အမက မင်္ဂလာဆောင်တော့မည်ဆိုသောအခါ သူ၏စုဗူးလေးကိုခွဲပြီး အမအတွက် ရွှေဝယ်ကာ လက်ဖွဲ့ပေးခဲ့သည့် ၆တန်းကျောင်းသားလေး

လူတိုင်းအတွက် လက်ထပ်ပွဲလေးဆိုသည်မှာ အထူးအရေးကြီးသော ကိစ္စရပ်လေးဘဲဖြစ်ပါတယ်။မိဘများဟာလည်း သားသမီးတို့က အိမ်ထောင်ပြုတော့မည်ဆိုလျှင် စိတ်မကောင်းဖြစ်နေကြရပြီး သားသမီးတို့၏ အိမ်ထောင်ရေး အဆင်ပြေစေဖို့ မျှော်လင့်နေတတ်ကြပါတယ်။

ထို့အတူပင် ညီအကို မောင်နှမများဟာလည်း ဝမ်းနည်းစွာ ခံစားနေကြရပါတယ်။ယခုတွင် တရုတ်နိုင်ငံမှ ၆တန်းအရွယ်သာရှိသေးသည့် ကလေးဟာ အမဖြစ်သူ မင်္ဂလာဆောင်တော့မည်ဆိုသောအခါ ဝမ်းနည်းနေခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်း သူ၏စုဗူးလေးကို ခွဲပစ်ခဲ့ပြီး ရရှိသည့်ပိုက်ဆံလေးဖြင့် အမအတွက် ရွှေလေးတွေဝယ်ယူပေးပြီး လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းတွင်လည်း အမကို အိမ်သို့အမြဲလာလည်ရန်အတွက် တတွတ်တွတ်မှာနေခဲ့ပြီး အမဖြစ်သူ၏ အနားကမခွာတော့ဘဲ ရှိနေခဲ့ပါတယ်။ကောင်လေးဖြစ်သူ၏ အမအပေါ်ထားသော သံယောဇဥ်လေးဟာ ကြီးမားလှပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories