မင်္ဂလာပါ။ ကြောင်လက်က လူလက်နဲ့ တူနေတယ်တို့၊ကားနောက်ကျောက ပိန်လိန်နေတာက ချစ်သူနှစ်ယောက် နမ်းနေတဲ့ ပုံနဲ့ သွားတူနေတယ် လို့ သင်မြင်မိတာကို တစ်ယောက်ယောက်ကိုများပြန်ပြောရင် သူတို့တွေက သင့်ကို လျှောက်ပြောနေတယ်လို့ပဲထင်နေကြမှာပါ။ ဒီလိုအရာတွေက တကယ်မှ မရှိတာကိုး..သင်ကလည်းတကယ်မြင်ခဲ့တဲ့ အတိုင်း ပြန်ပြောတာဖြစ်ပေမယ့် တကယ်တော့ ဒါတွေကသင့်ရဲ့အမြင်အာရုံကို လှည့်စားမှုတစ်ခုပါပဲ။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကလည်း သင့်ရဲ့အမြင်အာရုံတွေကို လှည့်စားထားတာဖြစ်လို့ သေချာဂရုစိုက်ကြည့်လိုက်ရင် ဝိုးခနဲ့ တောင် အံသြသွားစေနိုင်ပါတယ်။ဆက်လက်ပြီးတော့ ကြည့်ရှုလိုက်ကြပါအုံး။
(၁)
ကားနောက်ခြမ်း ထိခိုက်မိတာတောင် ချစ်သူနှစ်ဦး နမ်းနေတဲ့ ပုံမျိုး ပေါ်လာပါတယ်တဲ့ …
ကြည့်ရတာ ကားပိုင်ရှင်က တော်တော်လေး ရိုတဲ့ သူပဲဖြစ်ရမယ်။
(၂)
ဒီလို ချစ်စရာကောင်းတဲ့ ကြောင်လေးတွေကို တစ်ကောင်ထဲ မွေးရတာ မလုံလောက်ဘူးနော်။
နှစ်ကောင်တောင် ချစ်မဝပါဘူးနော်။
(၃)
ဒီကနေ့ရဲ့ မိုးလေဝသ ခန့်မှန်းချက် အစီအစဉ်ကို တင်ဆက်ပေးမှာကတော့ ကျွန်တော် ကြောင်လေးပဲဖြစ်ပါတယ်။
(၄)
ဟိုဘက်ခြမ်းကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့ သစ်ပင် လေးမှာတောင် ခုလို လုံအောင် ပုန်းနိုင်တာ မဆိုးဘူးနော်။
အခုလို ခေါင်းကြီးပဲ ပေါ်ပြီး ပြုံးပြုံးကြီး ဓာတ်ပုံ အရိုက်ခံနေတာတော့ ကြောက်ဖို့ ကောင်းတယ်လို့..
(၅)
ရာသီဥတု အေးတယ်လေ..တစ်ကောင်နှင့်တစ်ကောင် အခုလို ပူးကပ်အိပ်မှ အနေတော်ပဲ..
(၆)
ချည်ထုံး အကြီးကြီးတွေကို ထုံးနိုင်တာ တော်ရုံတန်ရုံ စိတ်ရှည်မှုနှင့်မရဘူးနော်…
(၇)
အခုလိုမျိုး အဝေးကနေ ကြည့်နေရင် ရုပ်ကြွနေအောင် သိုးမွှေးထိုးတတ်ချင်လိုက်တာ…
ဒီသိုးမွှေးကော်ဇော ထိုးထားသူကလည်း သိပ်ကို တော်တာပါပဲ။
(၈)
ဟိတ်ကောင် ..ခပ်တည်တည်ပဲနေ..မင်းကိုငါ့သခင်က ငါရဲ့အရိပ်ပေါ်နေတာလို့ ထင်မှာ..
သူလစ်ရင် မင်းကို ငါ ငါးကြော် ခိုးကျွေးမယ်။ဟုတ်ပြီလား..ခုတော့ ငြိမ်ငြိမ်နေလိုက်အုံး
(၉)
ညတွင်းချင်း ခန္ဓာကိုယ်ရှည်သွားတဲ့ ခွေးလေးပါ။
တကယ်တော့ ခွေးက နှစ်ကောင်ရှိတာပါ။ စောင်နှင့် ဖုံးနေလို့သာမမြင်ရတာပါနော်။
(၁၀)
နာမည်ကြီး လေပေါ်ဝဲ အစားအသောက်ပြင်ဆင်ထားပုံ
(၁၁)
ကျွန်တော်တို့ ခြံနောက်က ရေကန်လေးကို မနက်ပိုင်းမှာ တွေ့မြင်ရစဉ်….
