လက်နှစ်ဖက်လုံးတွင် လက်ချောင်းလေးများမရှိသော်လည်း နာမည်ကြီး စားဖိုမှူးဖြစ်လာခဲ့သော ဖိလစ်ပိုင်အမျိုးသမီး

လောကကြီးရှိ လူတစ်ယောက်စီတိုင်းမှာ ရည်မှန်းချက် ပန်းတိုင်ဆိုသည်မှာ ရှိတတ်ကြပါသည်။တစ်ချို့မှာ အခက်များစွာ ရှိသော်လည်းပန်းတိုင်သို့ အောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ကြပါသည်။

ယခုအခါတွင် ဖိလစ်ပိုင်နိုင်ငံမှ Maricelအမည်ရှိသော အမျိုးသမီးလေးသည် ကံကြမ္မာဆိုးတစ်ခုကြောင့် သူမဧ။် လက်နှစ်လုံးဆုံးရှုံးခဲ့ရသော်လည်း ဒိတ်ဒိတ်ကြဲ ဟော်တယ် တစ်ခုတွင် စားဖိုမှူးနည်းပြဆရာတစ်ယောက် ဖြစ်လာခဲ့သည်။

ထိုအမျိုးသမီးလေးသည် မောင်နှမ ၆ယောက်ရှိသည့်အနက် အကြီးဆုံးဖြစ်ကာ အိမ်ဧ။် မိသားစု အခြေအနေမှာလည်း အခက်အခဲပေါင်းများစွာဖြင့် အဆင်မပြေ၍ အိမ်အားထောက်ပံ့ရန် သူမနှင့်ကိုက်ညီမည်ထင်သော အလုပ်ကိုရှာခဲ့သည်။

ထို့နောက် သူမသည် မနီလာမြို့ရှိ နာမည်ကြီး ဟော်တယ်တစ်ခုတွင် အလုပ်ရခဲ့ပြီး မိသားစုအား ထောက်ပံ့ ကူညီနိုင်ခဲ့သည်။သူမသည် အခြား မသန်စွမ်းသော သူများကိုလည်း စိတ်ဓာတ်ကျမသွားပဲ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားပါ ဟု ဆိုခဲ့သေးသည်။

ယခုအခါတွင် ဟိုတယ်ဧ။် မုန့်ဖုတ်ခြင်းနှင့်ချက်ပြုတ်ရေး စားဖိုမှူးအဖြစ် လေးစားရသော နည်းပြဆရာတစ်ယောက် ဖြစ်လာခဲ့ပေသည်။

video

Hlaing (Love Feeling)

Zawgyi

လက္ႏွစ္ဖက္လုံးတြင္ လက္ေခ်ာင္းေလးမ်ားမရွိေသာ္လည္း နာမည္ႀကီး စားဖိုမႉးျဖစ္လာခဲ့ေသာ ဖိလစ္ပိုင္အမ်ိဳးသမီး

ေလာကႀကီးရွိ လူတစ္ေယာက္စီတိုင္းမွာ ရည္မွန္းခ်က္ ပန္းတိုင္ဆိုသည္မွာ ရွိတတ္ၾကပါသည္။တစ္ခ်ိဳ႕မွာ အခက္မ်ားစြာ ရွိေသာ္လည္းပန္းတိုင္သို႔ ေအာင္ျမင္စြာ ေလွ်ာက္လွမ္းသြားႏိုင္ၾကပါသည္။

ယခုအခါတြင္ ဖိလစ္ပိုင္ႏိုင္ငံမွ Maricelအမည္ရွိေသာ အမ်ိဳးသမီးေလးသည္ ကံၾကမၼာဆိုးတစ္ခုေၾကာင့္ သူမဧ။္ လက္ႏွစ္လုံးဆုံးရႈံးခဲ့ရေသာ္လည္း ဒိတ္ဒိတ္ႀကဲ ေဟာ္တယ္ တစ္ခုတြင္ စားဖိုမႉးနည္းျပဆရာတစ္ေယာက္ ျဖစ္လာခဲ့သည္။

ထိုအမ်ိဳးသမီးေလးသည္ ေမာင္ႏွမ ၆ေယာက္ရွိသည့္အနက္ အႀကီးဆုံးျဖစ္ကာ အိမ္ဧ။္ မိသားစု အေျခအေနမွာလည္း အခက္အခဲေပါင္းမ်ားစြာျဖင့္ အဆင္မေျပ၍ အိမ္အားေထာက္ပံ့ရန္ သူမႏွင့္ကိုက္ညီမည္ထင္ေသာ အလုပ္ကိုရွာခဲ့သည္။

ထို႔ေနာက္ သူမသည္ မနီလာၿမိဳ႕ရွိ နာမည္ႀကီး ေဟာ္တယ္တစ္ခုတြင္ အလုပ္ရခဲ့ၿပီး မိသားစုအား ေထာက္ပံ့ ကူညီႏိုင္ခဲ့သည္။သူမသည္ အျခား မသန္စြမ္းေသာ သူမ်ားကိုလည္း စိတ္ဓာတ္က်မသြားပဲ ကိုယ့္ရည္မွန္းခ်က္ပန္းတိုင္ကို အေရာက္သြားပါ ဟု ဆိုခဲ့ေသးသည္။

ယခုအခါတြင္ ဟိုတယ္ဧ။္ မုန္႔ဖုတ္ျခင္းႏွင့္ခ်က္ျပဳတ္ေရး စားဖိုမႉးအျဖစ္ ေလးစားရေသာ နည္းျပဆရာတစ္ေယာက္ ျဖစ္လာခဲ့ေပသည္။

Hlaing (Love Feeling)

  • Leave a Comment

Categories