သင့်ရဲ့နှလုံးသားထဲသို့ ခုန်ဝင်သွားစေမည့် ချစ်စရာအကောင်းဆုံး ဇာတ်လမ်းတစ်ခုရှိနေပါတယ်။ ဤဇာတ်လမ်းဟာ Kangaroo Sanctuary Alice Springs ဟုခေါ်သော သြစတြေးလျသားပိုက်ကောင်ဘေးမဲ့တောမှ ပေါ်ထွက်လာတာပါ။ ၎င်းသားပိုက်ကောင်ဘေးမဲ့တောကို 2006 ခုနှစ်၌စတင်တည်ထောင်ခဲ့ပြီး ၎င်းဟာ သားပိုက်ကောင်များကို တောထဲပြန်ဝင်စေရန် မျှော်လင့်ချက်များဖြင့် ကယ်ဆယ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းများအတွက် ရည်စူးထားပါတယ်။ သားပိုက်ကောင်တွေဟာ တောထဲပြန်မသွားနိုင်တော့တဲ့အခါ ၎င်းတို့ဟာ 188 ဧကကျယ်တဲ့ ခိုအောင်းရာနေရာတွေမှာ အေးချမ်းစွာ နေထိုင်ကြရပါတယ်။
၎င်းဘေးမဲ့တောဟာ အများပြည်သူ၊ ကျောင်းကလေးအုပ်စုများနှင့်ဧည့်သည်များကို လမ်းညွှန်ပေးသည့်နေဝင်ချိန်ခရီးစဉ်ကို ပံ့ပိုးပေးခြင်းဖြင့် ဤချစ်စရာကောင်းတဲ့သတ္တဝါများအကြောင်း အသိပညာပေးပါတယ်။ Abagail ဟာ ယခင်က မိဘမဲ့ သားပိုက်ကောင်ဖြစ်ပြီး ယခုအခါ ဘေးမဲ့တောရဲ့အကြောင်းပြချက်ဖြင့် ၎င်းမှာ အမြဲတမ်းနေထိုင်နေသလို သူမရဲ့ချစ်ဖို့ကောင်းတဲ့အပြုအမူကြောင့်လည်း ကမ္ဘာ့ ချစ်ဖို့အကောင်းဆုံးတိရိစ္ဆာန်စာရင်းထဲဝင်နေပါတယ်။ သူမဟာ ဘေးမဲ့တောမှာ ဆယ်စုနှစ်တစ်ခုကျော်နေလာခဲ့ပေမဲ့လည်း၊ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ကြောင်းနှင့် ကျေးဇူးတင်ကြောင်းပြသရန် ဘယ်သောအခါမှ တစ်ရက်တစ်လေတောင် မပျက်ကွက်ခဲ့ဖူးပါဘူး။
Abi လို့ လူသိများတဲ့ Abagail လေးဟာ ၎င်းတို့သိဖူးသမျှတွင် အချစ်ခင်ရဆုံး သားပိုက်ကောင်များထဲမှ တစ်ကောင်ဖြစ်ကြောင်း ကယ်ဆယ်ရေးသမားများကတောင် ဆိုထားပါတယ်။ Abi လေး ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာ သူ့ရဲ့စောင့်ရှောက်သူ Joey အား နွေးထွေးတဲ့ပွေ့ဖက်မှုပေးနေတဲ့ဗီဒီယိုကိုကြည့်ရင် သိနိုင်ပြီး Abi ဟာ ကယ်တင်ခြင်းခံရပြီးကတည်းက နေ့စဉ်နေ့တိုင်း စောင့်ရှောက်သူတွေကို ထိုနည်းတိုင်း နွေးထွေးစွာ ပွေ့ဖက်လာပေးခဲ့တာပါ။ ဤချိုမြိန်သောပုံပြင်မှ ကျွန်တော်တို့တွေ့မြင်နိုင်သည်အတိုင်း၊ တိရစ္ဆာန်အားလုံးဟာ အမှန်တကယ် ချစ်မြတ်နိုးပြီး အပြန်အလှန်ချစ်ခြင်းကိုသာ လိုလားကြပါတယ်။
ဤကဲ့သို့သော တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောများက ၎င်းတို့၏ သဘာဝနေရင်းနေရာများ၌ ခြိမ်းခြောက်ခံနေရသော တိရစ္ဆာန်များအတွက် အရေးကြီးသော ဘေးကင်းလုံခြုံတဲ့နေရာတစ်ခုကိုပေးစွမ်းစေပါတယ်။ သားပိုက်ကောင်များက ဩစတေးလျရဲ့အထင်ကရတိရိစ္ဆာန်များထဲမှ အချို့ဖြစ်ပေမဲ့လည်း၊ မြို့ပြချဲ့ထွင်ခြင်းနှင့် ကျွဲနွားစားကျက်ကြောင့် ၎င်းတို့ဟာ နေအိမ်များ ဆုံးရှုံးခြင်းမှလည်း အန္တရာယ်ရှိနေပါတယ်။
ကျေးဇူးတင်စွာနဲ့၊ ဤတိရိစ္ဆာန်လေးတွေကို ဒုတိယအကြိမ်အခွင့်အရေးပေးရန်အတွက် ဤကဲ့သို့သောခိုအောင်းရာနေရာများရှိနေခြင်းကြောင့် Abagail လေးက အလွန်ကျေးဇူးတင်ကြောင်း ထင်ရှားနေတာပါဘဲ။
Mia (KB Chimmy one)
Reference : animal