မကြာသေးမီက အာရှရဲ့ အချမ်းသာဆုံး ဘီလီယံနာ Mukesh Ambani ရဲ့ မြေးဖြစ်သူ အသက် ၃၀ နှစ် Jai Anmol Amban က ရုပ်ရှင်သရုပ်ဆောင်မင်းသမီး Krisha Shah လို့ လှပတဲ့ ချစ်သူနဲ့ တရားဝင် မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ် ။ ယခုအချိန်အထိ Ambani ရဲ့မိသားစုက ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲများကို ကျင်းပတဲ့ အစဉ်အလာကြောင့် နာမည်ကြီးနေပါတယ် ။
အထူးသဖြင့် သတို့သမီး Krisha Shah ရဲ့ မင်္ဂလာဝတ်စုံကို India နိုင်ငံမှ နာမည်ကြီး ဒီဇိုင်နာ Anamika Khanna မှ ပြုလုပ်ခဲ့တာပါ ။ ရိုးရာဆာရီကို နာမည်ကျော်အနုပညာရှင် Dolly Jain မှ လုံးဝလက်ဖြင့်ပြုလုပ်ထားပါတယ် ။ သတို့သမီးက လက်ဝတ်ရတနာများ၊ စိန်များနဲ့ ရွှေလက်စွပ်အားလုံးကို ဝတ်ဆင်ထားပါတယ် ။ ရိုးရှင်းတဲ့ မင်္ဂလာပွဲလို့ ဆိုကြသော်လည်း မင်္ဂလာပွဲရဲ့ အသေးစိတ်အချက်အလတ်တိုင်းကို ဂရုတစိုက်ကြည့်လိုက်ရင် အရာအားလုံးကို ထိမိခြင်းမှာ တန်ဖိုးအကြီးဆုံးဖြစ်ပါတယ် ။
မင်္ဂလာပွဲကို Ambani မိသားစုရဲ့ ကိုယ်ပိုင်ဗီလာမှာ အိန္ဒိယရိုးရာပုံစံဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါတယ် ။ နိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်များ အပါအဝင် ဧည့်သည်တော်များ တက်ရောက်ကြပါတယ် ။
လက်ရှိအချိန်မှာတော့ အာရှရဲ့ အချမ်းသာဆုံး ဘီလျံနာရဲ့ မြေးဖြစ်သူရဲ့ မင်္ဂလာဆောင် ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ ဝေမျှနေကြဆဲ ဖြစ်ပါတယ် ။ အရမ်းကံကောင်းတဲ့ သတို့သမီးလေးကိုပင် အားကျမိပါတယ် ။
JRose (Mckzone daily)
Reference : bestie