ်နိုင်ငံမှ အသက်၁၂နှစ်အရွယ် ကောင်လေးတစ်ဦးသည် ကံဆိုးစွာဖြင့် အသက်ငယ်ငယ်လေးနဲ့ သွေးကင်ဆာရောဂါဝေဒနာကို ခံစားခဲ့ရကာ မိခင်ဖြစ်သူသည် သူမတတ်နိုင်သလောက် အစွမ်းကုန် ရောဂါပျောက်ကင်းအောင် ဆေးကုသပေးခဲ့သည်။

ကောင်လေးသည် ရောဂါခံစားနေရချိန်တွင် လမ်းမလျှောက်နိုင်တော့တာကြောင့် မိခင်ဖြစ်သူသည် အမြဲလိုလိုကျောပိုးကာ ဆေးခန်းသို့ မမောနိုင်မပန်းနိုင် လိုက်ပို့ပေးခဲ့ရာ ၂နှစ်ကြာသည်ထိ ဆေးကုသမှုခံယူခဲ့သော်လည်း ရောဂါအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။

ကောင်လေးသည် မိခင်ဖြစ်သူကျောပိုးချိန်၌ ပင်ပန်းမှုသက်သာအောင် အစားနည်းနည်းသာစားခဲ့ပြီး သူ့ဘဝရဲ့အကြီးမားဆုံး ဖြစ်ချင်တဲ့ ဆန္ဒမှာ မိခင်ဖြစ်သူကို တစ်ခါလောက် သူကိုယ်တိုင်ကျောပိုးချင်ခဲ့ကြောင်း ဆိုခဲ့သည်။

ထို့ကြောင့် ဆေးရုံရှိဝန်ထမ်းများသည် ကောင်လေးရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့ရာ သူ့ရဲ့မွေးနေ့တွင် မိခင်ဖြစ်သူကိုကျောပိုးထားသောပုံလေးနှင့် မွေးနေ့ကိတ်ပေါ်မှာ ရေးဆွဲပေးခဲ့ပြီး အပြင်မှာလည်း မိခင်ဖြစ်သူကိုကျောပိုးနိုင်အောင် ကူညီပေးခဲ့ကြသည်။

video

Hlaing (Love Feeling)

Zawgyi

ေသြးကင္ဆာေရာဂါေနာက္ဆုံးအဆင့္ကို ခံစားေနရခ်ိန္တြင္ မေသခင္ေလး သူ႔ရဲ႕ေက်ာေပၚမွာ မိခင္ျဖစ္သူကို တစ္ခါေလာက္ကုန္းပိုးခ်င္သည့္ ဆႏၵရွိခဲ့ေသာ သနားစရာေကာင္ေလး

ဗီယက္နမ္ႏိုင္ငံမွ အသက္၁၂ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ ကံဆိုးစြာျဖင့္ အသက္ငယ္ငယ္ေလးနဲ႔ ေသြးကင္ဆာေရာဂါေဝဒနာကို ခံစားခဲ့ရကာ မိခင္ျဖစ္သူသည္ သူမတတ္ႏိုင္သေလာက္ အစြမ္းကုန္ ေရာဂါေပ်ာက္ကင္းေအာင္ ေဆးကုသေပးခဲ့သည္။

ေကာင္ေလးသည္ ေရာဂါခံစားေနရခ်ိန္တြင္ လမ္းမေလွ်ာက္ႏိုင္ေတာ့တာေၾကာင့္ မိခင္ျဖစ္သူသည္ အၿမဲလိုလိုေက်ာပိုးကာ ေဆးခန္းသို႔ မေမာႏိုင္မပန္းႏိုင္ လိုက္ပို႔ေပးခဲ့ရာ ၂ႏွစ္ၾကာသည္ထိ ေဆးကုသမႈခံယူခဲ့ေသာ္လည္း ေရာဂါအေျခအေနမွာ ပိုမိုဆိုး႐ြားလာခဲ့သည္။

ေကာင္ေလးသည္ မိခင္ျဖစ္သူေက်ာပိုးခ်ိန္၌ ပင္ပန္းမႈသက္သာေအာင္ အစားနည္းနည္းသာစားခဲ့ၿပီး သူ႔ဘဝရဲ႕အႀကီးမားဆုံး ျဖစ္ခ်င္တဲ့ ဆႏၵမွာ မိခင္ျဖစ္သူကို တစ္ခါေလာက္ သူကိုယ္တိုင္ေက်ာပိုးခ်င္ခဲ့ေၾကာင္း ဆိုခဲ့သည္။

ထို႔ေၾကာင့္ ေဆး႐ုံရွိဝန္ထမ္းမ်ားသည္ ေကာင္ေလးရဲ႕ ဆႏၵကိုျဖည့္ဆည္းေပးဖို႔ရာ သူ႔ရဲ႕ေမြးေန႔တြင္ မိခင္ျဖစ္သူကိုေက်ာပိုးထားေသာပုံေလးႏွင့္ ေမြးေန႔ကိတ္ေပၚမွာ ေရးဆြဲေပးခဲ့ၿပီး အျပင္မွာလည္း မိခင္ျဖစ္သူကိုေက်ာပိုးႏိုင္ေအာင္ ကူညီေပးခဲ့ၾကသည္။

Hlaing (Love Feeling)

  • Leave a Comment

Categories