လမ်းလျှောက်တတ်ခါစ ၁၅လအရွယ်သမီးငယ်လေးက အပျင်းပြေလမ်းလျှောက်ဖို့အတွက် မြင်းကြီးတစ်ကောင်ကို ကြိုးဆွဲပြီးခေါ်သွားခဲ့သည့် ဗီဒီယိုကိုလူအများကမယုံနိုင်ဖြစ်နေရ

သာမန်အားဖြင့်လူ့ဘဝထဲကိုဝင်ရောက်လာသည်မှာ၁၅လအရွယ်သာရှိသေးသောကလေးသူငယ်တစ်ယောက်ကိုမိဘတို့က စိတ်မချနိုင်ဖြစ်နေပြီးမျက်စိအောက်ကပင်အပျောက်ခံနိုင်ကြလိမ့်မည်မဟုတ်ပေ။

ယခုတွင်တော့လမ်းလျှောက်တတ်ခါစအရွယ်၁၅လသမီးလေးကို ယုံကြည်စွာဖြင့်ခြံဝန်းထဲတွင် လမ်းလျှောက်ဖို့လွတ်ထားပေးသည့် မိဘတို့ကိုအံ့သြခဲ့ရပါတယ်။သမီးငယ်​လေးဟာ အိမ်ကမြင်းကိုလမ်းလျှောက်ရ၌အဖော်ရစေရန်အတွက်ကြိုးလေးကိုဆွဲပြီးခေါ်ဆောင်သွားခဲ့သေးတာဖြစ်ပါတယ်။

ထို့ကြောင့်ကလေး၏အပြုအမူကိုသဘောကျနေသောဖခင်ဖြစ်သူကဗီဒီယိုလေးရိုက်ကူးကာလိုင်းပေါ်တင်ခဲ့ရာမှလူအများကသဘောကျနေခဲ့ရတာဖြစ်ပါတယ်။လမ်းပင်သေချာမလျှောက်နိုင်သေးသည့်ကလေးဟာ မြင်းလေးကိုအဖော်ခေါ်ပြီးလမ်းလျှောက်သွားပုံလေးဟာချစ်စဖွယ်ကောင်းနေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories