ယခုအကြောင်းအရာလေးကိုသာ မြင်တွေ့လိုက်ရမည်ဆိုပါက အလုပ်အကိုင်မရှိလို့ စိတ်ညစ်နေသူများအနေဖြင့် ထိုင်ငိုချင်စိတ်ပင် ပေါက်လာခဲ့မှာလည်းဖြစ်ပါတယ်။ကမ္ဘာကြီးပေါ်တွင် များပြားလှသော လူဦးရေတို့ကြောင့် အချို့လူသားတို့၏ဘဝသည် စားဝတ်နေရေးအတွက် အလွန်ခက်ခဲပင်ပန်းနေခဲ့တာဖြစ်ပါတယ်။
ယခုတွင်တော့ တိရိစ္ဆာန်တစ်ကောင်ပင်ဖြစ်နေခဲ့သော်လည်း အဆင့်မြင့်မြင်ဖြင့် ကမ္ဘာကြီးပေါ်တွင် သန်းကြွယ်သူဋ္ဌေးအနေဖြင့် နေထိုင်လျက်ရှိပါတယ်။ခွေးကလေး၏နာမည်ကတော့ Iggy Joeyဟုသိရပြီး လူမှုကွန်ယက်အကောင့်ဟာလည်း followerပေါင်း ၇၉၀၀၀အထိရှိပါတယ်။
ခွေးကလေးဟာ ကြော်ငြာမော်ဒယ်အနေဖြင့် အလုပ်များကို လက်ခံပြီး ရိုက်ကူးပေးနေတာဖြစ်ပါတယ်။ခွေးကလေးဟာ ပရိတ်သတ်အခိုင်အမာဖြင့် အောင်မြင်သောကြောင့် ဝင်ငွေတွေဟာလည်း အလွန်များပြားလှပါတယ်။
Shoon (Cele Daily)
Zawgyi
သာမန်လူတွေထက်ပင် ဝင်ငွေကောင်းပြီး အောင်မြင်ကျော်ကြားသော မော်ဒယ်အနေဖြင့် အောင်မြင်လာခဲ့ကာ သန်းကြွယ်သူဋ္ဌေးဖြစ်လာသည့် မော်ဒယ်ခွေးလေး
Shoon (Cele Daily)