မင်္ဂလာပါ။ကျွန်တောတို့တွေဟာ ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံလာချိန်ရောက်ရင် ကိုယ့်အားကိုယ်ကိုးပြီး အဖြေရှာကြရပါတယ်။တစ်ခါတလေမှာတော့ အခက်အခဲကြုံတွေ့ခြင်းမျိုးမဟုတ်ပေမဲ့လည်း တီထွင်ကြံဆလိုတဲ့ စိတ်နဲ့ မိမိရဲ့ စိတ်ကူးစိတ်သန်းတွေကို ဖော်ထုတ်ကြရပါတယ်။ကိုယ့်အတွေးနဲ့ ကိုယ်တော့ အားလုံးးအဆင်ပြေနေပေမဲ့လည်း တစ်ပါးသူရဲ့ အမြင်မှာတော့ ရယ်မောချင်စရာ ဖြစ်နေခဲ့တာတွေလည်း အများကြီးရှိကြမှာပါ။ ပရိတ်သတ်ကြီးအတွက် ကမ္ဘာတစ်၀န်းက လူအများရဲ့ အာဂတီထွင်ထားမှုများကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။
(၁)
ဒီကိတ်မုန့်ကို တီထွင်ထားသူရဲ့ အိုင်ဒီယာကတော့ အဆန်းပါပဲ။ခရင်မ် အဖြူရောင်တွေက တစ်ခုခုနဲ့ တူနေတာဖြစ်ပါတယ်။
(၂)
ကျွန်တော့သူငယ်ချင်းဖြစ်သူဟာ ခွေးကို ရေချိုးပေးနေစဥ်မှာ ငြိမ်ငြိမ်နေစေဖို့ နံရံမှာ ခွေးကြိုက်တတ်တဲ့ ယိုသုတ်ပေးထားတာဖြစ်ပါတယ်။
(၃)
မျက်စိခွဲစိတ်ပြီးသည့်နောက် ကျွန်တော့်အဖေတီထွင်လိုက်တဲ့ တက်ဘလက်ခ် အသုံးပြုနည်းဖြစ်ပါတယ်။
(၄)
မိန်းမ အိပ်နေတုန်းမုန့်ခိုးစားချင်နေပေမဲ့ အခုလိုမြင်တွေ့လိုက်ရတာကြောင့် ဗိုက်မဆာတော့ပါဘူး။
(၅)
စူပါမားကတ်မှာ အရောင်းသမားတွေ ဘေးနားကိုလာပြုံနေတာမျိုးကို ရှောင်ရှားဖို့အတွက် အဘိုးဖြစ်သူကတော့ ဒီလိုစတိုင်မျိုး၀တ်ဆင်သွားခဲ့ပါတယ်။
(၆)
‘
အခန်းဖော်သူငယ်ချင်းဖြစ်သူ ကတော့ ဖုန်းကိုထားနည်း အသစ်အဆန်းတစ်ခုကို တီထွင်ပေးလိုက်ပါတယ်။
(၇)
ပီဇာစားဖို့ဆိုင်ကမှာစားခဲ့ပေမဲ့ စားဖိုမှုးရဲ့ တီထွင်မှုက အရမ်းဆန်းသစ်နေသောအခါ။
(၈)
ခရစ်စမတ်ဘိုးဘိုးကြီးနဲ့တူအောင် စီစဥ်ထားတဲ့ ဘူးလေးတွေကိုတွေ့ရတာဖြစ်ပါတယ်။ဆိုင်ရှင်ကတော့ တော်တော့်ကို စိတ်ရှည်သူပါပဲ။
(၉)
ဒါကတော့ သင့်အိမ်မှာ နားငြီးလောက်အောင်ကို ဟောင်တတ်တဲ့ခွေးလေးတွေကို ပါးစပ်မှာ တပ်ထားပေးလို့ရတဲ့ ဘဲနှုတ်ခမ်းပုံစံ နှာခေါင်းစည်းပဲဖြစ်ပါတယ်။ကြည့်လိုက်ရင်တော့ နားငြီးသက်သာလို့ အဆင်ပြေပုံပေါက်ပေမဲ့ ခွေးလေးတွေရဲ့သဘာ၀ကို ဖီဆန်နေတာမို့ တကယ်တော့ သနားစရာကောင်းလှပါတယ်။
(၁၀)
6pack ရတဲ့အထိ အားကစားမလုပ်နိုင်လည်း ဒီခေတ်မှာတော့ စိတ်မညစ်နေပါနဲ့တော့ ဗိုက်သားမှာ ပုံဖော်ပေးနိုင်တဲ့ ကိရိယာရှိနေပါပြီတဲ့။
(၁၁)
ဟိုတယ်က ရေချိုးခန်းရဲ့ မှန်တံခါးမှာ အပြင်ကနေ လက်လှန်းပြိးဖွင့်လို့ရတဲ့ အပေါက်လေးဖောက်ထားတာဖြစ်ပါတယ်။
(၁၂)
ရေချိုးရင်း တက်ဘလက်ကိုသုံးရင် ရေထိပြီး တက်ဘလက်ပျက်စီးတတ်တယ်လို့ အဖေကမှာထားတာကြောင့် တတ်ဘလက်ကို အပြင်မှာထောင်ပြီး လှန်းကြည့်နေတဲ့ ကလေးလေး။
(၁၃)
ကလေးငယ်ရဲ့ စိတ်ကူး
