လွန်ခဲ့တဲ့ ၇ နှစ်က ကွယ်လွန်သွားခဲ့သည့် လူသားသူငယ်ချင်းကိုအလေးပြုနိုင်ရန်အတွက် ၎င်းရဲ့အုတ်ဂူဆီသို့ နှစ်စဉ်နှစ်တိုင်း ၁၂ နာရီကြာ လမ်းလျှောက်ထွက်ကြတဲ့ ဆင်အုပ်စုများ

ဆင်များက သိမ်မွေ့တဲ့ သတ္တဝါများဖြစ်တာကြောင့် သေဆုံးမှုအတွက် ငိုကြွေးမြည်တမ်းကြတာကို အားလုံးအသိပါဘဲ။ သို့ပေမဲ့ ၎င်းတို့ဟာ မိမိတို့ရဲ့မျိုးရိုးသေဆုံးမှုအတွက် နိုးနိုးကြားကြား ရပ်တည်နေရုံသာမကဘဲ ၎င်းတို့ကိုဂရုစိုက်တဲ့လူသားများအတွက်လည်း ရပ်တည်နေပုံရပါတယ်။ မကြာသေးမီက ဆင်အုပ်စုတစ်စုက ကွယ်လွန်သွားပြီဖြစ်တဲ့ ၎င်းတို့အား ကယ်ဆယ်ခဲ့သည့် Lawrence Anthony အမည်ရှိအမျိုးသားတစ်ဦးအား အလေးပြုရန် ၎င်းရဲ့အုတ်ဂူဆီသို့ နှစ်စဉ်နှစ်တိုင်း ၁၂ နာရီကြာ ခရီးနှင်ခဲ့ကြကြောင်း မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။ Lawrence ဟာ 1999 ခုနှစ်မှာ တောင်အာဖရိကရှိ Thula Thula Game Reserve တောရိုင်းမြေရဲ့ဂိတ်တံခါးများကို တောဆင်ရိုင်းများအတွက် ဖွင့်လှစ်ပေးခဲ့သူပါဘဲ။

အခြားအရံအတားများမှလွတ်မြောက်တဲ့ ၎င်းဆင်ရိုင်းများက အရိုင်းဆန်တာကြောင့် ၎င်းတို့အား ကိုင်တွယ်ဖို့လည်း မလွယ်ခဲ့ပါဘူး ။ ဒါပေမဲ့လည်း Lawrence က ဒီလိုကြီးကျယ်ခမ်းနားတဲ့သားရဲများကိုပြုစုပျိုးထောင်ရန် ခြေလှမ်းလှမ်းလာတာကြောင့် ၎င်းတို့ကို သူ့ကလေးတွေလို ဆက်ဆံပေးခဲ့ပါတယ်။ Lawrence ဟာ ၎င်းတို့ကို ဖြားယောင်းသွေးဆောင်ရန်နှင့် သူနှင့်သာဆို လုံးဝလုံခြုံကြောင်းပြသရန်အတွက် စကားလုံးများနှင့် အမူအရာများကိုလည်း အသုံးပြုခဲ့ပါတယ်။ Lawrence ဟာ ကျန်တဲ့ဆင်များ နှင့် ချိတ်ဆက်နိုင်ရန် Nana လို့ခေါ်တဲ့ဆင်မကြီးတစ်ကောင်ကို အဓိက အာရုံစိုက်ထားခဲ့ပါတယ်။

