စားသောက်ဆိုင်တွင် ထမင်းနှင့်ငါးကြော် မှာယူခဲ့ရာငါးမျှားချိတ်ကြီးပါလာ၍ ထိတ်လန့်သွားသော မိန်းကလေး

ငါးမျှားချိတ်သည် မတော်တဆ ငါးမျှားရင်း ပြတ်ကျန်နေခဲ့ပြီး လူတို့စားသုံးမိပါက မတွေးရဲအောင် ဖြစ်နေပါလိမ့်မည်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ မိန်းကလေးတစ်ယောက်သည် စားသောက်ဆိုင်တစ်ခုတွင် အဖော်နှင့်အတူ ထမင်းဝင်စားခဲ့ရာ အရသာကောင်းမွန်သည့် သူမအကြိုက် ငါးကြော်ကြွပ်ကြွပ်လေးတစ်ပွဲ မှာယူခဲ့သည်။

မိန်းကလေးခမျာ ဗိုက်ဆာဆာနှင့် စားမည်လုပ်ကာမှ ထင်မှတ်မထားပဲ ကြော်ထားသော ငါးတစ်ကောင်ဧ။် ပါးစပ်နားလေးတွင် ငါးမျှားချိတ်ကြီးတစ်ခု ချိတ်ပါလာသည်ကို တွေ့ရှိခဲ့၍ ထိတ်လန့်တုန်လှုပ်သွားရသည်။

မိန်းကလေးသည် အချိန်မှီစွာ ငါးမျှားချိတ်အား တွေ့ရှိခဲ့၍ အန္တရာယ်မကျရောက်ခဲ့သော်လည်း မတော်တဆ စားမိသွားပါက မတွေးရဲလောက်အောင် ကြက်သီးထ ကြောက်စရာကောင်းလှသည်။

မိန်းကလေးလည်း ဆိုင်ဝန်ထမ်းများအား ခေါ်ယူပြီး ပြခဲ့ပြီးနောက် ဆိုင်ရှင်မှ ဝန်ထမ်းများဧ။် ပေါ့ဆမှုအတွက် တောင်းပန်စကားဆိုခဲ့သည်။

Rain (For Ialinks)

Zawgyi







Rain (For Ialinks)

  • Leave a Comment

Categories