မကြာသေးမီက လူမှုကွန်ရက်မှာ ရုတ်တရက်ဆိုသလိုပင် ခန္ဓာကိုယ်အနှံ့ ရွှေများဖြင့် ဖုံးလွှမ်းထားတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်ပုံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ် ။ ဒီအမျိုးသားက ဗီယက်နမ်လူမျိုး အသက် ၃၆ နှစ် Mr. Pham Van Loi လို့ခေါ်ပြီး သူ့ရဲ့ ကြီးကျယ်ခမ်းနားမှုက ဘယ်လောက်များလည်း ဆိုတာကို လူများက စူးစမ်းချင်စိတ် ဖြစ်စေခဲ့ပါတယ် ။ ဒီလူလုပ်နေတဲ့ အဓိကအလုပ်က ဗီယက်နမ်မှာ ထူးထူးခြားခြား ဒိုင်နိုဆောအကောင်ငယ်လေးတွေကို ပြုစုပျိုးထောင်တာ ဖြစ်ပါတယ် ။
ယနေ့အထိ၊ ဒီလူက အမျိုးအစားအားလုံး၊ အရောင်အသွေးစုံလင်တဲ့ ဒိုင်နိုဆောကလေး ၅၀ ကျော်ကို ပိုင်ဆိုင်ထားပါတယ် ။ ဒိုင်နိုဆောများမွေးမြူခြင်းမှ အကျိုးအမြတ်ရရန်အတွက် မစ္စတာ Loi က မျိုးစေ့များဝယ်ယူပြီး ပြုစုစောင့်ရှောက်ရန် ငွေအမြောက်အမြားသုံးစွဲခဲ့ရပါတယ် ။ သူဝယ်ခါစဆို ဈေးနှုန်းမှာ တကောင်လျှင် VND သန်း 100 မှ သန်း 200 အထိရှိပါတယ် ။ ဒါပေမဲ့ ရောင်းချိန်ရောက်တဲ့အခါ တန်ဖိုးက အဆများစွာ ရရှိပါတယ် ။
ဒါကြောင့်လည်း မစ္စတာ Loi က သူ့ခန္ဓာကိုယ်မှာ ရွှေချောင်းများကို အမြဲဝတ်ထားပြီး သူမောင်းတဲ့ကားဆိုရင်လည်း ရွှေရောင်ဖြင့် တောက်ပြောင်စွာ ဆင်မြန်းထားပြီး ဇိမ်ကျမယ်ဆိုတာကို ထင်ရှားစွာပြသထားပါတယ် ။ ယခုအချိန်အထိ ဒီအမျိုးသားရဲ့ ပုံများကို လူမှုကွန်ရက် စာမျက်နှာများမှာ လူအများ မျှဝေနေကြဆဲ ဖြစ်ပါတယ် ။ မစ္စတာ Loi နဲ့ တွေ့ဆုံခွင့်ရရန် လူအများက မျှော်လင့်စောင့်စားနေကြပါတယ် ။
JRose (KB Chimmy one)
Reference : yan
Zawgyi
မၾကာေသးမီက လူမႈကြန္ရက္မွာ ႐ုတ္တရက္ဆိုသလိုပင္ ခႏၶာကိုယ္အႏွံ႔ ေ႐ႊမ်ားျဖင့္ ဖုံးလႊမ္းထားတဲ့ အမ်ိဳးသားတစ္ဦးရဲ႕႐ုပ္ပုံတစ္ခု ထြက္ေပၚလာခဲ့ပါတယ္ ။ ဒီအမ်ိဳးသားက ဗီယက္နမ္လူမ်ိဳး အသက္ ၃၆ ႏွစ္ Mr. Pham Van Loi လို႔ေခၚၿပီး သူ႔ရဲ႕ ႀကီးက်ယ္ခမ္းနားမႈက ဘယ္ေလာက္မ်ားလည္း ဆိုတာကို လူမ်ားက စူးစမ္းခ်င္စိတ္ ျဖစ္ေစခဲ့ပါတယ္ ။ ဒီလူလုပ္ေနတဲ့ အဓိကအလုပ္က ဗီယက္နမ္မွာ ထူးထူးျခားျခား ဒိုင္ႏိုေဆာအေကာင္ငယ္ေလးေတြကို ျပဳစုပ်ိဳးေထာင္တာ ျဖစ္ပါတယ္ ။
ယေန႔အထိ၊ ဒီလူက အမ်ိဳးအစားအားလုံး၊ အေရာင္အေသြးစုံလင္တဲ့ ဒိုင္ႏိုေဆာကေလး ၅၀ ေက်ာ္ကို ပိုင္ဆိုင္ထားပါတယ္ ။ ဒိုင္ႏိုေဆာမ်ားေမြးျမဴျခင္းမွ အက်ိဳးအျမတ္ရရန္အတြက္ မစၥတာ Loi က မ်ိဳးေစ့မ်ားဝယ္ယူၿပီး ျပဳစုေစာင့္ေရွာက္ရန္ ေငြအေျမာက္အျမားသုံးစြဲခဲ့ရပါတယ္ ။ သူဝယ္ခါစဆို ေဈးႏႈန္းမွာ တေကာင္လွ်င္ VND သန္း 100 မွ သန္း 200 အထိရွိပါတယ္ ။ ဒါေပမဲ့ ေရာင္းခ်ိန္ေရာက္တဲ့အခါ တန္ဖိုးက အဆမ်ားစြာ ရရွိပါတယ္ ။
ဒါေၾကာင့္လည္း မစၥတာ Loi က သူ႔ခႏၶာကိုယ္မွာ ေ႐ႊေခ်ာင္းမ်ားကို အၿမဲဝတ္ထားၿပီး သူေမာင္းတဲ့ကားဆိုရင္လည္း ေ႐ႊေရာင္ျဖင့္ ေတာက္ေျပာင္စြာ ဆင္ျမန္းထားၿပီး ဇိမ္က်မယ္ဆိုတာကို ထင္ရွားစြာျပသထားပါတယ္ ။ ယခုအခ်ိန္အထိ ဒီအမ်ိဳးသားရဲ႕ ပုံမ်ားကို လူမႈကြန္ရက္ စာမ်က္ႏွာမ်ားမွာ လူအမ်ား မွ်ေဝေနၾကဆဲ ျဖစ္ပါတယ္ ။ မစၥတာ Loi နဲ႔ ေတြ႕ဆုံခြင့္ရရန္ လူအမ်ားက ေမွ်ာ္လင့္ေစာင့္စားေနၾကပါတယ္ ။
JRose (KB Chimmy one)