တစ်နေ့မှာတော့ Nana က ၎င်းတို့ရဲ့အိမ်ခြံစည်းရိုးကိုကျော်ပြီး Lawrence ရဲ့ကိုယ်ပေါ်သို့ သူမရဲ့ဆင်နှာမောင်းကိုတင်ဖို့ သူထံရောက်လာခဲ့တာကြောင့် Nana ဟာ သူ့ရဲ့အိမ်မွေးတိရိစ္ဆာန်စေချင်မှန်းသဘောပေါက်သွားပြီးနောက် ၎င်းတို့ရဲ့လှပတဲ့ဆက်ဆံရေးရဲ့အစကို အမှတ်အသားပြုခဲ့ကြပါတယ်။ ထိုအချိန်မှစပြီး ဆင်များက Lawrence နှင့် ဇနီးဖြစ်သူ Francois တို့ကို အလွန်ခင်တွယ်လာကာ Lawrence ကိုလည်း ၎င်းတို့ရဲ့ ဘဝ၊ သစ္စာစောင့်သိမှုနှင့် လွတ်လပ်မှုလို့ ထင်လာတဲ့အပြင် ၎င်းတို့နှင့်အလွန်နီးကပ်လာတဲ့ မိသားစုနဲ့ အကောင်းဆုံးသူငယ်ချင်းလို သတ်မှတ်လာခဲ့ကြပါတယ်။

နှစ်ပေါင်းများစွာ ဆင်များနှင့် အချင်းချင်း သံယောဇဉ်နှောင်ကြိုးများရှိခဲ့ကြပေမဲ့လည်း ကံမကောင်းစွာဘဲ Lawrence ဟာ 2012 ခုနှစ် မတ်လ 2 ရက်နေ့မှာ နှလုံးအမောဖောက်ကာ ကွယ်လွန်သွားခဲ့ပါတယ်။ အာမခံနှင့်အိမ်ခြံမြေလုပ်ငန်းဖြင့်လည်း အသက်မွေးဝမ်းကြောင်းပြုတဲ့ Lawrence ဟာ Nana နှင့် ကျန်ဆင်များအပြင် တိရိစ္ဆာန်မျိုးစုံကို ကယ်တင်ခဲ့ပြီး အာဖရိကန်သူပုန်များကိုပင် မြောက်ပိုင်းလက်ကျန်ကြံ့ဖြူများကို ပြုစုစောင့်ရှောက်ရန် ပြောဆိုနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ Lawrence ကွယ်လွန်သွားပြီးနောက်မှာ အဆိုပါ ကြီးကျယ်ခမ်းနားတဲ့ Nana နှင့်သူမရဲ့ဆင်အုပ်ကြီးက ၎င်းတို့ရဲ့လူသားသူငယ်ချင်းကို ဂါရဝပြုနိုင်ဖို့အတွက် သူ့အုတ်ဂူဆီသို့ ခရီးနှင်လာခဲ့ကြပြီး ၊ ၎င်းအလေ့အထကိုလည်း နှစ်တိုင်း ပြုလုပ်လာခဲ့ကြပါတယ်။

ဒါ့ပြင် Lawrence ကွယ်လွန်ခြင်းအကြောင်းကို ၎င်းဆင်များအား ဘယ်သူမှမပြောခဲ့ပေမဲ့ Nana ဦးဆောင်သည့်၎င်းဆင်အုပ်စုက Lawrence ရဲ့သေဆုံးမှုအကြောင်း သိနေခဲ့ကြပါတယ်။ ယနေ့မှာတော့ ၎င်း Thula Thula Game Reserve ဟာ သားဖြစ်သူ Dylan ရဲ့စောင့်ရှောက်မှုအောက်မှာရှိနေပြီး Dylan ဟာ ဖခင်ကိုယ်စား KwaZulu-Natal ရဲ့ စိုက်ပျိုးရေး၊ အင်ဂျင်နီယာနှင့် သိပ္ပံတက္ကသိုလ်မှချီးမြင့်တဲ့ ဂုဏ်ထူးဆောင် သိပ္ပံပါရဂူဘွဲ့ကိုလည်း လက်ခံခဲ့ပါတယ်။ ဆင်မကြီး Nana နဲ့ တခြားတိရိစ္ဆာန်များကတော့ Thula Thula Game Reserve မှာ ပျော်ရွှင်စွာ နေထိုင်နေကြဆဲဖြစ်ပါတယ်။

Mia (KB Chimmy one)

Reference : worldofbuzz

  • Leave a Comment

Categories