မိခင်ဖြစ်သူအိမ်သို့ ၂ရက်လောက်အလည်ပြန်မည်ဆိုပြီး ကလေးကိုပွေ့ချီကာ ဘားမှာသွားကဲနေခဲ့သော ဇနီးသည်

ဗီယက်နမ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ပြီး သမီးလေးတစ်ယောက်ရသည်ထိကို ကလေးစိတ်မကုန်သေးပဲ ပျော်ချင်ပါးချင်နေဆဲဖြစ်သည်။

သို့သော်လည်း မိန်းကလေးသည် အိမ်ထောင်ရှင်မဖြစ်လာသည့်အတိုင်း ကလေးတစ်ဖက်နှင့် အိမ်မှုကိစ္စတွေကလည်း ရှိသေးတာကြောင့် တော်ရုံတန်ရုံ အပြင်မထွက်ရတော့ပဲ အိမ်မှာပဲ အချိန်တွေကုန်ဆုံးလေ့ရှိသည်။

တစ်နေ့တွင် သူငယ်ချင်းအပေါင်းအသင်းများသည် မိန်းကလေးအား မတွေ့တာကြာပြီဖြစ်တဲ့အတွက် အရင်တုန်းက ပျော်ပျော်ပါးပါး သောက်စားရင်း ကဲခဲ့ကြသော ဘားတစ်ခုတွင် ဆုံရန်ချိန်းဆိုခဲ့ကြသည်။

ထိုစဥ် မိန်းကလေးသည် ခင်ပွန်းဖြစ်သူအား ရွာမှာရှိတဲ့ သူမရဲ့မိဘအိမ်သို့ ၂ရက်လောက်အလည်ပြန်ဦးမည်ဟုဆိုကာ ခွင့်ပြုချက်တောင်းခဲ့ပြီး နေ့ခင်းဖက်မှာပဲ သူငယ်ချင်းတွေနှင့်အတူ သမီးလေးကိုပွေ့ချီကာ အလန်းဇယားလေး ဝတ်စားထားပြီးနောက် ဘားမှာ အပြတ်သွားကဲနေခဲ့၍ နောက်တစ်နေ့မှအဖြစ်မှန်ကို သိရှိခဲ့ရသော ခင်ပွန်းတစ်ယောက် အတော်လေး အံ့အားသင့်ခဲ့ရသည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories