ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ပြောင်းလဲပစ်နိုင်တဲ့အထိ ဆန်းသစ်လွန်းတဲ့ တီထွင်ဖန်တီးမှု ၁၉ ခု

မင်္ဂလာပါ။ ကျွန်တော်တို့တွေ လက်ရှိသုံးနေတဲ့ လက်ကိုင်ဖုန်းတွေဆိုတာဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က သိပ်ကိုရှားပါးလွန်းတဲ့ အရာဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပညာရှင်တွေက တီထွင်ဆန်းသစ်မှုတွေ ပြုလုပ်လာကြတဲ့အခါမှာတော့ လက်ကိုင်ဖုန်းသုံးစွဲသူတွေများလာပြီး ကမ္ဘာတစ်ဝှမ်း ပြောင်းလဲမှုတွေ အများကြီးဖြစ်ပေါ်လာခဲ့ရပါတယ်။ လက်ကိုင်ဖုန်းတီထွင်ဖန်တီးမှုလိုပဲ ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ပြောင်းလဲပစ်နိုင်တဲ့အထိ ဆန်းသစ်လွန်းတဲ့ တီထွင်ဖန်တီးမှု ၁၉ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သောက်သုံးရေကို ဝိုင်တစ်ခွက်အဖြစ် ပြောင်းလဲပစ်နိုင်မယ့် ဖန်ခွက်

စင်ကာပူနိုင်ငံက သိပ္ပံပညာရှင်တစ်ဦး ဖန်တီးလိုက်တဲ့ Vocktail ဆိုတဲ့ ဖန်ခွက်ဟာ အထဲကို ထည့်လိုက်တဲ့ ရေရဲ့ အရသာနဲ့အရောင်ကိုပါ ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။

(၂) စမတ်မျက်မှန်

Vue အမည်ရတဲ့ စမတ်မျက်မှန်ဟာ ဖုန်းခေါ်ဆိုနိုင်ခြင်း၊သီချင်းနားထောင်နိုင်ခြင်း၊မြေပံုံအညွှန်းကြည့်နိုင်ခြင်းနဲ့ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီနဲ့ လှုပ်ရှားမှုတို့ကိုပါ တိုင်းတာပေးနိုင်ခြင်းစတဲ့ အမိုက်စားလုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။

(၃) အိမ်မှာပဲ သွားသန့်ရှင်းရေး ပြုလုပ်နိုင်မယ့် သွားတိုက်တံ

Amabrush ဟာ ဆယ်စက္ကန့်အတွင်းမှာတင် သွားသန့်ရှင်းရေး အလုံးစုံကို ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ Amabrush ကို သုံးနည်းကတော့ သွားနဲ့ အံဝင်ခွင်ကျ နေရာတည့်အောင် ထားပေးပြီး မိမိဖုန်းရဲ့ဘလူးတုပ်သ်နဲ့ ချိတ်ဆက်သုံးစွဲလိုက်ရုံပါပဲ။

(၄) ပြောသမျှစကားလုံးတိုင်းကို စာသားအဖြစ် ပြောင်းလဲပေးနိုင်တဲ့စက်

Senstone အမည်ရတဲ့ စက်လေးကို ပါးစပ်နဲ့အနီးတစ်ဝိုက် လည်ပင်းနဲ့အင်္ကျီကော်လံ စတာတွေမှာ ချိတ်ဆွဲထားလိုက်ပြီး ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့တင် ကိုယ်ပြောလိုက်တဲ့စကားလုံးတွေရဲ့ ၉၇ရာခိုင်နှုန်းကို အတိအကျဖြစ်အောင် စာအဖြစ်ပြောင်းလဲပစ်နိင်ပါတယ်။

(၅) နှိူးစက်နာရီပါဝင်တဲ့ ခြေသုတ်ခုံ

Ruggie ကို ကိုယ့်ရဲ့အိပ်ရာနားတစ်ဝိုက်မှာ ခင်းထားလိုက်ပြီး သတိပေးချက်မြည်တာနဲ့ ခြေသုတ်ခုံအပေါ်ကို သုံးစက္ကန့်ကြာ မတ်တပ်ရပ်မှသာ သတိပေးသံက ပိတ်သွားမှာပဲဖြစ်ပါတယ်။

