အိမ်ဖော်အဖြစ်လုပ်ကိုင်ပြီး ကျောင်းထားပေးခဲ့သော မိခင်ဖြစ်သူကို အလုပ်အကိုင်အတည်တကျရှိချိန်တွင် နှင်းဆီပန်းတွေအပြည့်စိုက်ထားသောခြံလေးမှာ အိမ်သစ်လေးဆောက်ပေးခဲ့သော မိန်းကလေး

ဗီယက်နမ်နိုင်ငံမှ အသက်၂၄နှစ်အရွယ် မိန်းကလေးသည် သူမအရင်တုန်းက ဆင်းရဲနွမ်းပါးသောဘဝတွင် နေထိုင်ခဲ့ရပေမယ့် ကြိုးစားအားထုတ်မှုတို့ကြောင့် ကုမ္ပဏီရဲ့CEOဖြစ်လာခဲ့ပြီး တစ်နေ့စာ စားဖို့သောက်ဖို့အတွက် မပူပင်ရတော့ပေ။

မိန်းကလေးရဲ့ မိခင်ဖြစ်သူသည် သူများအိမ်တွေမှာ အောက်ကျခံ အနှိမ်ခံ အိမ်ဖော်အဖြစ် လုပ်ကိုင်ပြီးတော့ ကျောင်းထားပေးတာကြောင့် သူငယ်ချင်းတွေမှ ကဲ့ရဲ့ကြသော်လည်း ဂရုမစိုက်ပဲ စာကိုသာကြိုးစားသင်ယူခဲ့သည်။

ထို့နောက် မိန်းကလေးသည် မြို့ထဲသို့သွားရောက်ပြီး ဘဏ်အသေးစားလုပ်ငန်းနှင့် ပက်သက်၍ သေချာလေးလေ့လာခဲ့ပြီး အလုပ်မျိုးစုံလုပ်ကာ ကြိုးစားခဲ့၍ အောင်မြင်သော အသက်ငယ်ငယ်နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာရာ မိခင်ဖြစ်သူအတွက် ဇိမ်ခံအိမ်သစ်လေးတစ်လုံးအား ဆောက်လုပ်ပေးခဲ့ကာ ခြံဝန်းထဲတွင်လည်း မိခင်ဖြစ်သူအရမ်းကြိုက်သော နှင်းဆီပင်များစွာ စိုက်ပျိုးထားခဲ့သည်။

Hlaing (Love Feeling)

Zawgyi

အိမ္ေဖာ္အျဖစ္လုပ္ကိုင္ၿပီး ေက်ာင္းထားေပးခဲ့ေသာ မိခင္ျဖစ္သူကို အလုပ္အကိုင္အတည္တက်ရွိခ်ိန္တြင္ ႏွင္းဆီပန္းေတြအျပည့္စိုက္ထားေသာၿခံေလးမွာ အိမ္သစ္ေလးေဆာက္ေပးခဲ့ေသာ မိန္းကေလး

ဗီယက္နမ္ႏိုင္ငံမွ အသက္၂၄ႏွစ္အ႐ြယ္ မိန္းကေလးသည္ သူမအရင္တုန္းက ဆင္းရဲႏြမ္းပါးေသာဘဝတြင္ ေနထိုင္ခဲ့ရေပမယ့္ ႀကိဳးစားအားထုတ္မႈတို႔ေၾကာင့္ ကုမၸဏီရဲ႕CEOျဖစ္လာခဲ့ၿပီး တစ္ေန႔စာ စားဖို႔ေသာက္ဖို႔အတြက္ မပူပင္ရေတာ့ေပ။

မိန္းကေလးရဲ႕ မိခင္ျဖစ္သူသည္ သူမ်ားအိမ္ေတြမွာ ေအာက္က်ခံ အႏွိမ္ခံ အိမ္ေဖာ္အျဖစ္ လုပ္ကိုင္ၿပီးေတာ့ ေက်ာင္းထားေပးတာေၾကာင့္ သူငယ္ခ်င္းေတြမွ ကဲ့ရဲ႕ၾကေသာ္လည္း ဂ႐ုမစိုက္ပဲ စာကိုသာႀကိဳးစားသင္ယူခဲ့သည္။

ထို႔ေနာက္ မိန္းကေလးသည္ ၿမိဳ႕ထဲသို႔သြားေရာက္ၿပီး ဘဏ္အေသးစားလုပ္ငန္းႏွင့္ ပက္သက္၍ ေသခ်ာေလးေလ့လာခဲ့ၿပီး အလုပ္မ်ိဳးစုံလုပ္ကာ ႀကိဳးစားခဲ့၍ ေအာင္ျမင္ေသာ အသက္ငယ္ငယ္ႏွင့္ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္လာရာ မိခင္ျဖစ္သူအတြက္ ဇိမ္ခံအိမ္သစ္ေလးတစ္လုံးအား ေဆာက္လုပ္ေပးခဲ့ကာ ၿခံဝန္းထဲတြင္လည္း မိခင္ျဖစ္သူအရမ္းႀကိဳက္ေသာ ႏွင္းဆီပင္မ်ားစြာ စိုက္ပ်ိဳးထားခဲ့သည္။

Hlaing (Love Feeling)

  • Leave a Comment

Categories