(၁၄)
Lego အရုပ်လေးတွေကို ဒီလိုအသုံးပြုလို့ရမှန်း သိသွားခဲ့ပါပြီ။
(၁၅)
ဒီမုန့်က ဒီိလိုစားမှ အဆင်ပြေမှာပါကွာ။
(၁၆)
အောင်မငီး ပြုတ်ကျရင်တော့ မေးစေ့တွေ နာကုန်တော့မှာပါဲ။မေးစေ့ မေးစေ့
(၁၇)
ညီမလေးက သူမအိပ်ရာပေါ်မတက်ရသေးခင်မှာ မီးပိတ်ရတာကို မကြိုက်တာကြောင့် အိပ်ယာပေါ်ရောက်မှ ကြိုးနဲ့ဆွဲပြီး မီးပိတ်လို့ရအောင် ဒီလိုတီထွင်ထားခဲ့ပါတယ်။
(၁၈)
ဂျပန်နိုင်ငံမှာရှိတဲ့ အိမ်သာတစ်ခုဖြစ်ပါတယ်။အပေါ်ဖက်မှာ လက်ဆေးဘေစင်ပါ တစ်ပါတည်းပါအောင် တီထွင်ထားတာက သဘောကျစရာပါ။
(၁၉)
အလုပ်သမားတစ်ဦးဟာ ဘူးထဲကနွားနိုးတွေကို အခြားလူတွေ ယူသောက်မှာ စိုးတာကြောင့် ဘူးကိုယ်ထည်ပေါ်မှာ အန္တာယ်ဆိုင်းဘုတ်လေးပါ ရေးဆွဲပေးထားပါတယ်။
(၂၀)
မုတ်ဆိတ်မွှေးတွေ ရေပိုက်ထဲ၀င်ပြီး အပေါက်ပိတ်မှာကြောက်တာကြောင့် မုတ်ဆိတ်မွှေးကို ဒီလိုပဲ ရိတ်ဖြစ်ပါတော့တယ်။
(၂၁)
အကြွေစေ့တွေ ပြုတ်ကျမှာစိုးရင် ဒီလိုလေးညှပ်ထားလို့ရပါတယ်။
(၂၂)
မိန်းကလေးတွေ စကပ်အတိုအပြတ်လေးတွေ ၀တ်ချင်ပေမဲ့ လမ်းရောက်ရင် ကောင်လေးတွေ ကြည့်ကြမှာကို စိုးရိမ်နေကြတယ်ဆိုရင်တော့ ဒီခြေအိပ်လေးတွေကိုသာ ၀ယ်စွပ်ထားလိုက်ကြပါတော့။ခြေသလုံးမွှေးတွေနဲ့ ခြေထောက်ကြီးကို ဘယ်သူကမှ ကြည့်ကြမှာ မဟုတ်တော့တာ သေချာပါတယ်။
(၂၃)
ရေချိုးရင်း သီချင်းဆိုချင်သူများအတွက် မိုက်ကရိုဖုန်းပုံစံပြုလုပ်ထားတဲ့ ကိုယ်တိုက်ဖတ်။
(၂၄)
ရုံးမှာ တခါတလေ အလုပ်လုပ်နေရင်း တစ်ခုခု အရမ်းသောက်ချင်လာတဲ့အခါ ဥပမာ အရက်လိုမျိုး အရည်တစ်ခုခုကို နက်ကတိုင်ထဲမှာ ထည့်သိမ်းထားလို့ရနဲ့ အထူးပြုလုပ်ထားတဲ့ နက်ကတိုင် လည်စည်းဖြစ်ပါတယ်။ဘယ်သူမှ မသိအောင် သောက်လို့ရတာမို့လို့ တစ်ခုလောက်တော့ ၀ယ်ထားသင့်ပြီလို့ အကြံပေးပါရစေနော်။
(၂၅)
ကလေးလေးတွေ အတွက်တွန်းလှည်းကို လူကြီးတွေအနေနဲ့ တွန်းပြီးလမ်းလျှောက်ရုံတင်မဟုတ်ပဲ စကိတ်အဖြစ်စီးလို့ရအောင် တီထွင်ပေးတာတာဖြစ်ပါတယ်။မိဘတွေအဖို့ ခြေညောင်းသက်သာစေမှာ ဖြစ်ပါတယ်။
(၂၆)
အိမ်တံခါးကို ဆွဲချပြီးတော့ စားပွဲတင်တင်းနစ်လည်း ကစားလို့ရပါတယ်။
(၂၇)
ထီးဆောင်းထားရင်းကနေ အပြင်ကို မြင်နိုင်အောင်လို့ တီထွင်ပေးထားတဲ့ ထီးမျက်မှန်လေးဖြစ်ပါတယ်။အရမ်းမိုက်တဲ့ တီထွင်မှုလေးတစ်ခုပါပဲနော်။
(၂၈)
ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကိုပါ ဖော်ပြပေးနိုင်တဲ့ ခါးပတ်ဖြစ်ပါတယ်။
ပရိတ်သတ်ကြိးတို့ရော ဘယ်လို တီထွင်မှုတွေကို သဘောခွေ့ခဲ့ကြလဲဆိုတာကို sharing လုပ်ပေးသွားကြပါဦး။ကြည့်ရှုပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
Credit-Shwenyanshin