(၆) ပန်ကိတ်ပုံဖော်စက်

ကလေးတွေအတွက်တော့ ပန်ကိတ်ပုံဖော်စက်က သဘောကျစရာကောင်းလွန်းပါတယ်။

(၇) ရေသန့်စစ်အလွှာပါဝင်တဲ့ ရေဘူး

LifeStraw ဆိုတဲ့ ရေဘူးလေးဟာ ရေထဲမှာပါဝင်တဲ့ ဘက်တီးရီးယား ၉၉.၉ ရာခိုင်နှုန်းနဲ့ ဗိုင်းရပ်စ် ၉၆.၂ ရာခိုင်နှုန်းကို ဖယ်ရှားပေးနိုင်တဲ့ လုပ်ဆောင်ချက်ပါဝင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ရေသန့်မရှိတဲ့ နေရာတစ်နေရာကို ရောက်ရှိနေရင်တောင်မှ LifeStraw ရေဘူးပါလာရင် ဘယ်ရေကိုမဆို ရေသန့်အဖြစ် ပြောင်းလဲသောက်သုံးနိုင်ပါတယ်။

(၈) သက်တမ်းကုန်သွားရင် ဘူးအဖုံးအရောင်ပြောင်းတဲ့ ထုတ်ပိုးမှု

တကယ်လို့ ရေသန့်ဘူးအနေနဲ့အထဲမှာရှိတဲ့ရေတွေဟာ သောက်သုံးလို့မရနိုင်တော့ အချိန်ရောက်ပြီဆိုရင် ရေသန့်ဘူးအဖုံးက အရောင်ပြောင်းသွားမှာပဲဖြစ်ပါတယ်။

(၉) စမတ်လေကာမျက်နှာပြင်

Carloudy ဟာ စမတ်ဖုန်းနဲ့ ဘလူးတုပ်သ် စတာတွေနဲ့ ချိတ်ဆက်ထားရတာဖြစ်ပြီး မြေပုံအညွှန်းကို ပြသပေးနိုင်တာပဲဖြစ်ပါတယ်။

(၁၀) စမတ်ကုတ်အင်္ကျီ

Smart Parka ဆိုတဲ့ ကုတ်အင်္ကျီလေးကတော့ အပြင်ထွက်တိုင်း လက်အိတ်၊ဦးထုပ်စတာတွေကို မေ့ကျန်လေ့ရှိသူတွေအတွက် အကောင်းဆုံးသော ဖန်တီးမှုပါပဲ။ အင်္ကျီမှာများစွာသော အိတ်တွေပါဝင်ပြီး ကုတ်အင်္ကျီရဲ့ အရှည်အတိုကိုလည်း စိတ်ကြိုက်ထိန်းချုပ်နိုင်ပါတယ်။

(၁၁) အိတ်ဆောင်ရုပ်ရှင်ရုံ

ရုပ်ရှင်ကြည့်ချင်တဲ့အတွက်ကြောင့် ရုပ်ရှင်ရုံကို တကူးတက သွားစရာမလိုအပ်သလို ဘယ်လိုဒေသရောက်ရောက် ကိုယ်ပိုင်ရုပ်ရှင်ရုံကို သယ်သွားနိုင်ပါပြီ။ Capsule အမည်ရ အိတ်ဆောင်ရုပ်ရင်ရုံလေးဟာ ရုပ်ရှင်ကြည့်မယ်ဆိုရင် ၂.၅နာရီလောက်အထိ အသုံးခံပြီး အသံချဲ့စက်အဖြစ် သုံးမယ်ဆိုရင်တော့ နာရီ ၄၀ ကြာတဲ့အထိ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

(၁၂) အစွန်းအထင်းခံ Shirtအင်္ကျီ

Fooxmet အမှတ်တံဆိပ် Shirt အင်္ကျီဟာ ဟိုက်ဒရိုဖိုးဘစ် ချည်သားနဲ့ ပြုလုပ်ထားတာကြောင့် အရည်မျိုးစုံ အချဉ်ရည်စတာတွေကိုတောင် အစွန်းအထင်ခံနိုင်တာပဲဖြစ်ပါတယ်။နောက်ထပ် သဘောကျစရာတစ်ချက်ကတော့ အင်္ကျီကိုသေသပ်စေဖို့အတွက် မီးပူတိုက်စရာတောင်မလိုအပ်ပါဘူး။

(၁၃) လုံခြုံစိတ်ချရမှုအပြည့်နဲ့ ကျောပိုးအိတ်

LocTote ဟာ သွားလေရာသယ်သွားလို့ရတဲ့ မီးခံသေတ္တာတစ်ခုနဲ့တောင်တူပါသေးတယ်။ LocTote အိတ်ထဲမှာ ထည့်ထားတဲ့ အရာမှန်သမျှကို မီးနဲ့ရှို့ယူရင်တောင် လွယ်ကူမှာမဟုတ်ပါဘူး။

