တိုက်ခန်းအပြင်ဘက်တွင် ကိုယ့်နည်းကိုယ့်ဟန်နှင့် သီးနှံစုံစိုက်ပျိုးခဲ့သော အသက် ၆၆နှစ်အရွယ် အဖိုးအို
စင်္ကာပူနိုင်ငံ Bukit Panjangရှိ တိုက်ခန်းအိမ်ရာတွင် နေထိုင်သော Steven Tanအမည်ရှိ အသက် ၆၆နှစ်အရွယ် အဖိုးအိုတစ်ဦးသည် စိုက်ပျိုးရေး ဝါသနာပါသော်လည်း လက်တွေ့စိုက်ပျိုးဖို့ရာကျ မြေကွက်လေးတစ်ခုပင် မပိုင်ဆိုင်ခဲ့ပါ။
ထို့ကြောင့် အဖိုးအိုသည် နေထိုင်ရာ တိုက်ခန်းအပြင်ဘက်တွင် သီးနှံများစိုက်ပျိုးရန် အကြံရခဲ့ပြီး ပန်းအိုးများနှင့်အတူ အိမ်ထဲကနေ စိုက်ပျိုးရင်း အပင်ရှည်လာသည့်အခါ ပြတင်းပေါက်အပြင်ဘက်ကို တွယ်တက်စေခဲ့သည်။
အဖိုးအိုဧ။် သီးနှံစိုက်ပျိုးခြင်းသည် တိုက်ခန်းတွင်ဖြစ်သော်လည်း ဘေးအိမ်နီးနားချင်းကို ထိခိုက်စေတာမျိုးမဖြစ်စေပဲ အပြင်ဘက်တွင် ဝါးတုတ်လေးတွေနှငိ့အတူ စင်ကလေးလုပ်ကာ အပင်များကြီးထွားစေသည်။
အဖိုးအိုသည် ကောင်းကင်ဥယျာဥ်လေးအဖြစ် အမည်ပေးထားပြီး ကြက်ဟင်းခါးသီးပင် ငရုတ်သီးပင် ဖရဲသီး ရွှေဖရုံသီး စပျစ်သီး ပန်းသီးစသည်တို့ကို စိမ်းလန်းစိုပြည်စွာနှင့် အောင်အောင်မြင်မြင် စိုက်ပျိုးနိုင်ခဲ့သည်။
Rain (For Ialinks)
Zawgyi
Rain (For Ialinks)
  • Leave a Comment
Categories