၎င်းရဲ့မွေးစားသမီးအသစ်ကို အလွန်ချစ်မြတ်နိုးတဲ့ ကယ်ဆယ်ခြင်းခံရတဲ့ Orangutan မျောက်ဝံတစ်ကောင်

Anggun အမည်ရှိ orangutan မျောက်ဝံလေးတစ်ကောင်ကို ယခုနှစ်အစောပိုင်းမှာ အိမ်မွေးတိရိစ္ဆာန်အဖြစ် ကယ်ဆယ်နိုင်ခဲ့ပေမဲ့လည်း မိခင်နဲ့အစောကြီးဝေးကွာခဲ့ရတဲ့ Anggun လေးက ၎င်းအပေါ် နေ့တိုင်း သေချာကြည့်ရူစောင့်ရှောက်နေတဲ့ လူသားပြုစုစောင့်ရှောက်သူအသစ်ရှိနေတာတောင် သူမကဲ့သို့သော မျောက်ဝံတစ်ကောင်ထံမှ အချစ်ကိုသာ တောင့်တနေဆဲဖြစ်ပါတယ်။ မုဆိုးများက Anggun ရဲ့မိခင်ကို တောရိုင်းတွင်းမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးနောက် Anggun ကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်မှာ Anggun က သူမဘာသာသူမနေထိုင်ရန် ငယ်ရွယ်လွန်းနေသေးပေမဲ့လည်း တောရိုင်းထဲမှာ အမေမရှိဘဲနဲ့ အသက်ဆက်ခဲ့ရပါတယ်။ ယခု Anggun ဟာ အသက် ၆ နှစ်ခန့်ရှိပြီဖြစ်ပြီး ၊

နိုင်ငံတကာတိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ (IAR) အဖွဲ့က လွန်ခဲ့သည့်ကိုးနှစ်ခန့်က အလားတူ မိခင်ဖြစ်သူကို ဝမ်းနည်းကြေကွဲဖွယ် ဆုံးရှုံးခဲ့ရတဲ့ ကယ်ဆယ်ထားတဲ့ Monti အမည်ရှိ နောက် orangutan မျောက်ဝံမကြီးတစ်ကောင်နှင့် Anggun ကို မိတ်ဆက်ပေးလိုက်ကြပါတယ်။ ထို့ပြင် ကယ်ဆယ်ရေးသမားများက Monti ကို မိဘမဲ့လေး Anggun အား ပြုစုပျိုးထောင်ရာကနေ Anggun ရဲ့တကယ့်မိခင်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေခဲ့ကြပါတယ်။ “ ငယ်ရွယ်သေးတဲ့ Monti ဟာ ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသမှာ မိသားစုတစ်စုနဲ့ စောင့်ရှောက်ခံထားခဲ့ရတာပါ၊

တောထဲမှာ Monti လေးကို တစ်ကောင်တည်း ရှာတွေ့ခဲ့ပြီး သိမ်းယူလာခဲ့တယ်လို့ သူတို့က အခိုင်အမာပြောခဲ့ပေမယ့် တကယ်တမ်းက အမေဖြစ်သူက Monti ကို ဘယ်တော့မှ အထီးမကျန်စေခဲ့သလို တစ်ယောက်ယောက်က Monti ကိုဖမ်းနိုင်ဖို့ သူမရဲ့အမေကို သတ်ခဲ့တာဖြစ်မယ် ” လို့ IAR မှ Lis Key ကပြောကြားခဲ့ပါတယ်။ လက်ရှိ အင်ဒိုနီးရှားရှိ IAR စင်တာ၌နေထိုင်တဲ့ Monti က စွန့်စားခန်းအတွက် ကျက်သရေရှိတဲ့ တောင်တက်သမားအဖြစ် လူသိများပြီး မျောက်ဝံများအားလုံးထဲမှာမှ သူမက ထူးထူးခြားခြား တောက်ပြောင်တဲ့ဆံပင်ပုံစံ ရှိနေခြင်းကြောင့် သူမကို ဓာတ်ပုံ အမြဲရိုက်နေကြတာကလည်း အံ့သြစရာ မဟုတ်တော့ပါဘူး။

အခုတော့ Monti က သူမရဲ့အထင်ကြီးလောက်တဲ့အရည်အသွေးများစာရင်းထဲမှာ “ချစ်တတ်လွန်းတဲ့မေမေ” ဆိုတာကိုထည့်နိုင်ပြီလို့လည်း Key က ဆိုခဲ့ပါတယ်။ “ သူတို့နှစ်ကောင်ကို အတူတူမြင်ရတာက သူတို့ရဲ့အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပြည့်စေပါတယ်၊ Monti က အလွန်တောက်ပပြီး သတ္တိရှိတဲ့မျောက်ဝံမကြီးတစ်ကောင်ဖြစ်ပြီး တစ်နေ့မှာ တောထဲကိုပြန်လွှတ်ပေးဖို့ ကိုယ်စားလှယ်လောင်းတစ်ကောင်ပါ ၊ နောက်ပြီး Anggun က Monti ရဲ့မျက်ခြေမပျက်တဲ့ကြည့်ကြပ်မှုအောက်မှာရှိနေပြီး တောရိုင်းမှာ ရှင်သန်နိုင်ဖို့အတွက် သူ့ဆီကနေသင်ယူနိုင်သလို သူမရဲ့စောင့်ရှောက်မှုနဲ့အကာအကွယ်ကနေ အကျိုးကျေးဇူးတွေရရှိနိုင်မှာပါ၊

အကယ်လို့ Monti က သူမရဲ့ဇာတိတောထဲကို ပြန်သွားခဲ့ရင်တော့ Anggun လည်း သူမကို အန္တရာယ်ပြုနိုင်တဲ့လူသားတွေဆီကနေ လုံခြုံစွာ နေနိုင်ရေးအကြောင်း သူမတတ်နိုင်သမျှ သင်ယူဖို့ လိုအပ်မှာဖြစ်တယ် ၊ ကံအားလျော်စွာဘဲ Monti နှင့် Anggun လေးတို့က တောရိုင်းတောထဲ ပြန်လည်ဝင်ရောက်ဖို့ခွင့်ပြုချက်ရခဲ့ရင် ၎င်းတို့ကို စောင့်ကြည့်ထိန်းသိမ်းနိုင်သည့် ဘေးမဲ့ဧရိယာမှာဘဲ လွှတ်ပေးမှာပါ၊ အဲဒီအချိန်အထိ သူတို့ဟာ မိသားစုဖြစ်ခြင်းရဲ့ပျော်ရွှင်မှုတိုင်းကို အတူတကွ ယူဆောင်လာပြီး သူတို့ကြား ဆက်ဆံရေးကလည်း တောထဲကို အတူတူပြန်ခရီးထွက်နိုင်မလားဆိုတာကိုတော့ အချိန်ကပြောပြသွားမှာပါ၊ ဒီလိုဖြစ်လာလိမ့်မယ်လို့လည်း ကျွန်မတို့ သေချာပေါက်မျှော်လင့်နေပါတယ်! ” လို့လည်း Key က ထပ်မံ ပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : thedodo

  • Leave a Comment

Categories