အဝေးကနေ လှမ်းကြည့်လိုက်တော့ ကိုယ်ကပဲ ကောင်းကင်ပေါ် ရောက်နေသလိုမျိုးပဲနော်
(၁၂)
NASCAR ကားပြိုင်ပွဲ ဝင်တစ်ဦးက မသိရင်တော့ လေပေါ်မှာ ပျံနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ တကယ်တော့ မျက်စိကို လှည့်စားထားတာ သက်သက်သာ ဖြစ်ပါတယ်။
(၁၃)
ဒီနေ့မနက် ကျွန်တော့်ကားပေါ်က ကျထားတဲ့ မြူခိုးမှုန်လေးတွေ…
အခုလိုကြည့်လိုက်တော့ ကမ္ဘာလုံးကြီးရဲ့ဓာတ်ပုံလို့ မထင်မိကြဘူးလား
(၁၄)
မှန်မှန်ပြော…ဒီဓာတ်ပုံ က အကောင်တစ်ကောင်ရဲ့ ပုံလား ။ လူတစ်ယောက်ရဲ့ ပုံလား
(၁၅)
မြင်ဖူးနေကြနှင့်မတူတဲ့ Corvette ကားသေးသေးလေး။ တကယ်တော့ ဒါက မျက်လုံး အာရုံကို လှည့်စားလိုက်တာကြောင့် ကားက တကယ်သေးသွားတယ်လို့ ထင်သွားရတာပါ။
(၁၆)
ဒီအိမ်မှာနေထိုင်သူတွေ လမ်းဘယ်လိုများလျှောက်ကြလည်း သိချင်မိ…ပစ္စည်းတွေကတော့ လျှောမကျသွားဘူးလားမသိဘူးနော်။
(၁၇)
ကြောင်နတ်သမီးလေးများလား…
တကယ်တော့ မှန်ထဲမှာ ကြောင်ရဲ့ ပုံရိပ်နှင့် ကောင်းကင်ရဲ့ အရိပ်တို့ ရောပေါ်နေတာကြောင့် ခုလို အမြင်မှားရတာပဲဖြစ်ပါတယ်။
(၁၈)
တိုက်တိုက်ဆိုင်ဆိုင် မှဖြစ်တတ်လေခြင်း..
ခုလိုမျိုး ပင်စည်ရှိတဲ့ ခြုံပုတ် ဘယ်သူများ လိုချင်ကြတုန်း
(၁၉)
ကျောက်တုံးအကြီးကြီးတွေ ကြားထဲမှာ တစ်ကောင်တည်း ဆွေးနေတဲ့ ဆိတ်လေး..
မြင်ကော မြင်ကြရဲ့ လား ပရိသတ်တို့
(၂၀)
ဂေါ်ဖီကြော်ကို ကြည့်ရတာ ဥမင်လှိုဏ်ခေါင်းပုံ ပန်းချီဆွဲထားတာလေးနဲ့ တူနေရောနော်..
(၂၁)
သေချာကြည့်နော်
(၂၂)
ကလေးက တော်တော်နောက်တယ်
(၂၃)
လက်က အရှည်ကြီးပဲနော်
(၂၄)
ကော်ဖီခွက်ထဲက ထွက်လာတဲ့ အငွေ့တွေက
အားကောင်းသန်မာတဲ့ အရိပ်ကြီးတစ်ခုလိုပဲနော်။
(၂၅)
ကဲ…ဒီဓာတ်ပုံက နည်းနည်းတော့
ရှုပ်ထွေးစရာတွေ ဖြစ်နေပြီ။
(၂၆)
သင်္ဘောတွေတောင်မှ ကားလမ်းမပေါ်မှာ သွားလို့ရနေပြီလားဟင်…
ကြည့်ရတာ ကမ်းနားက လမ်းမကြီးဖြစ်ဖို့များပါတယ်။
(၂၇)
ကြည့်လိုက်ရုံနဲ့ သိပ်ကို စိတ်ရှုပ်ဖို့ကောင်းလွန်းတဲ့
ဓာတ်ပုံပဲဖြစ်ပါတယ်။
(၂၈)
နောက်ထပ် စက္ကန့်ဝက်လောက်သာနောက်ကျသွားရင် အခုလို အံ့သြစရာ ဓာတ်ပုံရမှာမဟုတ်ဘူး။
ဓာတ်ပုံလေးတွေအကုန်လုံးကိုကြည့်ပြီးပြီဆိုတော့ ဘယ်ပုံလေးကများ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ဆုံး ဖြစ်မလဲ။ ကိုယ့်ရဲ့ အတွေးအမြင်လေးတွေကိုလည်းမျှဝေခဲ့ကြပါအုံးနော်။
Ref:Brightside