ကူးစက်ရောဂါကြောင့် နိုင်ငံတစ်ဝှမ်းရှိ အလှပြင်ဆိုင်များနှင့် ဆံပင်ညှပ်ဆိုင်အများအပြားကို ယာယီပိတ်ထားခဲ့ရတာကြောင့် သင့်ရဲ့ဆံပင်တွေကို မမွမ်းမံနိုင်တော့သလို အလားတူ အိမ်မွေးတိရိစ္ဆာန်လေးတွေကလည်း အလှပြင်ဆိုင်တွေမသွားနိုင်တော့ဘဲ သင့်ကိုယ်တိုင် ၎င်းတို့ရဲ့ရှည်လျားလာတဲ့အမွေးတွေကို ညှပ်ပေးဖို့ ဖြစ်လာရတာပါဘဲ။ မကြာသေးမီက သခင်ဖြစ်သူမိခင် Susana Soares နဲ့ သူ့ရဲ့ဆံပင်အသစ်ပုံလေးတွေကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပြီးနောက် Mano လို့ခေါ်တဲ့ ချစ်စရာခွေးလေးဟာ လူပြောများသွားခဲ့ပါတယ်။ တစ်နေ့ Soares ဟာ Mano နှင့်အတူ လမ်းလျှောက်ထွက်တဲ့အခါ ၊ Mano လေးရဲ့မျက်နှာပေါ်ကအမွေးတွေ ရှည်လာတာကို သိလိုက်ရပြီးနောက် အိမ်မှာနေရင်း သူမရဲ့ခွေးလေးကို ဆံပင်ညှပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Soares ဟာ လူသားတွေအတွက် ဆံပင်စတိုင်လ်ပညာရှင်တစ်ဦးဖြစ်တာကြောင့် Mano အတွက်လည်း ဆံပင်ညှပ်ခြင်းက မမှားလောက်ဘူးလို့ သူမထင်နေခဲ့ပါတယ်။ ဒါပေမဲ့ သူမအထင်က မှားသွားခဲ့ပါတယ်။ သူမရဲ့လက်ကို ယုံကြည်ပြီး ဆံပင်ညှပ်ကတ်ကြေးကို အမြန်ဆွဲယူကာ ခွေးလေးကို ကူညီဖို့ ဆုံးဖြတ်ရင်း Soares ဟာ Mano ရဲ့ မျက်လုံးတွေကို ဆူးနေတဲ့ ဆံပင်ပြဿနာကို ဖြေရှင်းပေးခဲ့ပေမဲ့ သူမ အမှတ်မထင်ဖန်တီးပေးလိုက်တဲ့ bang ဟာ Mano က မှန်မပါဘဲ သူ့ကိုယ်သူ ဖြတ်ပစ်လိုက်သလိုမျိုး ၊Mano ကို ရယ်စရာကောင်းတဲ့အသွင်အပြင်အဖြစ်ပြောင်းသွားစေခဲ့ပါတယ်။
ထို့နောက် Susana က သူမရဲ့ကိုယ်ပိုင်လက်ရာကိုမြင်ပြီး ‘ရယ်မောရင်း ကြမ်းပြင်ပေါ် ပစ်လဲကျသွားတယ်’ သွားခဲ့ပါတယ်။ ဒါပေမဲ့ “ ဖြတ်ကနဲကြည့်ရတာ ရယ်စရာကောင်းပေမယ့် ကံကောင်းထောက်မစွာပဲ Mano လေးက သူ့ရဲ့ ‘ ပုံစံအသစ်ကို သဘောကျပါတယ်၊ အနည်းဆုံးတော့ သူ အရေီ့ကိုပြန်မြင်ရတာပါဘဲ ၊ သူ အဲ့တာကို ကြိုက်တယ်” လို့လည်း Soares က ဆိုခဲ့ပါတယ်။
Mano လေးရဲ့ဆံပင်ကေအသစ်က ရယ်စရာကောင်းပေမဲ့ တချက်တချက်ကြည့်ရင်တော့ ချစ်စရာကောင်းနေပေမဲ့လည်း လက်တည့်စမ်းလိုက်တဲ့ သခင်ဖြစ်သူ Soares ကတော့ သူမရဲ့လက်ရာကို လန့်သွားပြီး နောက်တစ်ကြိမ်ဆို ဆိုင်ဘဲ ရအောင် ခေါ်သွားတော့မယ်လို့ ကြိမ်းဝါးနေခဲ့ပါတယ်။ စာဖတ်သူတို့ကော အိမ်မှာ social distancing လုပ်ရင်း ဆံပင်ညှပ်ဖို့ အလွန်အမင်း လိုအပ်နေချိန်မှာ ဘာလုပ်ကြလဲဗျာ။
JRose (KB Chimmy one)
Reference : aubtu