လယ်လုပ်တဲ့အခါ ဖခင်ကိုသိပ်မပင်ပန်းစေလိုတာကြောင့် ထွန်စက်ပိုင်ဆိုင်ရဖို့အတွက် ကိုယ်တိုင်ဖရဲသီးစိုက်ပြီး ငွေရှာခဲ့တဲ့ ၁၁ နှစ်ကောင်လေး

မိဘဖြစ်လာပြီဆိုကတည်းက ငယ်ငယ်ရွယ်ရွယ်နဲ့ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်စေဖို့ သားသမီးတွေကို သင်ယူပေးနိုင်ဖို့က အလွန်အရေးကြီးပါတယ် ။ ဒီလိုမှသာ ကျွန်ုပ်တို့က မိမိတို့ကိုယ်တိုင် ယုံကြည်မှုရှိပြီး ဘဝမှာ ချမှတ်ထားတဲ့ ဘယ်ပန်းတိုင်ကိုမဆို အောင်မြင်နိုင်ဖို့ မဝေးတော့ဘူးလေ ။ ဒီလိုဆိုရင် အာဂျင်တီးနားနိုင်ငံ၊ ကွန်ကော်ဒီယာမြို့မှ (၁၁) နှစ်အရွယ် ကောင်လေး Francisco ကတော့ ငယ်ငယ်ကတည်းက ထွန်စက်ပိုင်ဆိုင်ဖို့ စိတ်ကူးထားခဲ့ပြီး လယ်သမားတစ်ယောက်အနေနဲ့ ဖခင်ရဲ့ခြေရာကို လျှောက်လှမ်းခဲ့ပါတယ် ။

Francisco ရဲ့မိဘများဖြစ်တဲ့ လော်ရာနဲ့ ခရစ်ယာန်တို့က မြေကွက်ငယ်ကို ပိုင်ဆိုင်ထားပါတယ် ။ တစ်နေ့မှာတော့ ကောင်လေးက လယ်ထွန်စက်ပိုင်ဆိုင်ဖို့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်အောင်ဆိုပြီး ဖရဲသီးစိုက်ချင်တယ်လို့ ပြောခဲ့ပါတယ် ။ “လယ်ကွင်းကိုသွားကြည့်ဖို့ မနက်ငါးနာရီဆိုရင် ထပြီ။” လို့ မိခင် လော်ရာက ပြောပါတယ် ။ သူ့မစ်ရှင်အောင်မြင်ဖို့ အတော်အတန်စတေးရပေမယ့် ကောင်လေးက သူ့အလုပ်အတွက် အချိန်အများကြီး မြှုပ်နှံထားပါတယ် ။

Francisco က သူ့ဖာသာ ဖရဲသီးကို စိုက်ပျိုးပြီး ပြင်းထန်တဲ့ မိုးခေါင်မှုကြောင့် ကောင်လေးက သူ့အပင်များကို တစ်နေ့လျှင် နှစ်ကြိမ်၊ နံနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ရေလောင်းပေးပါတယ် ။ သူ့ရဲ့မိဘများအဆိုအရ၊ ဖရဲသီးစိုက်ပျိုးတာက အလွန်ပျော်ရွှင်ကျေနပ်မှုခံစားရတဲ့ Francisco အတွက် ကြီးကျယ်သောအောင်မြင်မှုတစ်ခုဖြစ်ပြီး ကျယ်ပြန့်တဲ့ဧရိယာမှာ ဖရဲသီးကိုလည်း စိုက်ပျိုးရန်စီစဉ်ထားပါတယ် ။

“ငါ့သားက နောက်နှစ်ဆိုရင် ဆယ်ဟက်တာ စိုက်မယ်လို့ ပြောပါတယ်။ ဒီနှစ်က ကပ်ရောဂါကြောင့် ကျေးလက်မှာ အနည်းငယ်ပဲ လုပ်တယ်။ ဒါအပြင် သူ့ကျောင်းစာတွေလည်း ပျက်ကွက်မခံဘူး” လို့ မိခင် လော်ရာက ဂုဏ်ယူစွာဖော်ပြခဲ့ပါတယ် ။Francisco ရဲ့သတင်းဟာ ဆိုရှယ်မီဒီယာပေါ်မှာ အလွန်လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာဖြင့် ကြိုးစားမှု၊ ဇွဲလုံ့လနဲ့ စေတနာများစွာဖြင့် လုပ်ဆောင်မယ်ဆိုရင် အိပ်မက်တိုင်းက ကျွန်ုပ်တို့အတွက် ဘယ်လောက်ခက်ခဲပုံပေါ်ပါစေ အောင်မြင်ဖို့ ဖြစ်နိုင်ချေများပါတယ် ။

JRose (KB Chimmy one)

Reference : gtgoodtimes

  • Leave a Comment

Categories