(၁၄) အီလက်ထရောနစ် ချိတ်

Mu Tag ကတော့ သင်မပျောက်ဆုံးချင်တဲ့ အိတ်၊သော့တွဲ၊ဖိုင် စတဲ့ မည်သည့်အရာမှာဆို ချိတ်ထားလိုက်ရုံနဲ့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို ပြောပြပေးနိုင်တဲ့ အီလက်ထရောနစ်ချိတ်တစ်ခုပဲဖြစ်ပါတယ်။

(၁၅) စိတ်ဖိစီးမှုတွေပြေပျောက်စေမယ့် ကုဗတုံး

တစ်စုံတစ်ခုကို စဉ်းစားနေချိန် စိတ်ရှုပ်တဲ့အခါ ဘောပင်ကိုက်ခြင်း၊စာရွက်ဖြဲခြင်းတို့ ပြုလုပ်တတ်သူတွေအတွက် အစားထိုး Fidget Cube လေးကို ဖန်တီးထားပြီးပြီပဲဖြစ်ပါတယ်။

(၁၆) လက်ထပ်ခြင်းဘရာစီယာ

ဂျပန်နိုင်ငံက တီထွင်လာတာဖြစ်တဲ့ ဘရာစီယာတစ်ခုမှာ မျက်နှာပြင်တစ်ခုပါဝင်ပြီး အဲ့ဒီမျက်နှာပြင်မှာတော့ ပိုင်ရှင်အမျိုးသမီး အသက်သုံးဆယ် ပြည့်ဖို့အတွက် ကျန်ရှိအချိန်တွေကို ဖော်ပြပေးထားပါတယ်။ လက်စွပ်ထည့်ဖို့အတွက် ခွက်လေးတစ်ခွက်လည်း ပါဝင်ကာ လက်စွပ်ကို ခွက်လေးထဲ ထည့်လိုက်တာနဲ့ ရေတွက်နေတဲ့အချိန်က ရပ်တန့်သွားမှာပါ။ ဘရာစီယာတီထွင်ရခြင်းရည်ရွယ်ချက်ကတော့ လက်မထပ်ခင် ကတိပေးထားကြလိုသူတွေအတွက် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

(၁၇) နားသန့်ရှင်းရေးကို ကိုယ်တိုင်လုပ်နိုင်မယ့် စက်

EarScope ဆိုတဲ့ စက်လေးသာရှိနေရင် နားသန့်ရှင်းရေးကို အကြိမ်ကြိမ်ပြုလုပ်နေစရာမလိုဘဲ ကိုယ်တိုင် စိတ်တိုင်းကျ ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ LED မီးနဲ့ မှန်ပြောင်းပါဝင်တာကြောင့် နားအတွင်းရှိအခြေအနေကို ကိုယ်တိုင်မြင်တွေ့ပြီး သန့်ရှင်းခွင့်ရမှာပါ။

(၁၈) အသားနာကျင်စရာမလိုဘဲ တက်တူးရိုက်နှိပ်စက်

ကိုယ့်ရဲ့ အသားပေါ်မှာ ကြိုက်နှစ်သက်တဲ့ မည်သည့်ဒီဇိုင်းကိုမဆို ပုံနှိပ်စက်မှာ ရိုက်လိုက်သလို တက်တူးရိုက်နှိပ်နိုင်မှာပဲဖြစ်ပါတယ်။ ဈေးဆိုင်သွားရင်တောင်လိုအပ်တဲ့ ပစ္စည်းစာရင်းတွေကို လက်ပေါ်မှာ moodINQ နဲ့ရိုက်နှိပ်ပြီး မှတ်သွားလို့တောင် ရပါသေးတယ်။

(၁၉) တို့ထိစရာမလို အိတ်ပိတ်စက်

ပစ္စည်းတွေကို အကုန်မသုံးစွဲနိုင်တဲ့သူတွေအတွက် ဒီစက်အသေးလေးကတော့ အတော်လေးကို အသုံးဝင်မှာပါ။ iTouchlessဟာ မကုန်တဲ့ မုန့်နဲ့ ပစ္စည်းအထုပ်တွေကို အလေ့အလွင့်မရှိအောင် သိမ်းဆည်းပေးနိုင်တဲ့ အသုံးဝင်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။

ဖော်ပြပေးခဲ့တဲ့ တီထွင်ဖန်တီးမှ ၁၉ခုဟာ ကျွန်တော်တို့ရဲ့ စိတ်ကူးအတော်အများကို ပြည့်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ပရိသတ်တွေအတွက် အသုံးတည့်လောက်မယ်ထင်တဲ့ ဖန်တီးမှုတစ်ခုကိုလည်း ပြန်လည်မျှဝေပေးခဲ့ကြအုံး။

Ref:Brightside

Credit-celeguru

  • Leave a Comment

Categories